ကိဗ်ယက်၊ ဩဂုတ်-၁၇-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရုရှားက သဘောတူဖို့ ငြင်းဆိုမှုကြောင့် စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတွေ ရှုပ်ထွေးစေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားဘက်က စစ်ရပ်စဲရေးတောင်းဆိုမှုတွေကို ငြင်းပယ်နေပြီး သတ်ဖြတ်မှုတွေရပ်တန့်ဖို့ အချိန်မသတ်မှတ်တာကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
လာမယ့် တနင်္လာနေ့မှာတော့ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဖို့ ဝါရှင်တန်ကို သွားရောက်မှာဖြစ်ပါတယ်။ ထရန့်တော့ ငြိမ်းချမ်းရေးသဘောတူညီချက်တခုကို လက်ခံဖို့ ဇီလန်စကီးကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးထက် အမြဲတမ်းငြိမ်းချမ်းရေးသဘောတူညီချက်တခုကို တခါတည်းရယူဖို့ ရည်ရွယ်ထားတယ်လို့ ထရန့်က ပူတင်နဲ့ အလာစကာမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။ ဇီလန်စကီးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ထရန့်နဲ့ တယ်လီဖုန်းဆက်သွယ်ရာမှာ ပြောဆိုခဲ့ပြီး တိုက်ခိုက် သတ်ဖြတ်မှုတွေ ရပ်ရမယ်လို့ ပြောပါတယ်။
ယူကရိန်းတပ်တွေ အနေနဲ့ ဒွန်နက်စ်ခ်ဒေသမှ ရုပ်သိမ်းဖို့ပါဝင်တဲ့ ရုရှားသမ္မတပူတင် တောင်းဆိုတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တရပ်ကို ထရန့်က ရရှိခဲ့တယ်လို့ သတင်းတွေ့က ဆိုပါတယ်။ ယူကရိန်းသမ္မတကတော့ ဒွန်နက်စ်ခ်ဒေသဟာ ရုရှားရဲ့ နောင်တချိန်တိုက်ခိုက်မှုတွေအတွက် အခြေပြုနေရာအဖြစ် အသုံးပြုနိုင်တာကြောင့် ဒီတောင်းဆိုမှုကို ပယ်ချထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းမှ ကရိုင်းမီးယားဒေသကို တရားမဝင်သိမ်းပိုက်ခဲ့ပြီး ရှစ်နှစ်အကြာ ၂၀၂၂ ခုနှစ်မှာတော့ ယူကရိန်းကို အပြည့်အဝကျူးကျော်စစ်ဆင်နွှဲခဲ့ပါတယ်။ ဒွန်ဘတ်စ်ဒေသကို မိမိနယ်မြေအဖြစ် အခိုင်အမာဆိုထားပြီး လူဟန်စ်ခ်ဒေသ အများစုနဲ့ ဒွန်နက်စ်ခ်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ရုရှားက ထိန်းချုပ်ထားပါတယ်။
Ref:BBC
Photo:Getty Images
ရုရှားကြောင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရှုပ်ထွေးစေတယ်လို့ ဇီလန်စကီးပြော
