လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က လူထုထီးရိပ်အောက်မှာ (၂၃)

ဆူးငှက် နိုဝင်ဘာလ ၂၉ရက်နေ့ မနက်အရုဏ်တက် ဒေါ်ဒေါ်လမ်းလျောက်ဆင်းမလာမီ တောင်လေးလုံးမွေးနေ့ပွဲမှာဝေဖို့ ကျွန်မတို့ငယ်ငယ်တုန်းက စာအုပ် အုပ်ရေ ၁၀၀ခန့်ဖော်ပြီးပြီ။ ဖြတ်စက်ပေါ်က ချပြီး စာအုပ်တွေက ကော်နံ့ပင်မပျောက်သေး။ ဒေါ်ဒေါ်ဆင်းလာလျှင် ချက်ချင်းတွေ့နိုင်အောင် ဧည့်ခန်းအထွက်က ဆက်တီ စာပွဲပုလေးပေါ် တင်ထားပေးသည်။ ဒေါ်ဒေါ် အပေါ်ထပ်က ဆင်းလာပြီး အလုပ်ခန်းဖြတ်တာနှင့် စာအုပ်တွေကိုတွေ့တော့“စာအုပ်လေးက လှသားပဲကွယ့်၊ ဒီနေ့လည်း မင်းတို့ အလင်းရိုက်ကြရတာပေါ့” ဟုပြောကာ စာအုပ်လေးကိုယူပြီး သေချာကြည့်သည်။ စာပွဲရှေ့က ဆက်တီခုံပေါ်ထိုင်ပြီး စာအုပ်လေးကို လှန်လှော ဖတ်နေ၏။ ထို့နောက် စာအုပ်လေးကိုချပြီး တွေဝေငေးရီကာ သက်ပြင်း မြှင်းမြှင်းချပြီး “ ကိုလှရှိရင် ဒို့ကို ဒီအလုပ်တွေ လုပ်ရမှာမဟုတ်ဘူး၊ အခု ဒို့လုပ်နေတာကြည့်ပြီး အပြစ်တင်မှာ၊ သူက မွေးနေ့တွေ ဘာတွေ မော်မော်ကြွားကြွားလုပ်တာ မကြိုက်ဘူး၊ ပြီးတော့ ကိုလှက ဥပဒေအတိုင်း မချိုးမဖောက် ဘောင်ထဲက…

Read More

မိုးစပါးအသစ်စျေး ရှစ်သိန်းခွဲ ကျပ်ထိပြန်ကျလို့ တောင်သူတွေ အကြွေးမကျေတဲ့အထိ အရှုံးပေါ်

အောက်တိုဘာ ၂၇ ၊ ၂၀၂၅ GG(VOM) မိုးစပါးအသစ်စျေးနူန်းတွေ ပြန်လည်ကျဆင်းလာနေတာကြောင့် တောင်သူတွေ အရှုံးပေါ်ပြီး စိုက်ပျိုးစရိတ်ကြွေး​တောင် အ​ကြေမဆပ်နိုင်တဲ့ အခြေအနေတွေအထိ ရင်ဆိုင်နေကြရတယ်လို့တောင်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ မိုးစပါးအသစ်တွေကို ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းအနောက်ပိုင်း ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရိတ်သိမ်းနေကြပြီး ဒေသအလိုက် စပါးတင်း ၁၀၀ ကို ကျပ်ငါးသောင်း မှ သုံးသိန်း ကျပ်လောက်အထိ စျေးနူန်း ထိုးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပဲခူးအနောက်ခြမ်း ပြည်ခရိုင်မှာဆိုရင် မိုးစပါးအသစ်စျေးနူန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စပါး ပေါင် ၅၀ ရှိ တင်း ၁၀၀ ကို ဆယ့်တစ်သိန်းငါးသောင်းကျပ်အထိစျေးပေါက်ခဲ့ပေမယ့် အောက်တိုဘာ ၂၇ ရက်မှာတော့ စပါးတင်း ၁၀၀ ကိုမှ ရှစ်သိန်းငါးသောင်းကျပ်နူန်းသာစျေးတန်းရှိတော့တယ်လို့ သိရပါတယ်။ ” ပထမရက်တုန်းက ၁၁ သိန်းခွဲပေါက်တယ်။နောက်တော့ ၁၁ သိန်းစျေးဖြစ်တယ်။…

Read More

ယခုနှစ်အတွင်း ကမ္ဘာ့အပြင်းထန်ဆုံးမုန်တိုင်း ဂျမေကာကို ဝင်ရောက်တိုက်ခတ်တော့မယ်

ကင်းစတန်၊ အောက်တိုဘာ-၂၈-၂၀၂၅ ရတီ(VOM) ယခုနှစ်အတွင်း ကမ္ဘာ့အပြင်းထန်ဆုံးမုန်တိုင်းကြီးတခု ဂျမေကာနိုင်ငံကို ဦးတည်တိုက်ခတ်နေတာကြောင့် အာဏာပိုင်တွေက သတိပေးချက်တွေ ထုတ်ပြန်ထားသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ လေတိုက်နှုန်း တနာရီ ၁၇၅ မိုင်အထိရှိတဲ့ ဟာရီကိန်းမယ်လီဆာဟာ အဆင့်-၅ အဖြစ် သတ်မှတ်ထားပြီး ပိုမိုအားကောင်းလာကာ အင်္ဂါနေ့အစောပိုင်းမှာ ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ဂျမေကာကို ဝင်ရောက်ဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ ဂျမေကာမှာ လူသုံးယောက်သေဆုံးခဲ့ပြီး ဟေတီနဲ့ ဒိုမီနီကန်တို့မှာလည်း လူလေးယောက် သေဆုံးခဲ့ပါတယ်။ မယ်လီဆာရဲ့ အရှိန်ကြောင့် အချို့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ အမေရိကန်အခြေစိုက် အမျိုးသားဟာရီကိန်းစင်တာ (NHC) မှ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ အမြင့်ဆုံးလေတိုက်နှုန်းနဲ့ ဗဟိုဖိအားနိမ့်ကျမှုအရ မယ်လီဆာဟာ ယခုနှစ်အတွင်း ကမ္ဘာ့အပြင်းထန်ဆုံးမုန်တိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအင်အားအရ ၁၈၅၁ ခုနှစ်မှာ မှတ်တမ်းတွေ စတင်ချိန်ကစပြီး…

Read More

ကမ္ဘာအသက်အကြီးဆုံး သမ္မတဖြစ်သူ ရွေးကောက်ပွဲမှာ ရှစ်ကြိမ်မြောက် အနိုင်ရပြန်

ယောင်အွန်‌ဒေး၊ အောက်တိုဘာ-၂၈-၂၀၂၅ မျိုးဆက်(VOM) ကင်မရွန်းနိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် သမ္မတ ပေါလ်ဘိုင်ယာဟာ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲမှာ ရှစ်ကြိမ်မြောက်သက်တမ်းအတွက် အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ ပေါလ်ဘိုင်ယာဟာ ထောက်ခံမဲ အရေအတွက် ၅၃ ဒဿမ ၇ ရာခိုင်နှုန်းရရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် အစ်ဆာတီချီရိုမာဘာကာရီက ၃၅ ဒဿမ ၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကြေငြာချက်မထုတ်ပြန်မီမှာ သမ္မတဘိုင်ယာရဲ့ မဟာမိတ်ဟောင်းဖြစ်တဲ့ ဘာကာရီက ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း အခိုင်အမာပြောကြားခဲ့ပေမယ့် လက်ရှိအာဏာရ ကင်မရွန်းပြည်သူ့ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီက ပယ်ချခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လူအသေအပျောက်ရှိတဲ့ အကြမ်းဖက်မှုတွေပါ ဖြစ်ပွားခဲ့ပြီး မကြာသေးမီရက်တွေအတွင်း ဘာကာရီကို ထောက်ခံသူ ရာပေါင်းများစွာသည် မြို့အတော်များများမှာ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ…

