ဖေဖော်ဝါရီ ၂၆ – ၂၀၂၆
KKL(VOM)
မနေ့ ဖေဖော်ဝါရီ ၂၄ ညက အဟာရသုခစျေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ မီးလောင်ကျွမ်းခဲ့ပြီး အဲ့ဒီမီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်ဆိုင်ခန်းကစပြီး ဘာ့ကြောင့် လောင်ကျွမ်းခဲ့တယ်ဆိုတာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီကနေ့မနက် ၉ နာရီမှာ ပျဥ်းမနား မြို့နယ်မီးသတ်နဲ့ နေပြည်တော် ဗဟိုမီးသတ်က တာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့လို့ အတည်မပြုနိုင်သေးတဲ့အကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။
အဟာရသုခစျေးက (C)ရုံ .စျေးသူစျေးသားတွေအများသိရှိကြတဲ့ အခေါ်် သိန်းကမ္ဘာ ရုံကို လောင်ကျွမ်းခဲ့တာလို့သိရပြီး အဲ့ဒီရုံ တရုံလုံးမှာရှိတဲ့ ဆိုင်ခန်းအားလုံး လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်းတခန်းကို ၆ ပေပတ်လည် ရှိတယ်လို့သိရပြီး အဲ့ဒီရုံထဲမှာ သိန်းကမ္ဘာက ပိုင်ဆိုင်တဲ့ဆိုင်ခန်းက အများဆုံးဖြစ်ပြီး အားလုံး ၃၈ ခန်းလို့သိရပါတယ်။
မနေ့ညက ၈ နာရီ ၄၀ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီးတော့ ည၁၀ နာရီမှာ မီးညွန့်ကျိုးအောင်ငြိမ်းသတ်နိုင်ခဲ့ကာ အဲ့သလို ငြိမ်းသတ်နိုင်အောင် မီးသတ်ကား အစီး ၂၀ ပါဝင်ငြိမ်းသတ်ခဲ့ရတဲ့အပြင် နောက်တနေ့ မနက် ၂ နာရီလောက်မှာအပြီးသတ်မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဥ်ကိုတော့ ဒီကနေ့ မနက်အစောပိုင်းက နိုင်ငံတော်ဝန်ကြီးချုပ်က လာရောက်ပြီး စျေးသူစျေးသားတွေနဲ့ တွေ့ဆုံအားပေးခဲ့တာတွေ့ရပါတယ်။
အခုမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့တဲ့ အဟာရသုခစျေး (C)ရုံကိုတော့ မီးလောင်ချိန်မှာ လျှပ်စစ်မီး မပေးထားဘူးလို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှူံးတဲ့ ကာလတန်ကြေးပမာဏကို တွက်ချက်နေဆဲမို့ အတိအကျ မသိရသေးပါဘူး။
