ဇန်နဝါရီ၂၉၊ ၂၀၂၅ NN(VOM) အစိုးရတပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIA) တို့ကြား စစ်ရေး တင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကို အစိုးရဌာနဆိုင်ရာ အဖွဲ့ တွေ မဝင်ရောက်နိုင်သေးဘူးလို့ ဌာနဆိုင်ရာအဖွဲ့တချို့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို အစိုးရတပ်က TNLA တပ်ဖွဲ့ထံကနေ ပြန်လည်လွှဲပြောင်းယူခဲ့ပြီး KIA၊ PDF အပါအဝင် NUG လက်အောက်ခံတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အခုလ ၂၁ ရက်နေ့မှာတော့ မိုးကုတ်မြို့ကို အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်ပေမယ့် မိုးမိတ်မြို့ကိုတော့ အစိုးရဝန်ထမ်းတွေ မရောက်နိုင်သေးပါဘူး။ “တပ်ကတော့ မိုးမိတ်ကို ရောက်နေပြီပေါ့နော်။ မြို့ထဲရပ်ကွက်တွေနဲ့ မြို့ပြင် နေရာတွေကို နယ်မြေရှင်းနေတာပေါ့။ ဌာနဆိုင်ရာဝန်ထမ်းတွေ ကတော့ မဝင်နိုင်သေးပါဘူး။ မိုးကုတ်နဲ့ မိုးမိတ်ကြားမှာကို တိုက်ပွဲတွေ ဖြစ်နေတာ။ သွားဖို့…
Read MoreMonth: January 2026
MRCCI မှာ ပထမဆုံးကျင်းပတဲ့ လုပ်ငန်းခွင်သုံး ကွန်ပြူတာသင်တန်း၊ သင်တန်းဆင်းပွဲ ကျင်းပ
မန္တလေး၊ ဇန်နဝါရီ – ၂၉- ၂၀၂၆ VOICE OF MYANMAR မန္တလေးမြို့မှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နဲ့ မန္တလေးတိုင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အသင်းတို့ ပူးပေါင်းကျင်းပတဲ့ Advance Computer Office Course သင်တန်း ဆင်းပွဲ အခန်းအနားကို 34 လမ်း 78 လမ်းထောင့် က Yandanarbon super center မှာရှိတဲ့ MRCCI ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီသင်တန်းကို ငလျင်ပြီးတဲ့အချိန်မှာ စီးပွားရေး ပြန်လည်ထူ ထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်သုံး ကွန်ပြူတာသင်တန်း မှာ သင်တန်းသား / သူ စုစုပေါင်း ၂၈ ယောက် တက်ရောက်ခဲ့ပြီး ၂၈ ယောက်လုံး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့…
Read Moreအိမ်အကူအလုပ်နဲ့ ပြည်ပပြန် ထွက်မယ့်သူတွေကို ပြန်ထွက်ခွင့် မပြုတာတွေရှိလာ
ဇန်နဝါရီ ၂၉ ၊ ၂၀၂၆ CC (VOM) ပြည်ပထွက်ပြီး အိမ်အကူ လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး တချို့ကို အလုပ်သမား ဝန်ကြီးဌာနက ပြန်လည် ထွက်ခွာခွင့် မပြုတာမျိုးတွေ ရှိလာနေတယ်လို့ စုံစမ်းသိရှိပါတယ်။ ပြည်ပက ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြန်ထွက်ခွာခွင့် လျှောက်ထားမှုအပေါ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ စိစစ်ပြီး ပြန်လည် ထွက်ခွာခွင့်ပြုတဲ့ရာမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ တဲ့ လိုအပ်ချက်ရှိလို့ ပြည့်စုံစွာ ပြန်လည်တင်ပြရန် ဆိုပြီး ထွက်ခွာ ခွင့်မပြုတဲ့ စာရင်းထဲမှာ” အိမ်အကူလုပ်သား (Domestic Worker) ဖြစ်နေ ပါသဖြင့် “ဆိုတဲ့ အချက် ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ အသိပေးချက်နဲ့ ပတ်သက်ပြီး လတ်တလော သိရှိရသလောက်ကတော့ အိမ်အကူ အလုပ်နဲ့ ပြည်ပမှာသွားရောက် လုပ်ကိုင်မယ့်သူတွေထဲက OWIC အဟောင်း နဲ့…
Read Moreကမ္ဘာ့ရွှေ အတက်ကြမ်းမှုကြောင့် ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၂၀ ဝန်းကျင် ရောက်ရှိလာ
ဇန်နဝါရီ ၂၉ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး ထပ်မံစံချိန်တင် အတက်ကြမ်းနေမှုနဲ့အတူ ပြည်တွင်းက အခေါက်ရွှေ တကျပ်သား ဈေးနှုန်းဟာလည်း ကျပ် သိန်း ၁၂၀ ဝန်းကျင်ကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၅၁၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၇၀ ကျော် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “ကမ္ဘာ့ရွှေဈေးကလည်း စံချိန်တင်တယ်လေ။ ၅၅၀၀ ကျော်သွားတယ်။ အဲဒီတော့ ဒီမှာလည်း စံချိန်တင် ၁၂၀ ဖြစ်သွားတာပါ။ ရွှေဈေး အတက်ကြမ်းလာတယ် ဆိုတော့ အကုန်လုံးကတော့ ကြောက်လန့်ပြီး ရှောင်နေကြတယ်။ ဖမ်းတယ်ဆီးတယ်တော့ မကြားမိသေးဘူး။ တချို့လည်း ခေါ်ယူ စစ်ဆေးခံရတယ်လို့ သတင်းတွေတော့ ထွက်တယ်။ confirm တော့…
Read Moreကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်နေ
ဇန်နဝါရီ ၃၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရတပ်က ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေ အသုံးပြုကာ AA တပ်တွေကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ ဓညဝတီရေတပ် ဌာနချုပ်နဲ့ ၄ မိုင်ခန့်အကွာက ဇင်ချောင်း၊ သိုင်းချောင်း၊ ကြတ္တိန်၊ ကုလာဘာ၊ ဦးကင်း အစရှိတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစိုးရတပ်က စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်နေသလို စက်တပ်လေထီး (ပါရာမော်တာ) တွေကိုပါ အသုံးပြု တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက ရေတပ်ဌာနချုပ်ကိုသွားတဲ့ လမ်းမှာရှိနေတာ။ AA တပ်တွေ ကျောက်ဖြူမြို့ထဲ ဝင်မယ်ဆိုတဲ့ သတင်းကြောင့်…
Read Moreတောင်သူတွေ စပါးရာသီမှာ အရှုံးပေါ်ခဲ့သလို မတ်ပဲရာသီမှာလည်း အရှုံးနဲ့ဆက်ရင်ဆိုင်ရဖွယ်ရှိ
ဇန်နဝါရီ ၃၀-၂၀၂၆ KKL(VOM) နေပြည်တော် ဇေယျာသီရိမြို့နယ် တဝိုက်ကကျေးရွာတွေမှာရှိတဲ့ တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ စပါးစိုက်ရာသီမှာအရှုံးပေါ်ခဲ့တဲ့အပြင် အခုလက်ရှိစိုက်ပျိုးထားတဲ့ မတ်ပဲပင်တွေသေဆုံးမှုတွေရှိနေတာကြောင့် အရှုံးနဲ့ ဆက်ပြီးရင်ဆိုင်ရဖို့ အခြေအနေဖြစ်ပေါ်နေတယ်လို့တောင်သူတွေကပြောပါတယ်။ ရန်ကုန်မန္တလေးလမ်းဘေးဝဲယာမှာ စိုက်ပျိုးထားတဲ့ မတ်ပဲပင်တွေသေနေတဲ့အတွက် အဲ့ဒီမတ်ပဲခင်းတွေထဲမှာ လုပ်ကိုင်နေကြတဲ့ တောင်သူတွေကို မေးမြန်းခဲ့တာကနေ သိရတာပါ။ “စပါးရှုံးရတဲ့အကြောင်းက လွန်ခဲ့တဲ့တစ်ရာသီကျော်လောက်စပါး ၁၀၀ ကို ၂၀ သိန်း ၂၂ သိန်းအထိ ရောင်းရပါတယ် ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ၁၅ သိန်းမိုးရာသီကျတော့ ၁၀ သိန်း စျေးပဲပေါက်တဲ့အတွက် ကိုယ့်အတွက်မကျန်တော့ရှုံးတာပဲပေါ့ဗျာ”လို့ တောင်သူ တယောက်ကပြောပါတယ်။ အခုလက်ရှိ မတ်ပဲစိုက်ပျိုးထားတဲ့ အဲ့ဒီမြို့နယ်ထဲက အခင်းတွေရဲ့အခြေအနေတွေကတော့ တစ်ချို့အခင်းတွေဆို အခင်းလိုက် မတ်ပဲပင်တွေသေနေတာတွေ့ရတဲ့အပြင် တချို့အခင်းတွေမှာတော့ ကွက်တိကွက်ကြား မတ်ပဲပင်တွေသေနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ “မတ်ပဲ တစ်ဧကအတွက် ထွန်ယက်ခက အနည်းဆုံးနှစ်ကြိမ်ပေါ့ တကြိမ်ကို ခုနှစ်သောင်းခွဲ မျိုးစေ့က တတင်းကို တသိန်း…
Read Moreသူတို့အိမ် အခန်း – ၄၃
ရေရေရာရာ အဖြေရှာ —————————– ည ၆နာရီ ထိုးလုပြီ။ ကျွန်တော်က ဘယ်သူများ လာခေါ်မလဲဆိုကာ လည် တဆန့်ဆန့် ဖြစ်နေပြီ။ ဘယ်သူမှ လာမခေါ်လို့ ထစ်ယောက်ထဲလည်း မသွားရဲ။ လာခေါ်လည်း အခု ၇နာရီ မထိုးခင်လောက်လာမှ ဖြစ်သည်။ ဆောင်းတွင်းဆိုတော့ ၆နာရီဆို အတော်မှောင်နေပြီ။ အေးစလည်း ပြုနေပြီ။ ထားထားက အိမ်ရှေ့ ထွက်မထိုင်ဘဲ အိမ်ထဲဝင်သွားရင် အဆင်မပြေချင်။ ထို့ပြင် ဒီရက်ပိုင်း စာရေးသည့်နေ့က သန်းခေါင်တိုင်သွားသည်ကို အကြောင်းပြုပြီး နောက်ရက်တွေလည်း စာကြည့်စာပွဲ ထိုင်မှ ယုတ္တိရှိမည်။ ဒါကြောင့် ညဈေးတန်းထိမသွားတော့ဘဲ ထားထားတို့ အိမ်ရှေ့ဖြတ် အခြအနေ အကဲခတ်ပြီး မမဝင်းရီတို့ အရှေ့အိမ်လောက် သွားကာ အိမ်ပြန် စာပွဲထိုင်မှ ဖြစ်မည်။ ကဲ မျှော်တုန်းမျှော်ဆဲပါပဲ။ ကိုမောင်ဒွေး ရောက်လာတော့ ကျွန်တော်လည်း မဆိုင်းတော့ဘဲ…
Read Moreခရီးသွားဒေသ အများစု အားလပ်ရက်အတွက် ဟိုတယ်ဘိုကင် ထင်သလောက် မရသေး
ဇန်နဝါရီ ၂၈ – ၂၀၂၆ SN (VOM) လာမယ့် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ကလအတွက် ခရီးသွားဒေသ အများစုမှာ ဟိုတယ်ဘိုကင်တွေ မပြည့်သေးဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ကစပြီး ဖေဖော်ဝါရီ ၁၇ ရက် (တရုတ်နှစ်သစ်ကူးနေ့) အထိ ခြောက်ရက်တာ တဆက်တည်း ပိတ်ရက်တွေ ရှိနေတာဖြစ်ပြီး အဲဒီ ပိတ်ရက်တွေအတွက် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး အစရှိတဲ့ ခရီးသွားဒေသတွေက ဟိုတယ်တွေမှာ လက်ရှိအချိန်အထိ အခန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတယောက်က “ဟိုတယ် တော်တော်များများကတော့ အခုအချိန်အထိ ဘိုကင် မပြည့်သေးပါဘူး။ အခန်းတွေ…
Read Moreရွှေပြည်သာ အထက ၁ ကျောင်းမှာ ကျောင်းသားချင်းရန်ဖြစ်ရာက Grade7 ကျောင်းသား သေဆုံး
ဇန်နဝါရီ ၂၈ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရ ပါတယ်။ မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့ ၊ နေ့လယ် မုန့်စားကျောင်းဆင်းချိန်မှာ Grade 8 ကျောင်းသားနဲ့ Grade 7 ကျောင်းသားတို့ ကျောင်းဝန်းအတွင်း ရန်ဖြစ်ရင်းကနေ G7 ကျောင်းသားမှာ လက်သီးနဲ့ ထိုးခံရပြီးနောက် နေရာမှာပဲ လဲကျသေဆုံးသွားတာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ” မနေ့က နေ့လယ်က သတင်းကြားတယ် ။ နည်းနည်းလေး ထပ်အစ်လိုက်တော့မှ ထိုးကြတာလို့ ပြောတယ်။ ပထမ တယောက် အရွယ်မမျှလို့ဆိုပြီး လူချိန်းပြီး ထိုးခိုင်းတာ။…
Read Moreလားရှိုးမှာ ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူ
ဇန်နဝါရီ ၂၈-၂၀၂၆ NN(VOM) လားရှိုးမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မဟာဗောဓါရုံကျောင်းတိုက်က ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်း ၆ နာရီလောက်မှာ ဆွမ်းကပ်မယ်ဆိုပြီး အမျိုးသားနှစ်ယောက် ရောက်လာပြီး လုပ်ကြံသတ်ဖြတ်သွားတာလို့ သိရပါတယ်။ “မနက်ပိုင်း ဆရာတော် လမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက် ရောက်လာတယ်။ ဆွမ်းကပ်မယ်ဆိုပြီး ချိုင့်နဲ့လာတာ။ ဆရာတော်က လမ်းလျှောက်နေတာဆိုတော့ ကျောင်းမှာ မရှိဘူး။ အဲ့ဒါနဲ့ ကျောင်းက ဆရာ တော် တပါးက ဖုန်းဆက်ပေးလိုက်တော့ ဆရာတော် ပြန်ရောက်လာတယ်။ ဖုန်းဆက် ပေးတဲ့ ဆရာတော်လည်း သူ့ဒကာတွေပါပဲဆိုပြီး ထားခဲ့တယ်။ နောက်မှ မနက်ဆွမ်းကပ်နေကြ ဒကာတစ်ယောက် ထပ်ရောက်လာတဲ့အချိန် မှ ဆရာတော် အသတ်ခံထားရတာ သိရတာ”လို့ ဖြစ်စဉ်အခြေအနေသိရှိတဲ့ လားရှိုးမြို့ခံတေယာက်ကပြောပါတယ်။ ဆရာတော်ရဲ့…
Read More