အောက်တိုဘာ ၂၇၊ ၂၀၂၅။
NN(VOM)
နစက အာဏာရယူပြီးနောက် နှစ်နှစ်ကျော်အကြာ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ ပေါ်ပေါက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ မြန်မာ့သမိုင်းမှာ ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။
“ညီနောင်သုံးဖွဲ့” လို့ ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း (ပလောင်) တပ်ဖွဲ့ (TNLA)၊ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ဒီစစ်ဆင်ရေးဟာ နစကအစိုးရတပ်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒရုန်းပညာ၊ လူအင်အား အသားစီးနဲ့ တိုက်ခိုက်ခံရတာကြောင့် နစကအစိုးရတပ်စခန်းတွေ၊ မြို့တွေအများအပြား ဆုံးရှုံးခဲ့ရပါတယ်။
TNLA က မန္တလေးတိုင်း မိုးကုတ်အပါအဝင် မြို့ပေါင်း ၁၂ မြို့၊ ကိုးကန့်တပ်ဖွဲ့က ကိုးမြို့နဲ့ “ဝ” တပ်ဖွဲ့က နှစ်မြို့ရရှိသွားခဲ့တာပါ။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ တိုက်ပွဲတွေအတွင်းတုန်းက သမိုင်းအစဉ်အလာကြီးမားတဲ့ ကွမ်လုံနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးလို မြို့တွေဟာ ကိုးကန့် တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလ (၂၀၂၃ အောက်တိုဘာလကနေ ၂၀၂၄ ဇန်နဝါရီ အထိ) ရှမ်းမြောက်ဒေသမှာ တအာင်း (ပလောင်) တပ်ဖွဲ့က မြို့ပေါင်း ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
ကိုးကန့်တပ်က မြို့ပေါင်း ရှစ်မြို့ကို သိမ်းပိုက်ခဲ့ပြီး အဲ့ဒီထဲက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နဲ့ ပန်လုံ နှစ်မြို့ကို ကိုးကန့်တပ်ဖွဲ့က “ဝ” တပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။
တရုတ်အစိုးရ ကြားဝင်မှုနဲ့ ၂၀၂၄ ဇန်နဝါရီမှာ ညီနောင်သုံးဖွဲ့နဲ့ နလအ တပ်ဖွဲ့တို့ ဟိုင်ဂင် သဘောတူစာချုပ်အရ အပစ်ရပ်ခဲ့ကြပြီး ၂၀၂၄ ဇွန် ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြန်စတင်ခဲ့ပါတယ်။
ဩဂုတ်လမှာ ကိုးကန့်တပ်က လားရှိုးကို သိမ်းပိုက်ခဲ့ပြီး တအာင်းတပ်ကလည်း မန္တလေးတိုင်း မိုးကုတ်အပါအဝင် မြို့ပေါင်း ငါးမြို့ကို ထပ်သိမ်းလိုက်ပါတယ်။
ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး မှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အစပ် နောင်ချိုမြို့ အပါ အဝင် ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း စတဲ့ မြို့ပေါင်း ၁၂ မြို့ကို တအာင်းတပ်က ရခဲ့ပါတယ်။
MNDAA ကတော့ လားရှိုး၊ သိန်နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)、 မုံးကိုး၊ ကုန်းကြမ်း၊ တာမိုးညဲမြို့တွေကို ရရှိခဲ့ပါတယ်။
“ဝ” တပ်ဖွဲ့က အရာရှိစစ်သည်တွေ ဖမ်းဆီးခံရတာရှိကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလမှာ တပ်မတော်ဘက်က လက်နက်ချသူတွေနဲ့ ဖမ်းဆီးရမိသူတွေကို TNLA နဲ့ MNDAA ဘက်က လားရှိုး၊ မိုင်းရယ်မြို့တွေကို ပို့ဆောင်ပေးခဲ့ပါတယ်။
လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေ အရေးယူခံရပြီး အငယ်တန်းအဆင့်တွေအနေနဲ့တော့ တာဝန်ပြန်ထမ်းဆောင်ခွင့်ရခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
ဒုတိယလှိုင်းအတွင်းမှာတော့ ညီနောင်သုံးဖွဲ့ဘက်က ဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေကို ပြန်မလွှတ်တော့ပါဘူး။
ကိုးကန့်တပ်ဖွဲ့က လားရှိုးကို သိမ်းလိုက်တဲ့ ၂၀၂၄ သြဂုတ်လ ၃ ရက်နေ့မှာ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့နဲ့အတူ စစ်သည်များ မိသားစုဝင် ၄,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်သုံ့ပန်း မိသားစုဝင်တွေကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့ပြီး စစ်သည်တွေကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
အဲဒီထဲက အသက်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူ တချို့ကိုတော့ ကိုးကန့်တပ် ဘက်က ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်လွတ်လာတဲ့ မိသားစုဝင်တွေထံကသိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဟာ ကချင်၊ ရခိုင်၊ ကယား၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည် နယ် တွေထိ ရိုက်ခတ်မှုရှိခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်း ရှမ်း–မန်း စစ်ဆင်ရေးအနေနဲ့ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့တွေအထိ PDF အဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၇ မြို့ထဲက သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို AA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။
စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကိုသာ နလအဘက်က ထိန်းချုပ်နိုင်ပြီး ကျောက်ဖြူမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း AA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။
ကယားပြည်နယ်အတွင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေး နဲ့ ဆက်စပ်တဲ့ နိုဝင်ဘာ ၁၁ (တစ်လေးလုံး) စစ်ဆင် ရေးအတွင်း မြို့တော် လွိုင်ကော်တစ်ခုလုံး နီးပါးအထိ KNDF နဲ့ PDF တပ်ဖွဲ့တွေက ထိန်း ချုပ် နိုင်ခဲ့သလို ရှမ်းတောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ အထိ နယ်မြေ စိုးမိုးထားနိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့ပေါင်း ၅၀ ကျော်အထိ သိမ်းပိုက်ခံရချိန် တရုတ်ဖိ အားကြောင့် ရှမ်းမြောက်ဒေသက စစ်ဆင်ရေးတွေ ရုတ်တရက် ရပ်တန့်ခဲ့ပါတယ်။
၂၀၂၄ ဩဂုတ်လမှာ လားရှိုးကို ကိုးကန့်တပ်က သိမ်းပိုက်လိုက်ချိန်မှာ တရုတ်အစိုးရက ညီနောင်သုံးဖွဲ့ကို အပစ်ရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။
တရုတ်က ကိုးကန့်နဲ့ တအာင်း (ပလောင်) “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်စပ်ဒေသ တွေကို “ဖြတ်လေးဖြတ်” စနစ်ကျင့်သုံးပြီး ဖိအားပေးခဲ့ပါတယ်။
၂၀၂၄ စက်တင်ဘာလဆန်းမှာ ကိုးကန့်တပ်ဘက်က “NUG အပါအဝင် အနောက်နိုင်ငံ တွေနဲ့ ဆက်ဆံမှာ မဟုတ်တော့ကြောင်း” ထုတ်ပြန်ခဲ့တာကြောင့် ကိုးကန့်ဒေ အခြေစိုက် တော်လှန်ရေးအင်အားစုတွေ မြန်ပြည်မသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။
တရုတ်နဲ့ နလအ တို့ရဲ့ “ဖြတ်လေးဖြတ်” စနစ်ကြောင့် အထိနားနေချိန် ထိုးစစ်တွေ ရပ်ပြီး နလအနဲ့ ဆွေးနွေးမယ်လို့ TNLA ဘက်က ၂၀၂၄ နိုဝင်ဘာမှာ ထုတ်ပြောခဲ့ပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် ထိုးစစ်ရပ်ပြီး ဆွေးဖို့ အဆင်သင့်ရှိနေတယ်” လို့ တအာင်းတပ်ဘက်က ထုတ်ပြောခဲ့တာပါ။
ဒီဇင်ဘာမှာ ကိုးကန့်တပ်က အပစ်ရပ်မယ်လို့ ထုတ်ပြောခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်နေ့မှာ တော့ တရုတ်ကြားဝင်မှုကြောင့် ကိုးကန့်တပ်နဲ့ နလအ တပ်တို့ တရုတ်နိုင် ငံကူမင်းမြို့မှာ အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲနောက်ပိုင်း ဩဂုတ်လမှာ အစိုးရတပ်က လားရှိုးကို ပြန်လွှဲယူခဲ့ပြီး ကိုးကန့်နဲ့ နစကတပ်ဖွဲ့တို့ စစ်ရေးပဋိပက္ခတွေ ပြေလျော့သွားခဲ့ပါတယ်။
ကိုးကန့်တပ်နဲ့ အပစ်ရပ်ထားပေမယ့် တအာင်းတပ်နဲ့ နစကတပ်တို့ကြားမှာ တိုက်ပွဲတွေ ဆက်ရှိနေခဲ့ပါတယ်။
တအာင်းတပ်က အပစ်ရပ်မယ်လို့ ပြောပြီးနောက်ပိုင်း အသိုးရတပ်နဲ့ တအာင်းတပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကိုးကန့်တပ်လိုမျိုး ပြေလည်မှု မရခဲ့ပါဘူး။
အစိုးရဘက်က နမ့်ဆန်နဲ့ မန်တုံကိုသာ တအာင်းတပ်ကို ပေးလိုပြီး တအာင်းတပ်က လက်မခံတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ဒီတကြိမ် တိုက်ပွဲမှာတော့ အစိုးရတပ်ဘက်က ဒရုန်းနဲ့ ပြည်သူ့စစ်မှုထမ်း စစ်အင်အား တွေကို အသုံးပြုပြီး ထိုးစစ်ဆင်တာကြောင့် တအာင်းတပ်ဘက်က ထိန်းချုပ်နယ်မြေတွေ ပြန်လက်လွှတ်ခဲ့ရပါတယ်။
၂၀၂၅ နှစ်ဆန်းပိုင်းမှာ နောင်ချိုမြို့ကို တပ်က ပြန်ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင် ၁၆ ရက်နေ့မှာ နောင်ချိုမြို့ကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။
အဲနောက်ပိုင်း တလကျော်အကြာမှာ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်သိမ်းနိုင်ခဲ့ ပါတယ်။
အရှိန်ရလာတဲ့ အစိုးရတပ်ဟာ တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူမြို့ကို ဆက်လက် ထိုးစစ်ဆင်နေပါတယ်။
ရှမ်းတောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ် မြို့တော် လွိုင်ကော်ကိုလည်း ပအိုဝ်းပြည် သူ့စစ်တပ်ဖွဲ့ အကူအညီနဲ့ အစိုးရက ပြန်ထိန်းချုပ်ထားနိုင်ပါတယ်။
လက်ရှိမှာ ရခိုင်ထိုးစစ်ကလွဲပြီး ကချင်၊ ရှမ်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း မြို့နယ် တွေမှာ မနှစ်ကထက် တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဟာ အားလျော့သွားပြီး အစိုးရတပ်ရဲ့ ထိုးစစ်အရှိန်တွေပြန် အားကောင်းလာနေပါတယ်။
ဓါတ်ပုံများ TNLA, MNDAA, တပ်မတော် ထောက်ခံသူများဂရု
