အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ဖို့ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်

ကုသလဂ္ဂ၊ စက်တင်ဘာ-၂၇-၂၀၂၅ ရတီ(VOM) အီရန်အပေါ် အရေးယူပိတ်ဆို့တွေ ပြန်လည်ချမှတ်ရေးကို နှောင့်နှေးဖို့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ပိတ်ဆို့မှုတွေကို စက်တင်ဘာ ၂၇ ရက်မှာ ပြန်လည်ချမှတ်ဖို့ စီစဉ်နေပါတယ်။ ဒီလို အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို အနောက်အင်အားကြီးနိုင်ငံတွေ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်က သတိပေးထားပါတယ်။ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အီရန်နဲ့တင်းမှုတွေ တိုးမြင့်လာဖွယ်ရှိပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတရပ်ကြုံလာနိုင်ခြေရှိပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ နှောင့်နှေးဖို့ ရုရှားနဲ့ တရုတ်တို့က တွန်းအားပေးခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးပါ ကောင်စီမှာ အရေးမယူဖို့ ထောက်ခံမဲ လေးမဲသာ ရရှိခဲ့ပြီး ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၂ မဲရှိခဲ့ပါတယ်။ “လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ၂၂၃၁ မှာ ချမှတ်ထားတဲ့ ပြန်လည်အရေးယူရေး လုပ်ငန်းစဉ်ရဲ့ လိုအပ်တဲ့ အဆင့်တွေကို…

Read More

နီပေါ ရွေးကောက်ပွဲ လာမယ့်နှစ် မတ်လမှာ ကျင်းပဖို့စီစဉ်

ခတ္တမန္ဒူ၊ စက်တင်ဘာ-၂၇-၂၀၂၅ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ် ရာထူးပြုတ်ကျပြီးနောက် လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ယာယီဝန်ကြီးချုပ်ဖြစ်သူ ကာကီက သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ ကြားဖြတ်အစိုးရအနေနဲ့ ရှုပ်ထွေးတဲ့ အခြေအနေမှ လွတ်မြောက်ဖို့ နည်းလမ်းရှာ လုပ်ဆောင်နေတယ်လို့ သူမက ပြောပါတယ်။ လာမယ့်နှစ် မတ်လ ၅ ရက်နေ့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ရည်မှန်းထားတယ်ဆိုပါတယ်။ ကာကီဟာ နီပေါရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ သူမရဲ့ ကြားဖြတ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်မတက်ခင်ထိ နိုင်ငံကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းအများအပြားကို ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ ယခင်အစိုးရရဲ့ လုပ်ဆောင်မှုကြောင့် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ၀န်ကြီးချုပ်ဟောင်း ရှာမာအိုလီဟာ ရာထူးက ဆင်းသွားခဲ့တယ်။…

Read More

MNDAA သေဒဏ်ချမှတ်တဲ့အထဲ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ ပါဝင်

စက်တင်ဘာလ ၂၇၊ ၂၀၂၅ Shy V (VOM) သိန္နီမြို့၊ ရပ်ကွက် ၄၊ ပန်လော့ဈေး ရင်ပြင်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း အများပြည်သူရှေ့ MNDAA သေဒဏ်ချမှတ်တဲ့ အထဲ တရုတ် ကျောင်းဆရာမကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ အပါအဝင် ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ဓားပြတိုက် လူသတ်မှုတွေပါဝင်ကြောင်း ဒေသခံတွေနဲ့ MNDAA ဘက်က ထုတ်ပြန်ချက် အရ သိရပါတယ်။ “လီကြည်ဖူ ဆိုတဲ့ တယောက်က တရုတ်ကျောင်း ဆရာမကို မုဒိမ်းကျင့်ပြီး သတ်ပစ်လိုက်တာလေ။ ပိုက်ဆံလည်း ယူလိုက်တယ်။ သတ်လည်း သတ်လိုက်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ သတ်ဖြတ် ခံခဲ့ရသူ ကျောင်းဆရာမရဲ့ လက်ထဲ ကိုင်ထားတဲ့ ဆံပင်ကို DNA သွားစစ်လိုက်တာမှာ လီကြည်ဖူ ဖြစ်နေတယ်လို့…

Read More

ကျောက်မဲအနီး စခန်းသာရွာကို နလအတပ်ဖွဲ့ သိမ်းပိုက်လိုက်ပြီး ကျောက်မဲနဲ့ လေးမိုင်အကွာထိ ရောက်ရှိနေ

စက်တင်ဘာ ၁၇၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ စခန်းသာရွာကို ဒီရက်ပိုင်းအတွင်း နလအ တပ်ဖွဲ့ သိမ်းပိုက်ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်ပါတယ်။ စခန်းသာ ကို သိမ်းသွာပါပြီ။ သိမ်းပြီးတော့ ကျော်သွားပြီ။ ကျောက်မဲကို မဝင်သေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းတော့ တိုက်ပွဲ ဖြစ်ပွားသံ မကြားရဘူးလို့ သူက ပြောပါတယ်။ “နလအတပ် စစ်ကြောင်းက ခိုအုံ ထိ ရောက်လာတယ်ဆိုတာ မဟုတ်ပါဘူး။ မရောက်သေးပါဘူး။ တဖြည်းဖြည်းတော့ တိုးလာနေပြီ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ လက်ရှိ နလအ တပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေက ကျောက်မဲမြို့…

