ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅ Ms (VOM) ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံမြို့က တောင်ပေါ်ရွာ၄၀ခန့်မှာသဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တောင်ပေါ်ရွာတွေကဒေသခံတွေအနေနဲ့ ဆန်ရိက္ခာကိုအဓိကလိုအပ်နေပြီး အငတ်ဘေးကြုံနေရလို့ အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေတဲ့ရောဂါတွေကို ကြုံတွေ့ခံစားနေရတယ်လို့ဆိုပါတယ်။ “စားသောက်ဖို့ခက်ခဲတယ်ဆိုရင်တော့ အာဟာရချို့တဲ့တဲ့ရောဂါတွေဖြစ်နိုင်တယ်ပေါ့နော်။ အရေပြားရောဂါတွေလည်းဖြစ်နိုင်တယ်။နောက်ပြီးတော့ကိုယ်ဝန်ဆောင်တွေဆိုရင်လည်းမွေးလာရင် အာဟာရချို့တဲ့တော့ ပေါင်မပြည့်၊အာဟာရချို့တဲ့တဲ့ကလေးလေးတွေမွေးလာနိုင်တယ်။ ဒါလည်းအရင်ထဲကရွာတွေမှာရှိတယ်။ အခုကအငတ်ဘေးကြုံနေရတော့ပိုပြီးဆိုးဝါးနိုင်တယ်။ ခါးတိုင်းဆိုတောင်ပေါ်မှာနေသူတွေကရိုးရှင်းတယ်သူတို့နေထိုင်ပုံက တောင်ယာလုပ်မယ်၊ သီးနှံရတာလေးနည်းနည်းပါးပါးရောင်းမယ်။သူတို့လည်းစားတယ်ပေါ့၊အခုကတော့ကြွက်တွေဖျက်ဆီးတော့ဆန်တောင်ရှိတာ လေးနဲ့မြို့ကနေသွားဝယ်ရတော့၊ဆေးကုဖို့လည်းမရှိဘူး။ နဂိုထဲကလည်းရွာတွေမှာကျန်းမာရေးဌာနကလည်း မရှိဘူး၊မြို့နဲ့လည်းအလှမ်းဝေးတော့ပိုဆိုးတယ်။ ပိုက်ဆံနည်းနည်းရတာနဲ့မြို့တက်ဆန်ဝယ်နေရတော့ ကျန်းမာရေးအတွက်ဆေးကုသဖို့ဆိုလည်း မရှိဘူး၊နေမကောင်းရင်လည်းဒီအတိုင်းပဲနေကြတာ အခုလိုဆိုတော့ ပိုဆိုးတာပေါ့လို့”တောင်ပေါ်ရွာသားတွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာနန်းမာလာဝမ်းက ပြောပါတယ်။ တောင်ပေါ်ရွာတွေမှာ ဆန်စပါးစိုက်ပျို့ဖို့အခက်ကြုံတာဟာပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ပြီး မိုးရာသီအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ရေကြီးနစ်မြုပ်မှုသဘာဝဘေးတွေကြောင့် လယ်စိုက်ဧကများရေထဲမြောပါသွားကြသလို ကျန်ရှိတဲ့စပါးစိုက်ခင်းအနည်းငယ်ကလည်း ကြွက်တွေဖျက်ဆီးလို့ အကုန်ပါကုန်ကြောင်းဒေသခံတွေကပြောပါတယ်။ ” အခုပြီးခဲ့တဲ့မိုးတွင်းက စပါးစိုက်ခင်းတွေ ရေနဲ့မြောကုန်တာ အိမ်မှာ၃ဧကလောက်စိုက်တာ၂ဧကလောက်က ရေထဲပါကုန်တယ်။ကျန်တဲ့၁ဧကလည်းကြွက်တွေဖျက်ဆီးစားသောက်လို့ ဘာမှကိုမရလိုက်ဖူး၊အမေဆို စပါးကျီထဲထည့်စရာစပါးမရှိတော့လို့ငိုရောပဲ”လို့ မိုင်းပန်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစကာ…
Read MoreYear: 2025
ဂျဲယန် စစ်ရှောင်စခန်းက ပျောက်သွားတဲ့ ကလေးသုံးယောက် အသတ်ခံခဲ့ရပြီး ကျူးလွန်သူတယောက် ဖမ်းမိထား
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅ Shy V (VOM ) လိုင်ဇာ အနီးက ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပျောက်သွားတဲ့ ကလေး သုံးယောက် စလုံးပြန်တွေ့ပြီ။ တယောက်ကို သစ်ပင်ပေါ် ကြိုးနဲ့ ဆွဲပြီး သတ်ထားတာ။ံနှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ ချည်ပြီး ချောင်းထဲ နှစ် ထားတာလို့ ပြောတယ်။ တယောက်က ဒီ မနက်မှ တွေ့တာ” လို့ ဒေသခံ တယောက် က ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ကလေးမလေးေတွက အသက် ၁၀ နှစ် အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မလထော်ရွယ်ဂျီ နဲ့ ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့…
Read Moreပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူ အသတ်ခံရ
