ဂါဇာအပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး အစီအစဉ် အစ္စရေးအတည်ပြုပြီ

တဲလ်အဗစ်၊ အောက်တိုဘာ-၁၀-၂၀၂၅ ရတီ(VOM) ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံများ လွတ်မြောက်ရေး အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုရဲ့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အရေးပါတဲ့ ခရီးပေါက်ရောက်မှုတခုလို့ ဝန်ကြီးချုပ်နေတန်ယာဟုက ပြောဆိုထားပြီး သမ္မတဒေါ်နယ်ထရန့်အပြင် အမေရိကန်သံတမန် စတိဝစ်အော့ဖ်နဲ့ ထရန့်ရဲ့ သားမက်ဂျာရ့်ကုရှ်နာတို့ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ စတိဝ်အော့ဖ်နဲ့ ကုရှ်နာတို့နှစ်ယောက်ဟာ အစ္စရေး အစိုးရအဖွဲ့အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မယ့် နိုင်ငံစုံတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရှေ့အလယ်ပိုင်းမှာ အခြေစိုက်ထားပြီး အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀ လောက်ကို အစ္စရေး ရွှေ့နေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန်တပ်တွေကတော့ ဂါဇာကို ဝင်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မယ့်နိုင်ငံတွေထဲမှာ အီဂျစ်၊ ကာတာနဲ့ တူရကီအပါအဝင် အာရပ်နဲ့ မွတ်ဆလင်နိုင်ငံက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အကျဉ်းသားလဲလှယ်ရေး…

Read More

ဗန်းမော်က နလအ သိမ်းပိုက်ထားတဲ့ တပ်စခန်းတချို့ KIA ပူးပေါင်းတပ်ဖွဲ့ ပြန်သိမ်း

အောက်တိုဘာ ၁၀၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့က နလအ သိမ်းပိုက်ထားတဲ့ တပ်စခန်း တချို့ကို အောက်တိုဘာလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ မနက်ပိုင်းတွေမှာ KIA ပူးပေါင်း တပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဗန်းမော်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း အနီးက နလအ တပ်ဖွဲ့ နေရာယူ ထားတဲ့ တပ်စခန်းနေရာ သုံးနေရာကို ဒီနေ့ အောက်တိုဘာလ ၁၀ ရက်မနက်ပိုင်းက KIA နဲ့ ပူးပေါင်း တပွဲ့တွေ ထပ်သိမ်းပိုက်လိုက်တယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းကလည်း ဗန်းမော်မြို့ မနောကွင်း၊ ဂေါက်ကွင်းအနီးက ခမရ ၃၂၀…

Read More

မဲစာရင်းကိစ္စဝေဖန်လို့ ဘူးလက်လှဆွေ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သတင်းထွက်

အောက်တိုဘာ ၁၀ – ၂၀၂၅ SS (VOM) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဗဟိုကော်မတီဝင် တယောက်ဖြစ်တဲ့ ဦးလှဆွေ (ခ) ဘူးလက်လှဆွေကို လက်ရှိမှာ နလအ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဦးလှဆွေဟာ လက်ရှိ မဲစာရင်း အခြေအနေနဲ့ ပတ်သက်လို့ မှားယွင်းမှုတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က သူ့ရဲ့ လူမှုန်ကွန်ရက် စာမျက်နှာကတဆင့် live လွှင့် ပြောဆိုခဲ့ပြီးနောက် သုံးရက်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ ခေါ်ယူမေးမြန်းခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဦးလှဆွေက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်က မဲစာရင်းတွေမှာ ရာနဲ့ချီ စာရင်းကွာဟမှုတွေ ရှိနေပြီး လူဦးရေ ၅၀၀ လောက်မှာ ၃၀၀…

Read More

မိုးမိတ် ဝဲဘောင်းရွာမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ လူအများအပြား ထိခိုက်သေဆုံး

အောက်တိုဘာ ၁၀၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ဝဲဘောင်း ဗမာရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ည ၇ နာရီ ဝန်းကျင်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ လူအများအပြား ထိခိုက်သေဆုံးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ထိတာ ဝဲဘောင်း ဗမာရွာပါ။ လီဆူရွာ မဟုတ်ဘူး။ ညတွင်းချင်း တွေ့တဲ့ အလောင်းက ၇ ယောက်။ ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လေကြောင်း ဗုံး ထိမှန် သေဆုံးသွားတဲ့ သူတွေထဲမှာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ဘက်က စစ်ဘေးရှောင်လာသူလည်း ပါနေတယ်လို့ သူက ပြောပါတယ်။ “ဝဲဘောင်းမှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ သေဆုံးသူတွေလည်းများတယ်။ ထိခိုက်သူတွေလည်း များတယ်” လို့ နောက်ထပ်ဒေသခံ…