Read More

သတ္တုတင်ကားတွေကြောင့် လားရှိုး-နမ္မတူ ကားလမ်းပျက်စီးသွားလို့ ဒေသခံတွေ အခက်တွေ့

အောက်တိုဘာ၊ ၂၈၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့မှာ သတ္တုတင်ကုန်ကားကြီးတွေ ဖြတ်သန်းတာကြောင့် လပိုင်းအတွင်း လားရှိုး-နမ္မတူ ကားလမ်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ယခုနှစ် ဩဂုတ်လကစပြီး နမ္မတူ သတ္တုမိုင်းက လက်ကျန်ချော်ကျောက်တွေ တင်ထားတဲ့ တန်ချိန် ၅၀ နဲ့အထက် ကုန်ကားတွေ ဖြတ်သန်းတာကြောင့် လမ်းပျက်စီးသွားတာလို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။ “ချော်ကျောက်တင်တဲ့ ကုန်ကားတွေ ဩဂုတ်လလောက်ကစပြီး ဖြတ်တာ။ တစ်နေ့ကို အစီးသုံးဆယ်လောက်ရှိမယ်။ နေ့တိုင်း အသွားအလာလုပ်လိုက်တာ တစ်လတောင် မကြာဘူး လမ်းက မြောင်းတွေ ဖြစ်သွားတယ်။ အခု ဒေသခံတွေ သွားလာလို့ မရတော့ ဘူး” လို့ နမ္မတူမြို့ခံတယောက်က ပြောပါတယ်။ သတ္တုတင်တဲ့ ကားတွေဟာ တန်ချိန် နှစ်ဆယ်လောက် အလေးချိန်ရှိပြီး အဲကားတွေနဲ့ ချော်သတ္တု တန်ချိန် လေးဆယ်လောက် တင်ဆောင်ကြတယ်လို့…

Read More

နိုင်ငံရေးပါတီအချို့ မဲဆွယ်စည်းရုံးရေးစတင်

အောက်တိုဘာ ၂၈ ၊ ၂၀၂၅ GG (VOM) မကြာမီ ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ စတင်တဲ့ဒီနေ့မှာ နိုင်ငံရေးပါတီအချို့က မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဥ်တွေကို စတင်ပြုလုပ်နေကြပြီဖြစ်တယ်လို့ နိုင်ငံရေးပါတီအချို့ ဆီက သိရပါတယ်။ လက်ရှိရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေထဲက အင်အားအများဆုံးနဲ့ရပ်တည်နေတဲ့ USDP ပါတီကတော့ ဒီနေ့မနက်ပိုင်းကစပြီး နေပြည်တော်ရှိ ပါတီဌာနချုပ်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်းအနားကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ” ပါတီဌာနချုပ်အပါအဝင် သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက်မှာရှိတဲ့ ခရိုင်မြို့နယ်အားလုံးမှာ ဆိုင်းဘုတ်တင်အခမ်းအနားကို “ပိုမိုခိုင်မာ ပြည်မြန်မာ “ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို ဒီနေ့မနက်မှာ တပြိုက်နက်တည်း အုံနဲ့ကျင်းနဲ့စိုက်ထူပါတယ်။နောက်နေ့မှာ သက်ဆိုင်ရာမြို့နယ်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ဘေဘုတ်တွေကို စိုက်ထူကြမယ်။ခွင့်ပြုမိန့်တင်ရတယ်။” လို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ် ။ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ခြင်း ၊ကိုယ်စားလှယ်လောင်းတွေရဲ့ဆိုင်းဘုတ်တင်ခြင်း လုပ်ငန်းစဥ်တွေပြီးဆုံးပါက မဲဆွယ်စည်းရုံးရေး…

Read More

တရုတ် – ကချင် နယ်စပ်ဂိတ်တွေအားလုံး လူဝင်လူထွက်ခွင့် ပြန်ဖွင့်​ပေး

အောက်တိုဘာ ၂၈၊ ၂၀၂၅ Shy V (VOM) တရုတ် – ကချင် နယ်စပ်ဂိတ်တွေ အားလုံးကို အောက်တိုဘာလ ၂၄ ရက်နေ့ည တရုတ်စံတော်ချိန် ၁၂ နာရီတိတိက စပြီး လူဝင်လူထွက်ခွင့်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ကံပိုင်တည် ဆဒုံး နယ်စပ်ဂိတ်တွေ ဖွင့်ပြီလေ။ ဒါပေမယ့် ကျနော်တို့ ဒီမြန်မာဘက်ခြမ်းက အသက်အရွယ် ကန့်သတ်ထားတယ်။” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အသက် ၅၀ အထက်နဲ့ ကလေးမိခင် အမျိုးသမီး တွေကိုပဲ သွားခွင့်ပြုပြီး နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားတွေကိုလည်း လုပ်ပေးမယ်လို့ ကြားသိရပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။ လွယ်ဂျယ်နဲ့ ဗန်းမော်ကြားမှာ တရုတ်​တွေ မြေရှားသတ္တု…

Read More

တောင်ကြီးမှာ မီးပုံးပျံအတွက် ယမ်းစပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး တယောက်သေပြီး နှစ်ယောက်ဒဏ်ရာရ