ဖေဖော်ဝါရီ ၂၆ – ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်သတ်ခံရမှု ဒီနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့ရတယ်လို့သိရပါတယ်။ အဆိုပါ ရွာရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နေအိမ်မှာရှိနေစဥ်လာရောက်ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးမှာ သေနတ်ဒဏ်ရာနှစ်ချက်၊ဇနီးဖြစ်သူမှာ သေနတ်ဒဏ်ရာ လေးချက်ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မနက်၇နာရီလောက်မှာ သူတို့အိမ်မှာပစ်ခံရတာလို့သိရတယ်။ နေရာမှာပဲဆုံးသွားတယ်။ အုပ်ချုပ်ရေးမှူးကလက်မောင်းနဲ့ ရင်ဘတ်ကိုမှန်တယ်။သူ့မိန်းမမှာက လက်နှစ်ဖက်နဲ့ဗိုက်၊လည်ပင်းမှာ မှန်တယ်။”လို့ ဒေသခံ ကပြောပါတယ်။ အုပ်ချုပ်ရေးမှူးပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ အလောင်းကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ် ၊ ပေါင်မြို့နယ်…
Read Moreအမေရိကန်နိုင်ငံသား ဖြစ်ခွင့်အတွက် ဒေါ်လာငါးသန်းတန် Gold Card တွေရောင်းချတော့မယ်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံသား ဖြစ်ခွင့်လမ်းကြောင်းရှိတဲ့ ဒေါ်လာ ငါးသန်းတန် Gold Card တွေရောင်းချဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အဓိကဆွဲဆောင်တဲ့ ဗီဇာအစီအစဉ်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင် ရင်းနှီးမြုပ်နှံသူတွေအတွက် ထုတ်ပေးတဲ့ EB-5 ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ အမေရိကန်မှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card ထုတ်ပေးတာဖြစ်ပါတယ်။ Gold Card ကိုဒေါ်လာ ငါးသန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Green Card အခွင့်အရေးတွေအပြင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်းဖြစ်တယ်လို့ ထရန့်ကပြောပါတယ်။ ချမ်းသာတဲ့သူတွေ ဒီကတ်ကိုဝယ်ပြီး အမေရိကန်ကို လာနိုင်ကြတယ်လို့ ဆိုပါတယ်။ ရုရှားစီးပွားရေးသမား အိုလီဂါ့တွေတောင် ဒီကဒ်ကိုဝယ်နိုင်တယ်လို့ ထရန့်က ပြောပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ ၁၉၉၀ ခုနှစ်မှာ ကွန်ဂရက်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။…
Read Moreမုံရွာနယ် ဗောဓိတထောင် ဘုရားအနီးတိုက်ပွဲ ရဲအုပ်တယောက်သေဆုံးပြီး တခြားရဲတပ်ဖွဲ့ဝင်တွေ ပျောက်နေ
ဖေဖော်၀ါရီ ၊ ၂၆ ၊ ၂၀၂၅ KH(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ရဲ့ အရှေ့ တောင်ဘက်မှာရှိတဲ့ ဗောဓိတထောင် သာသနာ့နယ်မြေမှာ ဒီကနေ့ မနက် အစောပိုင်းကစလို့ တိုက်ပွဲတွေဖြစ်နေလို့ မုံရွာမြို့ခံတွေဆီက သိရပါတယ် ။ ” ဗောဓိတထောင် သာသနာ့နယ်မှာ တိုက်ပွဲဖြစ်တာ အခုဟာရောဆိုရင် သုံးလေးကြိမ်ရှိပြီဖြစ်တယ်၊ နှစ်ဘက် ထိခိုက် သေဆုံးသူတွေလည်းများပြီ ၊ ဒီကနေ့ ဖြစ်စဥ်မှာတော့ ရဲကင်းစခန်းမှူး ရဲအုပ် ကျော်ဝေအောင် သေဆုံးတယ်လို့ ကနဦး ကြားရတယ် ၊ အဲ့ဒီအပြင် ရဲတပ်ဖွဲ၀င် တချို့လည်း ပျောက်ဆုံးနေတယ်လို့ ကြားသေးတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ နောက်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ရှစ်လောင်း တွေ့ရတယ် ၊ ဘယ်အဖွဲ့ဘက်က ရုပ်အလောင်းတွေဆိုတာ အခုထိအဖြေ မသိရသေးဘူး ” လို့…