Read More

ပထမအကြိမ် မဲစာရင်းကြည့်ရှုနိုင်မယ့်ရက် ၇ ရက်ထပ်တိုးပေး

အောက်တိုဘာ ၁၀ ၊၂၀၂၅ GG (VOM) လာမယ့် ဒီဇင်ဘာ၂၈ ရက်မှာ စတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်း ကြည့်ရှုနိုင်မယ့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နောက်ထပ် ၇ ရက်ထပ်တိုး ပေးလိုက်တယ်လို့သိရပါတယ်။ ပထမအကြိမ်မဲစာရင်းကို သက်ဆိုင်ရာရုံးတွေမှာ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ စာရင်းကပ်ထားမယ်လို့အသိပေးထားတဲ့အပေါ် နောက်ထပ် ၇ ရက်ထပ်တိုးပေးလိုက်တာကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့အထိ မဲစာရင်းကို ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့နဲ့ မဲဆန္ဒရှင်တွေက လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေ တင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် ယခုလို မဲစာရင်းကြည့်ရှုနိုင်မယ့်ရက်ကို ထပ်တိုးပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ် မဲစာရင်းကပ်တဲ့ကာလမှာ မြေပြင် မဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါးတာကို တွေ့ရှိရပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း မဲစာရင်းကပ်ထားကြောင်းကို ပြည်သူတွေသိရှိအောင် အသိပေးအကြောင်းကြားတာမျိုး…

Read More

ဗင်နီဇွဲလား အတိုက်အခံခေါင်ဆောင်း မာချာဒို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရ

အော်စလို၊ အောက်တိုဘာ-၁၀-၂၀၂၅ ရတီ(VOM) ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာ မာချာဒိုဟာ ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ကြောင်း နိုဘယ်ဆုပေးရေး ကော်မတီက ထုတ်ပြန်ပါတယ်။ ဗင်နီဇွဲလားပြည်သူတွေအတွက် ဒီမိုကရေစီအခွင့်အရေးတွေ မြှင့်တင်ပေးခြင်း၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ကို တရားမျှတပြီး ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေအတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ “ဗင်နီဇွဲလားရှိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ ခေါင်းဆောင်အဖြစ်၊ မာချာဒိုဟာ မကြာသေးမီကာလများအတွင်း လက်တင်အမေရိက စွမ်းရည်သတ္တိမှာ အထူးခြားဆုံး ဥပမာတွေထဲ့ တခုဖြစ်တယ်လို့ ” လို့ နိုဘယ်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ငြိမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထပ်ခါတလဲလဲ ပြောဆိုမှုတွေရှိခဲ့ပေမယ့် နိုဘယ်ဆုပေးရေး ကော်မတီဟာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကိုသာ ဆုပေးဖို့ ရွေးချယ်ခဲ့တာပါ။ နိုင်ငံတကာ စည်းမျဉ်းတန်ဖိုးတွေကို ဖျက်ဆီးနေတာကြောင့် ထရန့်ဟာ နိုဘယ်ဆုကို ရနိုင်မှာမဟုတ်ဘူးလို့…

Read More

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်အခန်းအားလုံးပြည့်နေတဲ့အပြင် ဘုန်းကြီးကျောင်းပါပြည့်နေ

အောက်တိုဘာ ၁၀ ၊၂၀၂၅ CC (VOM) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်၊မိုတယ် အခန်းအားလုံးပြည့်နေတဲ့အပြင် ဘုန်းကြီးကျောင်းတွေမှာပါ တည်းခိုမယ့်သူတွေနဲ့ ပြည့်သလောက်ဖြစ်နေတယ်လို့ VOM ကစုံစမ်းသိရှိရပါတယ်။ တန်ဆောင်တိုင်ရုံးပိတ်ရက် ပွဲတော်ကာလမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲကို သွားဖို့အတွက် ဟိုတယ်ငှားရမ်းမှုများပြားခဲ့တာကြောင့် တန်ဆောင်တိုင်အတွက် တောင်ကြီးမှာ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းတွေအားလုံးနီးပါး အခန်းလွတ်မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။ “ဟိုတယ်တွေ အကုန်ပြည့်နေပြီ။ တချို့က တရက်လောက်လွတ်နေတာရှိတယ်။ တရက်တည်းဆိုတော့မပြေဘူး။ တရက်တည်းလွတ်တာကလည်း တခန်းလောက်ဆိုတော့မပြေပြန်ဘူး။”လို့ တောင်ကြီးတန်ဆောင်တိုင်သွားဖို့စီစဥ်နေသူကပြောပါတယ်။ ဒါကြောင့် တန်ဆောင်တိုင်ကာလတောင်ကြီးသွားဖို့စီစဥ်နေသူတွေဟာ ကလော နဲ့ ညောင်ရွှေရှိ ဟိုတယ်တွေမှာ သွားရောက်တည်းခိုဖို့ စီစဥ်ရတဲ့အထိရှိနေတယ်လို့သိရပါတယ်။ ” ဟိုတယ်တွေလိုက်ဆက်တာ လပြည့်နေ့ နဲ့ တရက်နေ့က အကုန်အခန်းအပြည့်ပဲ ရက်မရဘူး ။ဘုန်းကြီးကျောင်းစုံစမ်းကြည့်တော့လည်း မပြေဘူး။ အဲဒါနဲ့ညောင်ရွှေမှာပဲ ဟိုတယ်ဘွတ်ကင်ယူလိုက်ရတယ် ။အဲဒီကနေပဲ သွားရတော့မှာပေါ့။” လို့ တောင်ကြီးတန်ဆောင်တိုင်သွားမယ့်​သူကပြောပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်အခန်းမရရှိတော့တဲ့ ခရီးသွားတွေအတွက် ဒေသခံတွေက ရက်တိုအိမ်လုံးချင်းလိုက်…

