မန္တလေး၊ နိုဝင်ဘာ- ၂၄- ၂၀၂၅
SA(VOM)
မြန်မာသံတော်ဆင့် သတင်းဌာန၊ ဓမ္မသံတော်ဆင့် စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ် မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၂ လမ်း၊ ၃၄ လမ်း ၃၅ လမ်းကြားက ဗြဟ္မစိုရ်အသင်း စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်ကို တက်ရောက်လာသူများနဲ့ သတင်းဌာနတွေကို စာအုပ်ဝေငှပြီး မိတ်ဆက်ခဲ့သလို ဗြဟ္မစိုရ်အသင်းစာကြည့်တိုက်ကိုလည်း စာအုပ်တွေ လှူဒါန်းခဲ့ပါတယ်။
“သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက် လှူဒါန်းပွဲ အခမ်းအနားမှာ မြန်မာသံတော်ဆင့် သတင်းဌာနက ထုတ်ဝေသူ ဦးကျော်စွာဝင်း/ ဓမ္မပါလမြို့သား(မောင်ရေစက်) က အဲ့ဒီစာအုပ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုလူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ရတဲ့အကြောင်းပြောခဲ့ပြီး ဗြဟ္မစိုရ်အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်လေး(အငြိမ်းစား ပါမောက္ခ) က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
