အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာနိုင်ငံစေလွှတ်ရေး သဘောတူညီမှုမရ

ကွာလာလမ်ပူ၊ အောက်တိုဘာ -၂၇-၂၀၂၅
မျိုးဆက်(VOM)
ဒီဇင်ဘာလတွင် ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွက် အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန် သတင်းရင်းမြစ်တွေက ဒီကနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ကိုလည်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီကနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။
မလေးရှားမှာ တွေ့ဆုံနေတဲ့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့ ပဋိပက္ခအပေါ် အလွန်စိုးရိမ်ပူပန်မှု ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုမရှိဘူးလို့ သတိပေးလိုက်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရမယ်လို့ ဆိုပါတယ်။
အာဆီယံကိုယ်စားပြု ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်မှာမဟုတ်ပေမယ့် အာဆီယံနိုင်ငံတွေကတော့ နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံပြီး စောင့်ကြည့်သူတွေကို စေလွှတ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေအက်ဖ်ပီကို ပြောပါတယ်။
နောက်ထပ်သံတမန်တယောက်ကလည်း အာဆီယံ ကိုယ်စားပြု မစ်ရှင်တခုချထား စောင့်ကြည့်ဖို့ အဖွဲ့ဝင်တွေအကြား သဘောတူညီမှုမရှိကြောင်း အတည်ပြုပြောကြားပါတယ်။
မြန်မာနိုင်ငံစာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပေမယ့် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက် မြန်မာအာဏာပိုင်တွေကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲရရာ လက်ရှိမှာလည်း ဒီဆုံးဖြတ်ချက်အတိုင်း ဆက်လက်ကျင့်သုံးမယ်လို့ အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW