ရန်ကုန် ၊မန္တလေးနဲ့ ပြင်ဦးလွင်မှာရှိတဲ့ နှစ်၁၀၀ အထက်ရှိ အဆောက်အအုံတွေကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

အောက်တိုဘာ ၃၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်းထဲကနှစ် ၁၀၀ သက်တမ်းအထက်ရှိတဲ့ အဆောက်အအုံ ၆၇ ခုကို ရှေးဟောင်းအဆောက်အအုံအဖြစ် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းမှာဆိုရင် ချမ်းမြသာစည်မြို့နယ်က အဆောက်အအုံ ငါးခု၊ ချမ်းအေသားစံမြို့နယ်က အဆောက်အအုံ ခုနှစ်ခု၊ ပြည်ကြီးတံခွန်မြို့နယ်က လေးခု၊ မဟာအောင်မြေမြို့နယ်က လေးခု၊ အောင်မြေသာစံမြို့နယ်မှ ၁၁ခုနဲ့ပုသိမ်ကြီးမြို့နယ်က နှစ်ခု၊ ပြင်ဦးလွင်မြို့နယ်မှ အဆောက်အအုံး ၃၁ ခုဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းမှာတော့ အင်းစိန်မြို့နယ်ရှိ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနရုံး၊ ကမာရွတ်မြို့နယ် သထုံဆောင်နဲ့ ပြည်ဆောင်တို့ဖြစ်တယ်လို့သိရပါတယ်။ ” နှစ်၁၀၀ အထက်အဆောက်အအုံတွေက တခြားမှာလည်းရှိပါသေးတယ်။ အခုက သူတို့တဖြေးချင်း စစ်တမ်းတွေယူပြီးသတ်မှတ်နေတဲ့သဘောထင်ပါတယ်။ တကယ်တော့ အဆောက်အအုံကနှစ်၁၀၀ ကျော်ရင် ရှေးဟောင်းအဆောက်အအုံဖြစ်သွားပြီ။ ရှေးသုက တရားဝင်သတ်မှတ်ခံရတဲ့ အဆောက်အအုံကတော့ တရားဝင် ပိုအကျုံးဝင်သွားတာပေါ့။ ရှေးဟောင်းစာရင်းဝင်သတ်မှတ်ရင် အဆောက်အဦးကိုပြင်ချင်တာရှိရင်…

Read More
✕
VOM News

FREE
VIEW