Read More

မန္တလေးက အိုးဝေလုယက်တဲ့အဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်လာ

မန္တလေး၊ အောက်တိုဘာ – ၁၀ – ၂၀၂၅ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်က တောင်သမန်အင်းဘေးမှာရှိတဲ့ ဗူးဘုရားအနီးကနေ လက်ကောင်းကျေးရွာဘက်ကို အကြွေးသွားတောင်ချင်လို့ဆိုကာ အိုးဝေတားစီးတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးဟာ ပုသိမ်ကြီးမြို့နယ်က ပန်းစျေး အနီးက မြောင်းဘောင်တခုအရောက်မှာ ကြံရာပါ အမျိုးသားတဦးနဲ့အတူ အိုးဝေမောင်းနှင်သူကို ဓားထောက်ပြီး လုယက်မှုတခုဖြစ်ခဲ့ပါတယ်။ အသက် ၄၀ အရွယ်နဲ့ ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီး နှစ်ဦးက တောင်သမန်အင်းဘေးမှာရှိတဲ့ ဗူးဘုရားကနေ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာဘက်ကို အကြွေးတောင်းစရာရှိလို့ဆိုပြီး အောက်တိုဘာ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ အိုးဝေမောင်းနှင်တဲ့ အသက် ၄၁ နှစ်အရွယ်ရှိ ဦးကျော်လွင် မောင်နှင်တဲ့ အိုးဝေကို အသွာအပြန်ငှားချင်တယ်လို့ ပြောဆိုခဲ့ပြီး ငှားရမ်းခဲ့တယ်လို့ အိုးဝေမောင်းနှင်သူ ဦးကျော်လွင်က VOM ကိုပြောပါတယ်။ ”…

Read More

သူတို့အိမ် အခန်း – ၁၇

    ဝိုးတဝါး ပုံရိပ်မှိန်များနှင့် ဖျပ်ကနဲ ပုံရိပ်ကြည် —————————————– နှစ်ပေါင်း၅၀ကျော်မှ ပြန်လှန်စဉ်းစားလိုက်တော့ မှုံဝါးဝါးပုံရိပ်များပဲ စိတ်အာရုံမှာ ထင်ဟပ်လာသည်။ တစ်ခါတရံမှသာ ဖျပ်ကနဲပေါ်လာသော ပုံရိပ်ကြည်များကို အမိအရ ဖမ်းရတော့သည်။ မိုးရွာလျှင်ရေတလျောက်က ရေတွေ တတန်းတန်း ယိုစိမ့်ကျသော အိမ်ကလေးရှေ့မှာ ရသေ့လျောင်းထိုင်ခုံ၂လုံးနှင့် စာပွဲအို၊ သံဖြူမီးအိမ်၊ အမိုးပါရေအိုးစင်လေးဘေးက ဂွေးသီးပင်၊ ဟို ဝင်းပေါက်အထွက်က သစ်ချိုပင်ကြီး၊ ဝင်းပေါက်ကျုံးရေကန်လေး ဘေးက ညနေတိုင် ထိုင်နေကျ အုတ်ခုံလေး၊ လမ်းတဘက်မှာက ဦးကျွဲမောင်အိမ်ဝင်းနှင့် ထင်းရူးသေတ္တာ ရိုက်နေကြသည့် လုပ်ငန်းခွင်၊ သူ့ရှေ့နားက ဒေါက်တာ့ ဆိုင် မန်ကျည်းပင်ကြီးအရိပ်မှာ ကိုစံမြ စက်ဘီးပြင်ဆိုင်၊ မျက်နှာချင်းဆိုင် လမ်းဒီဘက်မှာ ဦးပု ကွမ်းယာနှင့် အအေးဆိုင်၊ ဟို.. မိကျောင်းတံတား မရောက်မီ လမ်းတောင်ဘက်မှာ ကိုဘစိမ်း မလှရီ လက်ဖက်ရည်နှင့် အကြော်ဆိုင်၊ မျက်နှာချင်းဆိုင်မှာ…

Read More
VOM News

FREE
VIEW