ကိုင်ရို၊ အောက်တိုဘာ-၈-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့ အီဂျစ်မှာပြုလုပ်နေတဲ့ တဆင့်ခံဆွေးနွေးပွဲတွေ ပြူလုပ်နေပြီး အပြုသဘောဆောင်တဲ့အခြေအနေမှာရှိတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဟာ စက်တင်ဘာ ၂၉ ရက်က ဒေါ်နယ်ထရန့် ကြေညာခဲ့တဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးနေကြတာပါ။ ကြားဝင်ဖြန်ဖြေသူတွေဖြစ်တဲ့ အီဂျစ်၊ ကာတာကိုယ်စားလှယ်အဖွဲ့နဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အီဂျစ်အရှေ့ပိုင်းရှိ Sharm el-Sheikh မြို့မှာ တွေ့ဆုံမှု စတင်ခဲ့ပြီး အပြုသဘောဆောင်တယ်လို့ ဆိုပါတယ်။
နောက်နေ့မှာလည်း ဆွေးနွေးပွဲတွေ ထပ်လုပ်မှာဖြစ်ပြီး ဟားမတ်စ် သဘောတူထားတဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ တစိတ်တပိုင်း ရုပ်သိမ်းရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမယ့် ဆွေးနွေးပွဲ တိုးတက်မှုမရှိရင် လာမယ့်ရက်မှာ ဆက်လက်လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အစ္စရေး သတင်ဌာနတွေ့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုမှ စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။
ဟားမတ်စ်တို့ဟာ အစ္စရေးနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ ခန့် သေဆုံးပြီး အခြား ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ။ ဓားစာခံ ၄၈ ယောက်ကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
အစ္စရေးကတော့ ဂါဇာကမ်းမြှောင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ပဋိပက္ခစတင်ကတည်းက ကလေးငယ် ၂၀၁၇၉ ယောက် အပါအဝင် သေဆုံးသူ ၆၇၁၇၃ ယောက်အထိ မြင့်တက်လာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက မနေ့က ထုတ်ပြန်ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆက်နွယ်ပြီး ပါလက်စတိုင်းသေဆုံးမှု အရေအတွက်ဟာ တနင်္ဂနွေနေ့အထိ ၄၆၀ အထိ ရောက်ရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့တွေက သတိပေးထားပါတယ်။
Ref:NHK
Photo:AFP
