ဩဂုတ် ၆၊ ၂၀၂၅
Shy V (VOM)
မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်၊ ယူနန် – မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုဖြစ်တဲ့ မူဆယ်၊ ကျင်စန်းကျော့ လမ်းကြောင်းနဲ့ ချင်းရွှေဟော် လမ်းကြောင်းကနေ လစဉ် အကြိမ်ရေ ထောင်ချီ ကုန်သွယ်နေကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုဆုံရာ သိန္နီမြို့ဟာ နယ်စပ်ကုန်သွယ်ရာ ဗဟိုချက်ဖြစ်လာတာကြောင့် MNDAA ရဲ့ ဘဏ္ဍာရေးဌာန စစ်ဆေးရေးဂိတ်စခန်းများစွာကို ဖွင့်လှစ်ခဲ့ပြီး ၂၄ နာရီ ကုန်သွယ် သွားလာနိုင်ဖို့ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
ကုန်စည် တွေကို ဘေးကင်းဖို့ စစ်ဆေးလမ်းပန်းဆက်သွယ်ရေး အဆောက်အအုံ တွေကို ထိန်းသိမ်းဖို့ လမ်း၊ တံတား အခ ကြေးငွေတွေ ကောက်ခံတယ်လို့လည်း ပြောပါထားပါတယ်။
“မန္တလေးဘက်က ကုန်တွေ တင်လာတယ်။ အတက်ကုန်က ဘာမှ အရှုပ်အရှင်း မရှိဘူးလေ။ တရားဝင် အခွန်ဆောင်ပြီး တက်လာတာ” လို့ ကုန်တင် ယာဉ်မောင်းတယောက်က ပြောပါတယ်။
အစိုးရ လိုင်စင်ကားတွေက လိုင်စင် သီးသန့် စစ်တာမျိုးမရှိပဲ MNDAA တပ်ဖွဲ့ ဆီမှာ အခွန်တောင့် ဆောင်ရတာရှိတယ်လို့ သူက ပြောပါတယ်။
လာားရှိုးမြို့ရှောင်လမ်းက ကျိုးထားတဲ့ တံတားတွေက သံဘောင်ယာယီ တံတားပဲ ရှိဝာကြောင်း တရားဝင် အခွန်ဆောင်ပြီး တင်ပို့ကုန်တင်လာတဲ့ ကားတွေကတော့ လားရှိုးမြို့တွင်းကနေ ဖြတ်သန်းသွားလာနထုင်ဖို့ အချိန်ကန့်သတ်ပေးထားတယ်လို့ဆိုပါတယ်။
“အဆင်းကုန် က စစ်တယ်။ တင်းကြပ်တယ်။ ခါလီပဲ ဆင်းလာတယ်။ အတက် ပြောင်းတင်တယ်” လို့ နောက်ထပ် ကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။
တရုတ်ဘက်က သွင်းကုန်တွေက တရုတ်ကားတွေနဲ့ တိုက်ရိုက်ဝင်တာတွေလည်း လမ်းမှာ အများအပြားတွေ့ရတယ်၊ လားရှိုးထိ ဝင်တယ်လို့ ယူဆရတယ်လို့ သူက ပြောပါတယ်။
တရုတ်ဘက် အဓိက ပို့ကန်တွေကတော့ စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ စပါး၊ ပဲမျိုးစုံ နဲ့ တိရစ္ဆာန် အနည်းအကျဉ်း ဖြစ်ပြီး လစဉ် အကြိမ်ရေ ထောင်ချီတင်ပို့ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်က အဓိက တင်သွင်းကုန်တွေကတော့ နေ့စဉ်သုံးကုန်တွေ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဖြစ်ပြီး လစဉ်အကြိမ်ရေ နှစ်ရာမှ သုံးရာအထိ ရှိဝယ်လို့ ဖော်ပြထားပါတယ်။
ယူနန် – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းဖုစ်တဲ့ မူဆယ် ကျင်စန်းကျော့ – မန်မန်း၊ ရွှေလီ လမ်းကြောင်းနဲ့ ချင်းရွှေဟော် – မိန်းတိန်၊ လင်ချန်း လမ်းကြောင်းတွေကနေ ကုန်စီတွေ စီးဆင်းနေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
MNDAA ရဲ့ အခွန်ဦးစီးဌာနက သိန္နီ ခရိုင်အတွင်း စစ်ဆေးရေးဂိတ်စခန်း ခြောက်ခု ဖွင့်လှစ်ထားပြီး လက်ရှိ စစ်ဆေးရေး ဂိတ်စခန်းအားလုံး ၂၄ နာရီ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးဇုန် တွေကို MNDAA မသိမ်းပိုင်ခင်ကာလက နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ တရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ သုံးသန်း ဝန်းကျင် ကုန်သွယ်မှုရှိကြောင်း နယ်စပ်ကုန်သွယ်ရေးဇုန်တွေရဲ့ မှတ်တမ်း အချက်အလက် တွေအရ သိရပါတယ်။
Photo Crd# The Kokang