အမေရိကန်မှာ ဖမ်းဆီးခံရတဲ့ ဟွန်ဒိုင်းစက်ရုံ အလုပ်သမားတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်ရ

ဆိုးလ်၊ စက်တင်ဘာ-၈-၂၀၂၅
ရတီ(VOM)
အမေရိကန်နိုင်ငံ ဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံကို လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုအတွင်း ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
လုပ်စဉ်စဉ်တွေ ပြီးမြောက်ရင် ဖမ်းဆီးခံရသူတွေကို ပြန်လည်ခေါ်ဆောင်ဖို့ စင်းလုံးငှားလေယာဉ်တစင်း စေလွှတ်မယ်လို့ တောင်ကိုရီးယားသမ္မတရုံးအကြီးအကဲက ပြောပါတယ်။ နောက်နောင်မှာ ဒီလိုဖြစ်စဉ်တွေကနေ ကာကွယ်ဖို့ အာဏာပိုင်တွေဟာ ဗီဇာစနစ် မြှင့်တင်ဖို့ ကြိုးစားနေကြောင်း သူက ပြောပါတယ်။
အမေရိကန်နိုင်ငံရှိ အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များထဲမှ တခုဖြစ်တဲ့ ဟွန်ဒိုင်း ဘက်ထရီစက်ရုံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း တွေ့ရှိတယ်ဆိုကာ တောင်ကိုရီးယားနိုင်ံငံသား ၃၀၀ ကျော်ကို အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းဟာ ဒီကနေ့မှာ အမေရိကန်ကို သွားရောက်မယ်လို့ နှစ်နိုင်ငံ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အိမ်ဖြူတော်ကတော့ ဟွန်ဒိုင်းစက်ရုံ ဝင်ရောက်စီးနင်းမှုကို ကာကွယ်ပြောဆိုခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဟန့်တားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း “အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအားလုံးကို ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်” လို့ ပြောပါတယ်။
ရေတို သို့မဟုတ် အလည်အပတ်ဗီဇာနဲ့ လာရောက်သူတွေဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်မရှိဘူးလို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW