ဇန်နဝါရီ ၁၉ ၊ ၂၀၂၆ GG (VOM ) ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီ ၃၀ မိနစ်လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုက ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပါတယ်။ လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေတဲ့အတွက် ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။ ” မီးကအထဲမှာ လှိိုက်လောင်တော့ ငြိမ်းသတ်နေရဆဲပါ။ မီးသတ်ကားတွေလည်း များပါတယ်။ယုဇနပလာဇာဘေး နှင်းဆီလမ်းထဲက တိုက်ခန်းမှာ လောင်တာပါ ။ ” လို့ မီးလောင်ပြင်မှာ ကူညီရေးလုပ်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဆိုပါ မီးလောင်မှုကို…
Read MoreDay: January 20, 2026
ဒေါ်လာ ဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ဖော်ထုတ် အရေးယူ
ဇန်နဝါရီ ၁၉ – ၂၀၂၆ SS (VOM) နိုင်ငံတော် ငွေရေးကြေးရေးစနစ် တည်ငြိမ်စေရေး၊ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှု မရှိစေရေးအတွက် ဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားပါတယ်။ ငွေလဲဈေးကွက်အတွင်း လိုင်စင်မရှိဘဲ အရောင်းအဝယ် ပြုလုပ်နေသူတွေ၊ ဒေါ်လာစုဆောင်း သိုလှောင်သူတွေ၊ USDT အွန်လိုင်း အရောင်းအဝယ်နဲ့ ဈေးကစားသူတွေကို လိုက်လံစစ်ဆေး အရေးယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က “လတ်တလောကတော့ အဖမ်းအဆီးတွေ ကြမ်းနေတာမှန်တယ်။ လက်ကြီးသမားတချို့ ဖမ်းဆီးခံရတာရှိတယ်။ သူတို့ထဲက တချို့ကလည်း သတင်းကြိုရလို့ ရှောင်ကြတယ်။ ဒေါ်လာဈေးကတော့ အခု လဆန်းပိုင်းလောက်ကစပြီး နည်းနည်းချင်းစီ တက်လာတာပေါ့။ အများကြီး ခုန်တက်လာတော့ မဟုတ်ဘူး” လို့…
Read Moreမဲဆောက်မှာ တရားမဝင် နေထိုင်တဲ့ မြန်မာတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ
ဇန်နဝါရီ ၁၉ – ၂၀၂၆ SN (VOM) မြန်မာ – ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့မှာ တရားမဝင် လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ အဲဒီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ ထိုင်းအလုပ်အကိုင် ဦးစီးဌာနကလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကြေညာထားတယ်လို့ သိရပါတယ်။ အဲဒီ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ကိုင်မှုတွေကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတချို့ ဖမ်းဆီး စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။ “ရက်ပိုင်းထဲမှာပဲ အဖမ်းအဆီးတွေ ကြမ်းလာတာ။ ဇန်နဝါရီ ၁၅…
Read Moreချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ
ဇန်နဝါရီ ၁၉ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးတင်လှရွှေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဆီက သိရပါတယ်။ ဦးတင်လှရွှေကို ဇန်နဝါရီ ၁၅ ရက်နေ့က ၊ ချောင်းဦးမြို့ပေါ်ရှိ လမ်းပိုင်းတနေရာမှာ ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးနောက် အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ်။ “ရွေးကောက်ပွဲ လုပ်ပြီးမှ အဖမ်းခံရတာပါ။ သူက ၁၅ ရက်နေ့က သူ့အိမ်မှာ အနှိပ်ခံပြီးတော့ အနှိပ်သည်ကိုပြန်ပို့တော့ ညနေပိုင်း လမ်းမှာ အဖမ်းခံရတာလို့ သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ ကျေးရွာကော်မရှင်အဖွဲ့ဝင် ဖမ်းခံရတယ်ဆိုတာတော့ မကြားသေးဘူး ။ ” လို့ တိုင်းကော်မရှင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။ လက်ရှိမှာ ဦးတင်လှရွှေ…
Read Moreသိန္နီမှာ စီးပွားရေးလုပ်ငန်းအများစု တရုတ်နိုင်ငံသားတွေ လွှမ်းမိုးလာ
ဇန်နဝါရီ ၁၉၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေက အများစု လွှမ်းမိုးလာနေပြီး ဒေသခံတွေ လုပ်ငန်းရှင်အဖြစ် ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သိန္နီမြို့တောင် ကျယ်ဂေါင်လို ဖြစ်သွားပြီ။ ဆိုင်ဆိုင်းဘုတ်တွေက အရင်ကတည်းက တရုတ်စာနဲ့ ဖြစ်နေပြီ၊ စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေကအစ တရုတ် သူဌေးတွေပဲ။ တရုတ်နိုင်ငံသား သူဌေးတွေ ကိုယ်တိုင် လာရောင်းနေကြတယ်။ ဒေသခံတွေကတော့ ဆိုင်ခန်းခ ဈေးမြင့်လာတာ၊ ရင်းနှီးမြှုပ်နှံမှု မယှဉ်နိုင်တာကြောင့် လုပ်ငန်းရှင်အဖြစ် မရပ်တည်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။ သိန္နီမြို့မှာ တရုတ်ငွေ (ယွမ်) ကို တိုက်ရိုက် လက်ခံသုံးစွဲနေကြတာကိုလည်း တွေ့ရပြီး MNDAA က ဒေသကို စတင်ထိန်းချုပ်ခဲ့တဲ့ အချိန်ကတည်းက စားသောက်ဆိုင်များ၊ စူပါမားကတ်များမှာ…
Read Moreရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် က ညောင်ခြေထောက်မြို့အနီးမှာ တိုက်ပွဲဖြစ်ပြီး တွဲကားနဲ့ ဆီဘောက်ဆာကား မီးလောင်ပျက်စီးခဲ့
ဇန်နဝါရီ ၁၉ ၊ ၂၀၂၆ CC (VOM) ပဲခူးတိုင်း ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဇေယျဝတီမြို့နဲ့ ညောင်ခြေထောက်မြို့ အကြားမှာ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မနက်ပိုင်းက အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားပြီး ဆီဘောက်ဆာကားနဲ့ တွဲကားတစီး မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ကားတွေ မီးလောင်ပျက်စီးခဲ့ပြီး လမ်းပိတ်နေတာကြောင့် ရန်ကုန် – မန္တလေး လမ်းဟောင်းလည်း ယာယီပိတ်ခဲ့ရပေမယ့် လက်ရှိမှာတော့ လမ်းပွင့်ပြီး ကားတွေ ဖြတ်သန်း သွားလာနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ” ညောင်ခြေထောက်နားမှာ ပစ်ခတ်ကြတာပါ ။မနက်အစော ၁ နာရီ ၊ ၂ နာရီလောက်ကြီး ပစ်ခတ်ကြတာပါ။ သေနတ်ဖောက်သံကြားရပြီး မကြာဘူး ကားမီးရှို့ခံရတယ်။ တွဲကား မီးရှို့ခံရတယ် ။ ပစ်ခတ်မှုတွေကြောင့် မနက်ကတော့ ကားတန်းရှည်ကြီး…
Read Moreသိန္နီ နဲ့ နမ့်စလပ်ကြား တစ်သျှူးငှက်ပျော စိုက်ခင်းတွေပိုများလာပြီး စပါစိုက်ဖို့ အခက်ကြုံ
ဇန်နဝါရီ ၁၉၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်နဲ့ နမ့်စလပ်ကြားဒေသမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက တစ်သျှူးငှက်ပျော စိုက်ခင်းတွေကို အများအပြား ရင်းနှီးမြှုပ်နှံလာပြီး ဒေသခံ ခြံမြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိတော့ဘဲ အလုပ်သမားအဖြစ် ပြန်လည်လုပ်ကိုင်ရတဲ့ အနေအထား ဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အခုက ခြံရှင်က အလုပ်သမား ဖြစ်သွားတာ။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဝင်လာပြီးတော့ ဒေသခံမြေပိုင်ရှင် တယောက်က မြေဧက ၂ ဧက ရှိတယ်ဆိုရင် အဲဒီမြေ ၂ ဧကကို ဒေသခံက စိုက်မယ်။ သဘောက အမြတ်ဘယ်လောက် ဆိုပြီးပေါ့နော်။ မြေပိုင်ရှင်က အမြတ်တော့ရမယ်။ အလုပ်သမားအဖြစ်လည်း လုပ်ရမယ် ဆိုတဲ့ပုံစံမျိုးပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေကို ငှားယူပြီး…
Read Moreပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်သစ်တင်
ဇန်နဝါရီ ၁၉ – ၂၀၂၆ SS (VOM) ပြည်တွင်းရွှေဈေးဟာ မြန်မာ့သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင် ဈေးအဖြစ် ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်၊ ညနေပိုင်းမှာ ကျပ် သိန်း ၁၀၀ ကျော်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ်သိန်း တရာ့သုံးသောင်း ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး စံချိန်တင် ဈေးအတက်ကြမ်းနေမှုကြောင့် ရွှေဆိုင်အများစု ဈေးမဖွင့်ရဲဘဲ အရောင်း၊ အဝယ် ရပ်ထားကြတယ်လို့ သိရပါတယ်။ “လက်ရှိ တရာ့သုံးသောင်းကလည်း တကယ်တမ်း ကမ္ဘာ့ဈေးရော၊ အမေရိကန်ဒေါ်လာ လတ်တလော ပေါက်ဈေးနဲ့ရော တွက်ကြည့်မယ်ဆို ဖြစ်သင့်တဲ့ ဈေးတန်း မဟုတ်သေးဘူး။ ဒီထက် ပိုများရမှာပေါ့လေ။ ဆိုင်အများစုကတော့ ဈေးတွေ တအားတက်လာလို့ အရောင်းရော၊ အဝယ်ရော ယာယီ ရပ်ထားကြတယ်။ အခြေအနေ စောင့်ကြည့်နေကြတဲ့…
Read Moreသူတို့အိမ် အခန်း – ၃၅
ဆူးငှက် ငချိပ်ပေါင်း၊ စားတော်ပဲ၊ ဘယာကြော် —————————————– ငယ်ငယ်က မနက်လင်းလျှင် စားဖြစ်သော အစားအသောက်ထဲက ငချိပ်ပေါင်းနှင့် ဘယာကြော်ကို အတော်ကြိုက်သည်။ မနက်လင်းသည်နှင့် ပဲဝင်းက လာနေကျ ပဲသည် ဒေါ်ရီရောက်လာသည်။ ဒေါ်ရီက ဘီလူးမ ညောင်ပင်အနီး ပဲဝင်းက ဖြစ်သည်။ ကျွန်တော် မှတ်မိသည့်အရွယ် ကတည်းက ဒေါ်ရီ ၏ ကောက်ညှင်းပေါင်း ငချိပ်ပေါင်း စားတော်ပဲ အကြော်စုံက မနက်လင်းသည်နှင့် ရောက်လာသည်။ သူက ဝတ်တာစားတာက အစ သပ်ရပ်သည်။ ပဲတောင်း အကြော်ဗန်းကအစ သန့်ရှင်းသည်။ ကျွန်တော်ကြိုက်တာက ငချိပ်ပေါင်း ဖြစ်သည်။ ငချိပ်ပေါင်းကို ချိန်ခွင်နှင့် ချိန်ရောင်းသည်။ ထို့အတူ စားတော်ပဲကိုလည်း ချိန်ခွင်နဲ့ပဲပေါ့။ အမေက ဒေါ်ရီထံက ငချိပ်ပေါင်း စားတော်ပဲ နှင့် ဘယာကြော်ကို ဝယ်သည်။ ငချိပ်ပေါင်းနှင့် စားတော်ပဲတွင် ဒေါ်ရီ့ထံက နှမ်းထောင်းလေး…
Read More