Read More

ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန် အောက်တိုဘာလမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ

ဆိုးလ်၊ စက်တင်ဘာ-၂၇-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ကျင်းပမယ့် အေပက် ထိပ်သီးအစည်းအဝေး ပြင်ပမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ထိပ်သီးဆွေးနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။ ပြုံယမ်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးဟာ ၂၀၁၉ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ သမ္မတ ဒေါ်နယ်ထရန့် တို့အကြား ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဆက်ဆံရေး ကောင်းမွန်ခဲ့ပေမယ့် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ် မရပ်ဆိုင်းမှုကြောင့် နောက်ပိုင်းမှာ ပြိုလဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မြောက်ကိုရီးယားဟာ နျူကလီးယားနိုင်ငံအဖြစ်သာ ရပ်တည်နေခဲ့ပြီး ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက်မှာ ကင်ဂျုံအန်က အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အရိပ်အမြွတ်ပြသလာသလို အမေရိကန်ကဘက်ကလည်း ဒီဆန္ဒရှိနေတာပါ။ အောက်တိုဘာလနှောင်းပိုင်းမှာ တောင်ကိုရီးယားမှာပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ် ပြင်ပမှာ ဒီလိုဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။ “ဖြစ်နိုင်ချေကို…

Read More

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီး ဦးဇင်းတပါးနဲ့ မိသားစုဝင်သုံးယောက် သတ်ဖြတ်ခံရ

စက်တင်ဘာ ၂၇၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအနီး တောင်ယာခြံမှာ စက်တင်ဘာလ ၂၄ ရက်နေ့က ဦးဇင်းတပါးနဲ့ မိသားစုဝင် သုံးယောက် သတ်ဖြတ်ခံရကြောင်း ဒေသခံတွေနဲ့ SSPP/SSA၊ ရှမ်းကျောင်းသားများ သမဂ္ဂ တို့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ နေ့ခင်းပိုင်းက နားအိုက်ခန့်ရွာအနီး ယာတောတဲထဲ စစ်ရှောင်နေကြတဲ့ ဦးဇင်း တပါး အပါအဝင် သားအမိ သုံးယောက်တို့အား ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အသတ်ခံရတာတော့ အမှန်ပါ၊ ဒါပေမယ့် ဘယ်ဖက်က လာသွားတာလဲဆိုတာ မသေချာဘူး။ စက်တင်ဘာ ၂၄ ရက်နေ့ နေ့ခင်းပိုင်းက ဖြစ်ခဲ့တာ။ သေဆုံးသူတွေထဲမှာ ဦးဇင်းတပါးနဲ့ မိသားစုဝင် သုံးယောက် ပါတယ်။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ နားအိုက်ခန့်ရွာမှာ…

Read More

စာရေးဆရာ သင့်နော်(ခ) ဦးသန်းဌေး ကွယ်လွန်

မန္တလေး၊ စက်တင်ဘာ- ၂၇- ၂၀၂၅ SA(VOM) စာရေးဆရာ သင့်နော်(ခ) ဦးသန်းဌေး အသက် ၇၈ နှစ်ဟာ ကျောက်ကပ်ရောဂါကို ကုသနေရင်း ဒီနေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတခုမှာကွယ်လွန်ခဲ့ပါတယ်။ ဆရာ့ရဲ့ စျာပနကို တနင်္လါနေ့ မနက် ၁၀ နာရီ အေးရိပ်ငြိမ်သုဿာန်မှာ ဂူသွင်းသဂြိုလ်မှာဖြစ်ပါတယ်။ ဆရာသင့်နော်ဟာ ဥတ္တရလွင်ပြင် စာပေဆိုပြီးစာအုပ်အရောင်းဆိုင်ဖွင့်လှစ်ထားသလို စာပေတွေကို ကွယ်လွန်ချိန်ထိ ရေးသားခဲ့သူဖြစ်ပါတယ်။ ဆရာ့ရဲ့ စာပေသမိုင်းဖြတ်သန်းမှုတွေနဲ့ ပါတ်သက်ပြီး မန္တလေးမြို့က စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာမင်းထက်ငြိမ်းချမ်းနဲ့ ဆရာနောင် (ရူပ) တို့က အခုလို ဝမ်းနည်းစကားဆိုပါတယ်။ #vom #voiceofmyanmar #mandalay #သင့်နော်စာရေးဆရာ #ဆရာသင့်နော်ကွယ်လွန်

Read More

မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေ ရေကြီးရေလျှံမှု အထူးသတိပြုဖို့ လို