အောက်တိုဘာ ၂၈ ၊၂၀၂၅ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု ၊ဒုံခါးရားရွာမှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ယမ်းစပ်တဲ့နေအိမ်မှာ ယမ်းပေါက်ကွဲပြီး တယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ပန်သခွားရွာနားမှာဖြစ်တာပါ။ ပေါက်ကွဲနေတာတအုန်းအုန်းနဲ့ ကြားရတယ်။တယောက်သေတယ်။လူနာတင်ကားတွေရော မီးသတ်ကားတွေရော လာကြတယ်။သေတဲ့သူက အနားကကွမ်းယာဆိုင်ကလို့သိရတယ်။ ” လို့ ပန်သခွား ဒေသခံကပြောပါတယ်။ ယမ်းပေါက်ကွဲမှုဖြစ်ပွားရာ နေအိမ်ကို မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့တို့ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတို့ကိုတော့ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ” ယမ်းစပ်တဲ့အိမ်မှာပေါက်ကွဲတာပါ။ယမ်းခွေအတွက် ယမ်းစပ်နေချိန် ဖြစ်သွားတာပါ။အမျိုးသမီးတယောက်သေပြီး အမျိုးသားနှစ်ယောက် ဒဏ်ရာရပါတယ်။ဒဏ်ရာရတဲ့ အမျိုးသားနှစ်ယောက်က ယမ်းစပ်တဲ့သူတွေပါ ။ ဒဏ်ရာက စိုးရိမ်စရာမရှိပါဘူး။ ” လို့ တောင်ကြီးမြို့နယ် မီးသတ်ဌာနမှ တာဝန်ရှိသူကပြောပါတယ်။ အရင်က ကျင်းပခဲ့တဲ့…

Read More

သူတို့အိမ် အခန်း – ၂၃

  ဆူးငှက်   ၁၄ နှစ်သမီး နှင့် ပဋာစာရီ ——————————- မူလတန်းမှာ ဒက္ခိဏဝံတိုက် ဦးပဏ္ဏဝံကျောင်းသို့ ကျောင်းစတက်ရတာရော၊ အဘက ရွာပြန်လှူတာရော၊ ဝင်းထဲက အ်မ်ကလေး အသစ်ပြန်ဆောက်တာရော မှတ်မိတာတွေက သိသိသာသာမို့ အိမ်က အစ်မအကြောင်း ပြောဖို့ ကျန်သွားသည်။ ကျွန်တော့် အထက်က အစ်မဖြစ်သူ မခင်ဝင်း က ကျွန်တော်နှင့် အသက် ၉ နှစ်ကွာသည်။ သူက ငယ်ငယ်လေးကတည်းက အက ဝါသနာပါသည်။ ထို့ကြောင့် အမေ့ဆီဖောက်သည် ဆရာမကြီးဒေါ်သြဘာသောင်းက တဆင့် နန်းရှေ့ပန်တျာကျောင်းသို့ အပ်နှံလိုက်သည်။ ကျွန်တော် ၉နှစ် ၁၀နှစ်သားလောက်က ရွာမှာ အဘက ပြန်လှူတော့ မမခင်ဝင်း မလိုက်နိုင်တော့။ ထိုအချိန်တွင် သူက ဆရာမကြီး ဒေါ်သြဘာသောင်းနှင့်အတူ ရန်ကုန်သို့ ရောက်နေလို့ ဖြစ်သည်။ မမခင်ဝင်းက ပန်တျာကျောင်းတက်ကတည်းက ထူးချွန်ကျောင်းသူ…

Read More

အင်းတော်မြို့ သိမ်းပိုက်ချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၁၃ ယောက် ထွက်ပြေး

အောက်တိုဘာ ၁၇၊ ၂၀၂၅ Shy V (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ သိမ်းပိုက်ချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၁၃ ယောက် အောက်တိုဘာလ ၂၅ ရက်နေ့က ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အင်းတော်မြို့ သိမ်းတိုက်ပွဲမှာ ဖမ်းထားတဲ့ စစ်သုံ့ပန်း ၁၃ ယောက် အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မနက်အစောပိုင်း ထွက်ပြေးသွားတာဖြစ်ပြီး အချုပ်ခန်းစောင့်တဲ့ သူတွေဆီက သေနတ်တွေပါ လုယူသွားတာကြောင့် သေနတ် သုံးလက် ပါသွားတယ်လို့ ကြားကြောင်း သူက ပြောပါတယ်။ “အစောင့်တွေက ပေါ့လျော့လို့ နေမှာပါ။ လိုင်းမကောင်းတော့ အသေးစိတ်မသိရဘူး။ ထွက်ပြေးသွားတဲ့သူတွေက အရာရှိတွေပဲလို့ ကြားတယ်။” လို့ KIA တပ်ဖွဲ့နဲ့…

Read More
VOM News

FREE
VIEW