Read Moreရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းအစပ်မှာ စစ်ရေး ဆက်လက်တင်းမာ
ဖေဖော်ဝါရီ ၂၅- ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ AA နဲ့ နစက တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ် တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ပဲခူးတိုင်းထဲမှာဆိုရင် ပန်းတောင်မြို့နယ်၊ညောင်ကျိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအပြင် နစကမှလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ညောင်ကျိုးရွာဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရသလို အနီးနားက နေထိုင်သူတွေလည်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အတွက် စစ်ရှောင်တွေပိုတိုးလာနေ တယ်လို့သိရပါတယ်။ ” ညောင်ကျိုးဘက်မှာ တိုက်ပွဲဖြစ်နေတော့ဘယ်သူမှမရှိတော့ဘူး။သွားလာဖို့လည်းမလွယ်တော့ဘူး။သွားလို့လည်းမရဘူး။ခုထိချနေကြတုန်းပဲ။ပစ်သံခတ်သံတွေကြားရတုန်းပဲ။လေယာဥ်တွေလည်းကျဲတယ်။ရွာသားတွေကတော့ အကုန်ပြေးကြပြီးကျွန်တော်တို့တောင်းပန်းတောင်ရောက်နေပြီ။ညောင်ကျိုးက ရခိုင်နဲ့အစပ်နေရာပဲ။နစက ကလည်းခံစစ်တော်တော်ပြင်ထားတဲ့သဘောရှိတယ်။အဲဒီဘက်ကို စစ်ကားတွေအင်အားဖြည့်တယ်။ ” လို့ စစ်ရှောင်လာတဲ့ဒေသခံကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးနဲ့ ညောင်ခြေထောက်မှာရှိတဲ့အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံက ၁၀ မိုင်လောက်သာရှိတာကြောင့် နစကဘက်ကလည်းညောင်ကျိုးစခန်းမကျအောင် အင်အားဖြည့်ပြီး ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ ညောင်ကျိုး ဘက်အပြင် ညောင်ခြေထောက်ဘက်ကိုလည်းနစက တပ်ဖွဲ့မှလွဲပြီး ကျန်သူတွေ…
Read Moreသီပေါမှာ စစ်ကျန်လက်နက် ပစ္စည်းရှာဖွေ ရောင်းချတာ ဈေးကွက်တခုလို ဖြစ်လာနေ
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ်၊ သီပေါမြို့မှာ TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်ကျန်လက်နက် ပစ္စည်း ရှာဖွေ ရောင်းချတာ ဈေးကွက် တခုလို ဖြစ်နေတာကြောင့် အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “သီပေါဘက်မှာကလေ အဲဒီဗုံးတွေက ဈေးကွက်ဖြစ်နေတာ။ မကွဲသေးတဲ့ ဗုံးတွေကို လိုက်တူး လိုက်ရှာပြီး ပြန်ရောင်းစားနေကြတာ။ ကွဲလို့သေတဲ့သူအများစုက အဲဒီလိုတွေပဲများတာ။ ဆော့လို့ကွဲသေတယ်ဆိုတာ အလကားပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဈေးကောင်းလည်း ရတာကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝမ်းရေး အခက်အခဲ နေချိန် တချို့က အဲဒီ စစ်ကျန်လက်နက် ပစ္စည်းတွေကို အန္တရာယ် တွေကြားက ရှာဖွေကာ အခက်အခဲကို ဖြေရှင်း နေကြရတယ် လို့ သူက…
Read Moreရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်မရှိဘူးလို့ တရုတ်သမ္မတပြော
ပေကျင်း၊ ဖေဖော်ဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ရုရှားနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ရုရှားသမ္မတ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်လာပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တရပ် အမြန်ဆုံးရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွန်းအားပေးနေချိန်မှာ အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နှစ်နို်ငငံအကြား မဟာမိတ်ဖွဲ့မှုနဲ့ ရေရှည်ဆက်ဆံရေးကို တတိယာအင်အားစုကြောင့် သက်ရောက်မှုရှိနိုင်မှာမဟုတ်ဘူးလို့ ပူတင်နဲ့ ရှီကျင်းပင်က အလေးပေးပြောဆိုပါတယ်။ တရုတ်-ရုရှားဆက်ဆံရေးမှာ ခို်ငမာတဲ့ ပြည်တွင်ရေးမောင်းနှင်အားနဲ့ ထူးခြားတဲ့ဗျူဟာမြောက် တန်ဖိုးတွေရှိပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဩဇာလွှမ်းမိုးခြင်းမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ နို်ငငံခြားရေး မူဝါဒတွေဟာ ရေရှည်အတွက်ဖြစ်တယ်လို့ သူကဆိုပါတယ်။ နေတိုးနဲ့ အနောက်အုပ်စုနိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းနဲ့ စစ်တိုက်နေတဲ့ ရုရှားကတော့ တရုတ်နဲ့…
Read Moreချင်းတွင်းမြစ် မြစ်ကြောင်းမှာ ပို့ကုန်တွေ ဖြတ်တောက်ခံရလို့ မော်တော်ပိုင်ရှင်တွေနဲ့ ကုန်သည်တွေ အခက်တွေ့
ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅ KH ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာဆိပ်ကမ်းကနေအထက်ချင်းတွင်း ဒေသဖြစ်တွေတဲ့ ၊ ကလေး၀ ၊ မင်းကင်း၊မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ခန္တီး စတဲ့ မြို့နယ်တွေဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ မြစ်ကြောင်းတလျောက်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေက ပိတ်ဆို့ တားဆီးတာတွေရှိနေတယ်လို့ ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” နှစ်ဘက် စစ်ဆေးရေး အဖွဲ့တွေက ပို့ကုန် တချို့ကို တားဆီးပိတ်ပင်ထားတယ် ၊ အဲ့ဒီလို့ တားဆီး ပိတ်ပင်တွေအဖွဲ့ က မြစ်ကြောင်း တလျောက် အနည်းဆုံး အဖွဲ့၂၀ ကျော်အထက်မှာရှိတယ် ” လို့ ရေယာဥ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် အခုလို တားဆီးပိတ်ပင်ထားတဲ့ ကုန်စည်အမျိုးအစားတွေကတော့ အိမ်သုံးဆေး၀ါး အမျိုးမျိုး…
Read Moreစစ်ရှောင်တွေကြောင့် မကွေးမြို့ပေါ်က အိမ်ခြံမြေဈေးကွက် ပြန်သွက်လာ
ဖေဖော်ဝါရီ ၂၅ – ၂၀၂၅ KKO(VOM) မကွေးတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နှစ်လည်ပိုင်းကစလို့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်မားလာသကဲ့သို့ အငှားဈေး ကွက်ဟာလည်း ယခင်နှစ်တွေကထက် ငှားရမ်းသူတွေပိုမိုများပြားလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်တို့အကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဆက် တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတိုက်ပွဲတွေကြောင့် နိုင်ငံ့၀န်ထမ်းတွေ အခြားသော အရပ်သားတွေ အပါအဝင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် အုပ်ချုပ်ရေးပိုင်း၊လုံခြုံမှုအပိုင်းအားကောင်းတဲ့ မကွေးမြို့ပေါ်သို့ အစုလိုက်အပုံလိုက်ပြောင်းရွှေ့လာတဲ့အတွက် မကွေးမြို့အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံအိမ်ခြံမြေဈေးကွက်ပွဲစား တယောက်က VOM ကို ပြောပါတယ်။ “မကွေးကို စစ်ဘေးရှောင်လာကြသူတွေထဲမှာဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ မကွေးတိုင်းမြောက်ခြမ်းကမြို့တွေ ချင်းပြည်နယ်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ဘေးရှောင်တွေမိသားစု၀င်တွေ ကျောင်းနေအရွယ်ကလေးငယ်တွေ များစွာပါဝင်တဲ့ အတွက် ဒီဘက်က အိမ်ခြံမြေဈေးကွက်မြင့်မားလာတဲ့ သဘောပါ”လို့ မကွေးမြို့ဒေသခံ တယောက်က…
Read More