စက်တင်ဘာ ၂၇ – ၂၀၂၅ SS (VOM) လာမယ့် အောက်တိုဘာလ ဒုတိယပတ်အထိ မြစ်ရေမြင့်တက်နိုင်မှု အခြေအနေတွေ ရှိနေသေးတဲ့အတွက် အထူးသဖြင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်းနဲ့ အောက်ပိုင်း ဒေသတွေအနေနဲ့ ရေကြီးရေလျှံမှု အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ အောက်တိုဘာ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ တောင်တရုတ် ပင်လယ်ပြင်ဘက်မှာ မုန်တိုင်း အနည်းဆုံး နှစ်လုံးလောက် ထပ်မံ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေပြီး အဲဒီ မုန်တိုင်းတွေရဲ့ အကြွင်းအကျန် တိမ်တိုက်တွေအပြင် အရှေ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းမှု ဆက်လက် များပြားနိုင်သလို မြစ်ရေ မြင့်တက်မှုတွေလည်း ရှိလာနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “မိုးများရင်တော့ ထုံးစံအတိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ အခုဆိုရင်ပဲ ဒီရက်ပိုင်း…

Read More

သူတို့အိမ် အခန်း – ၁၃

ဆူးငှက်   အစ်မများနှင့် ဆရာကြီးဦးလှဝင်းကျောင်း ————————————– ကျွန်တော်တို့အိမ်မှာ မောင်နှမ ၅ယောက်ရှိရာ အစ်မအကြီးဆုံးက စစ်ကြီးနှင့် ကြုံရသောကြောင့် အတန်းပညာ တပိုင်းတစနှင့် အိမ်ထောင်ကျသွားသည်။ ဒုတိယအစ်မ တတိယအစ်မ စတုတ္ထအစ်မတို့က သကျသီဟဘုရားမြောက်မုခ်က ဆရာကြီးဦးလှဝင်း၏ မူလတန်းကျောင်းမှာ ပညာသင်ကြသည်။ ထိုစဉ်က ဝင်းထဲရှိ ရပ်ဆွေ ရပ်မျိုးများ၏ သားသမီးအများစုက ဦးလှဝင်းကျောင်းမှာ ပညာသင်ကြသည်။ ဦးကြီးဦးလှတင်၏ သားသမီး အကြီးတွေလည်း ဦးလှဝင်းကျောင်းမှာ ထားသည်။ ဆရာကြီးဦးလှဝင်းက စာအသင်အပြကောင်းသလို ကျောင်းပြေး စာမကျက်လျှင် အရိုက်ကြမ်း သတဲ့။ အမေက အမြဲပြောသည်။ သူ ဆီရောင်းသွားစဉ် ဦးလှဝင်း ကျောင်းရှေ့အရောက် ကျောင်းသားလေး တစ်ယောက်ကို ဆရာကြီးက ကြိမ်နှင့် ရိုက်နေတာ တွေ့တော့ အမြင်မတော်တာနှင့် ဆီဗျပ်ချပြီး ဆရာကြီးရယ် တော်ပါတော့ ဆိုကာ ဝင်ဆွဲသတဲ့။ အဲ့ဒါမြင်ပြီး ကတည်းက သူ့သမီးတွေ…

Read More

အင်ဒိုနီးရှားမှာ အခမဲ့ကျွေးမွေးရေး အစီအစဉ်ကြောင့် ကလေးငယ် ၁၀၀၀ ကျော် အစာအဆိပ်သင့်ပြန်

ဂျကာတာ၊ စက်တင်ဘာ-၂၆ မျိုးဆက်(VOM) အင်ဒိုနီးရှား စာသင်ကျောင်းတွေမှာ ကလေးငယ်တွေအတွက် အစိုးရရဲ့ အခမဲ့ ကျွေးမွေးရေး အစီအစဉ်ကြောင့် ယခုသီတင်းပတ်အတွင်း ကလေးငယ် ၁၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအစီအစဉ်ဟာ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုနေတဲ့ အာဟာရပြည့်ဝရေး အစားအစာအစီအစဉ်နဲ့ ဆက်စပ်နေတဲ့ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှု ဖြစ်ရပ်တွေထဲက နောက်ဆုံးတခုလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်း အစာအဆိပ်သင့်တဲ့ ကလေးငယ်ပေါင်း ၁၀၇၄ ယောက်ရှိတယ်လို့ အနောက်ဂျာဗားပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်ဂျာဗားနဲ့ အလယ်ပိုင်းဆူလာဝေစီပြည်နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျောင်းသား ၈၀၀ အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် လက်ရှိမှာ ၁၀၀၀ ကျော်ထိ မြင့်တက်လာတာပါ။ သမ္မတ ပရာဘိုဝိုသည် ကျောင်းနေအရွယ်ကလေးငယ် သန်း ၈၀အတွက် နေ့လယ်စာ အခမဲ့ကျွေးမွေးဖို့…

Read More
VOM News

FREE
VIEW