တရုတ် – ကချင် နယ်စပ်ဂိတ်တွေအားလုံး လူဝင်လူထွက်ခွင့် ပြန်ဖွင့်​ပေး

အောက်တိုဘာ ၂၈၊ ၂၀၂၅
Shy V (VOM)
တရုတ် – ကချင် နယ်စပ်ဂိတ်တွေ အားလုံးကို အောက်တိုဘာလ ၂၄ ရက်နေ့ည တရုတ်စံတော်ချိန် ၁၂ နာရီတိတိက စပြီး လူဝင်လူထွက်ခွင့်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ကံပိုင်တည် ဆဒုံး နယ်စပ်ဂိတ်တွေ ဖွင့်ပြီလေ။ ဒါပေမယ့် ကျနော်တို့ ဒီမြန်မာဘက်ခြမ်းက အသက်အရွယ် ကန့်သတ်ထားတယ်။” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အသက် ၅၀ အထက်နဲ့ ကလေးမိခင် အမျိုးသမီး တွေကိုပဲ သွားခွင့်ပြုပြီး နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားတွေကိုလည်း လုပ်ပေးမယ်လို့ ကြားသိရပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။
လွယ်ဂျယ်နဲ့ ဗန်းမော်ကြားမှာ တရုတ်​တွေ မြေရှားသတ္တု တူးမယ်လို့ သတင်းထွက်နေတာကြောင့် မြေရှားသတ္တု တူးမှုကြောင့် မြေဆီလွှာ အဆိပ်သင့်တဲ့ အပြင် သောက်ရေတွေပါ ရှားပါးလာလို့ စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
“တရုတ်ဘက်က တောင်းဆိုလို့ ပြန်ဖွင့်တာပါ။ တရုတ်တွေ မြန်မာဘက်ခြမ်းက ပစ္စည်းတွေသယ်ယူချင်လို့လေ။ မြန်မာဘက်ခြမ်းကိုလည်း သံထည်၊ ဘိလပ်မြေတွေ သယ်ယူလို့ရတယ်လို့ပြောတယ်။” လို့ နောက်ထပ် နယ်စပ်ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။
အဓိကက တရုတ်တွေ မြန်မာဘက်ခြမ်းက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လာသယ်ယူချင် နေတာ လို့ မြင်ပြီး နယ်စပ်ထိစပ်နေတာကြောင့် တရုတ်နဲ့က မဆက်ဆံလို့ မရတဲ့ အနေအထား ဖြစ်နေကြောင်း သူက ပြောပါတယ်။
“ဂိတ်ကတော့ အရင်ကတည်းက ဖွင့်တယ်။ ဒါပေမယ့် မြန်မာဘက်ခြမ်းက ကြံ နဲ့ တရုတ် ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေပဲ သယ်လို့ရတာ။ အခုတော့ တခြားပစ္စည်းတွေလည်း နည်းနည်းပါးပါး ပေးဖြတ်ပြီလို့ပြောတယ်။ အခုက လူလည်းဝင်လို့ရတယ်လို့ ပြောတယ်” လို့ နယ်စပ် ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
နယ်စပ်ဂိတ်တွေ ဖွင့်လှစ်လိုက်လို့ ကုန်ဈေးနှုန်း ကျသွားတာကလွဲလို့ မြန်မာဘက် နယ်စပ် ဒေသခံတွေအတွက် ဘာမှ အကျိုးထူးတာ မရှိသလို့ ဝင်ထွက်ဖို့လည်း ကန့်သတ်ထားတာကြောင့် မြန်မာဘက်ခြမ်းက လိုချင်တဲ့ ပစ္စည်း သယ်ယူဖို့ ဖွင့်လိုက်တာလို့ မြင်ကြောင်း နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မြန်မာ နယ်စပ် တလျှောက်က စိုက်ပျိုးရေးထွက်ကုန် အပါအဝင် သဘာဝ သယံဇာတတွေကို တရုတ်ဘက်က ဈေးနှုန်း သက်သက်သာသာ နဲ့ အလကား နီးပါး ရယူနေတာဖြစ်တယ်လို့ နယ်စပ် ကုန်သည် တယောက်ကလည်း ပြောပါတယ်။
KIO/KIA ထိန်းချုပ်ရာ တရုတ် – မြန်မာ နယ်စပ်ဂိတ် သာမက အစိုးရ စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ ကနေလည်း တရုတ်ဘက်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေကို အသက် ကန့်သတ်ချက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW