စက်တင်ဘာ ၂၄ ၊ ၂၀၂၅
GG (VOM)
မွန်ပြည်နယ် ၊ လမိုင်းမြို့နယ်၊ ကုန်းပေါ်သစ်ရွာမှာ ဘောလုံးပွဲကြည့်နေတဲ့ ကျောင်းသားတွေအပေါ် အုတ်တံတိုင်းပြိုကျလို့ ကျောင်းသားသုံးယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၄ ရက်နေ့ညနေပိုင်း ၃ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ရပ်ကွက်စုပေါင်းကန်တဲ့ ဘောလုံးပွဲကိုကြည့်နေစဥ် မိုးသည်းထန်စွာရွာသွန်းပြီး ဘုန်းကြီးကျောင်းရဲ့အုတ်တံတိုင်းနံရံပြိုကျခဲ့တဲ့အတွက် ဘောလုံးပွဲကြည့်သူတွေထဲမှာ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ကျောင်းသားတွေ ဘောလုံးပွဲကြည့်ကြတာ အုတ်တံတိုင်းပြိုကျပြီး ကလေးတွေပိကုန်တာ။ဝုန်းဒိုင်းကြီးပြုကျတော့ ထွက်ပြေးသူပြေး၊မပြေးသူကပိကြတာပေါ။ သေတာမှာ နှစ်ယောက်ကနေရာမှာပွဲချင်းပြီးဆုံးသွားတယ် ။တ ယောက်ကဆေးရုံရောက်မှဆုံးသွားတယ်။ဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးလုပ်ရတော့ ကျောင်းဘယ်နှစ်တန်းတွေလဲဆိုတာ မမေးလိုက်ရတော့ သေချာမသိဘူးခင်ဗျ။ကျောင်းသားတွေကတော့ငယ်ငယ်လေးပဲ။ ” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ နှစ်ကရင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသားတွေက ကုန်းပေါ်သစ်ရွာကဖြစ်ပြီး အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ်ရှိကလေးတွေဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို လမိုင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
‘
ထိခိုက်ဒဏ်ရာရရှိသူတွေကလည်း ကျောင်းသားတွေဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရလောက်အထိ ဒဏ်ရာပြင်းထန်တာမျိုးမရှိကြောင်း သိရပါတယ်။
ဓာတ်ပုံ – နှစ်ချင်းကရင်အသင်း
