ရွေးကောက်ပွဲ ဥပဒေရဲ့ ပွဲဦးထွက် တောင်ကြီးက အမျိုးသားတ​ယောက် ​ဈေးဦး​ပေါက် ဖမ်းဆီးခံရ

ဩဂုတ် ၂၆၊ ၂၀၂၅
Shy V (VOM)
​တောင်ကြီးက အမျိုးသား တယောက် ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးခံရကြောင်း ဒေသခံတွေနဲ့ စစ်တပ်ထောက်ခံ အင်အားစုတွေရဲ့ မီဒီယာတွေကနေ သိရပါတယ်။
” လားရှိူးမှာ ကားလုခံရတာက ရပ်ကွက် ၅ မှာ ဟုတ်တယ်။ အဲလိုဖြစ်တော့ လုံခြုံရေးကင်းမဲ့ဇုန်ဖြစ်‌ေကြာင်းဝေဖန်တာ။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား ဆိုပြီးတော့လိုင်း‌​ပေါ် တင်ထားတာကို ရွေးကောက်ပွဲနှောင့်ယှက်မှု ဥပဒေဖမ်းပြီး အမှုဖွင့်‌ ခံရတယ် လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လားရှိုး ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ယောက် အိမ်ရှေ့ လမ်းဘေးချရပ်ထားတဲ့ ကားကို ကားမောင်း အမျိုးသမီးကို တွဲချ လုယက်သွားကာ အဲဒီ အမျိုးသမီးရဲ့ ခြေထောက် တဖက်ကိုလည်း ပစ္စတို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်။ အဲဒီလို လုယက်မှုတွေကို လုံခြုံမှု မပေးနိုင်ပဲ ပြည်သူတွေဆီက မဲကျတော့ ရချင်တယ် ဆိုတဲ့ သဘော ဝေဖန် ရေးသားထားတာလို့ သိရတယ်လို့ သူက ပြောပါတယ်။
စစ်တပ် ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖမ်းဆီးဖို့ လှုံ့ဆော်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
“Lashio Baegyi” Facebook Account မှ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းရေးသား ဖြန့်ဝေထားကြောင်း သိရှိရလို့ Facebook Account ပိုင်ရှင်အား တာဝန်ရှိသူတွေ ရှာဖွေစစ်ဆေးခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက်(၁)၊ အမှတ် (၄၄/၅၇) နေ နေသွေး ၃၆ နှစ်ကို နေအိမ်မှာ အသင့်တွေ့ရှိခဲ့တယ်လို့ စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်မှာ ​ေရးသား ထားပါတယ်။
အဲဒီ နေ​ေသွး ကိုင်ဆောင်တဲ့ Xiaomi Civi-1 အမျိုးအစားဖုန်းကို စစ်ဆေးခဲ့တာမှာ လူမှုကွန်ရက်မှာ “Lashio Baegyi” Facebook Account ဖွင့်လှစ်ထားပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန် လူမှုကွန်ယက်မှာ ရေးသားဖြန့်ဝေထားတာကို စစ်ဆေးတွေ့ရှိရလို့ အေးသာယာနယ်‌မြေရဲစခန်းမှ ပြစ်မှုပုဒ်မ – ၂၃(က)နဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရတယ်လို့ ဖော်ပြထားပါတယ်။
လားရှိုးမြို့မှာတော့ မကြာခဏ ကားအပြင် ဆိုင်ကယ်တွေပါ မကြာခဏ လုယက်မှု ဖြစ်ပွားနေပြီး လုယက်သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသ​လောက် ဖြစ်​နေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW