မန္တလေး၊ စက်တင်ဘာ- ၂၇- ၂၀၂၅
SA(VOM)
စာရေးဆရာ သင့်နော်(ခ) ဦးသန်းဌေး အသက် ၇၈ နှစ်ဟာ ကျောက်ကပ်ရောဂါကို ကုသနေရင်း ဒီနေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတခုမှာကွယ်လွန်ခဲ့ပါတယ်။
ဆရာ့ရဲ့ စျာပနကို တနင်္လါနေ့ မနက် ၁၀ နာရီ အေးရိပ်ငြိမ်သုဿာန်မှာ ဂူသွင်းသဂြိုလ်မှာဖြစ်ပါတယ်။
ဆရာသင့်နော်ဟာ ဥတ္တရလွင်ပြင် စာပေဆိုပြီးစာအုပ်အရောင်းဆိုင်ဖွင့်လှစ်ထားသလို စာပေတွေကို ကွယ်လွန်ချိန်ထိ ရေးသားခဲ့သူဖြစ်ပါတယ်။
ဆရာ့ရဲ့ စာပေသမိုင်းဖြတ်သန်းမှုတွေနဲ့ ပါတ်သက်ပြီး မန္တလေးမြို့က စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာမင်းထက်ငြိမ်းချမ်းနဲ့ ဆရာနောင် (ရူပ) တို့က အခုလို ဝမ်းနည်းစကားဆိုပါတယ်။
