ဆိုင်ခန်း ပေါင်း၂၄၀ ဆုံးရှုံးခဲ့တဲ့ ပျဥ်းမနားအဟာရသုခစျေးမီးလောင်မှု ဘာ့​ကြောင့်​လောင်တယ်ဆိုတာ ခုချိန်ထိ အတည်မပြုနိုင်သေး

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆ KKL(VOM) မနေ့ ​ဖေ​ဖော်ဝါရီ ၂၄ ညက အဟာရသုခစျေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ မီးလောင်ကျွမ်းခဲ့ပြီး အဲ့ဒီမီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်ဆိုင်ခန်းကစပြီး ဘာ့ကြောင့် လောင်ကျွမ်းခဲ့တယ်ဆိုတာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုနိုင်ခြင်းမရှိ​သေးပါဘူး။ ဒီကနေ့မနက် ၉ နာရီမှာ ပျဥ်းမနား ​မြို့နယ်မီးသတ်နဲ့ နေပြည်တော် ဗဟိုမီးသတ်က တာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့လို့ အတည်မပြုနိုင်သေးတဲ့အကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ အဟာရသုခစျေးက (C)ရုံ .စျေးသူစျေးသားတွေအများသိရှိကြတဲ့ အခေါ်် သိန်းကမ္ဘာ ရုံကို လောင်ကျွမ်းခဲ့တာလို့သိရပြီး အဲ့ဒီရုံ တရုံလုံးမှာရှိတဲ့ ဆိုင်ခန်းအားလုံး လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်းတခန်းကို ၆ ပေပတ်လည် ရှိတယ်လို့သိရပြီး အဲ့ဒီရုံထဲမှာ သိန်းကမ္ဘာက ပိုင်ဆိုင်တဲ့ဆိုင်ခန်းက အများဆုံးဖြစ်ပြီး အားလုံး ၃၈ ခန်းလို့သိရပါတယ်။ မနေ့ညက ၈ နာရီ ၄၀ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီးတော့…

Read More

ဘုရားပေါ်‌တဲ့နေရာ လယ်ကန်သင်းကရေက ရေစင်တော် ဖြစ်နိုင်မှာလား

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆ SS (VOM) ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က ဘုရားပေါ်‌တဲ့နေရာ၊ လယ်ကန်သင်းထဲကရေကို ရေစင်တော်အဖြစ် သုံးစွဲနေကြတာနဲ့ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်လျက်ရှိပါတယ်။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်က လယ်ကန်သင်း ပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီဘုရား တွေ့ရှိရာနေရာ လယ်ကွက်အတွင်းက ရေတွေကို ၉၆ ပါးရောဂါ ပျောက်ကင်းစေတဲ့ ရေစင်တော်အဖြစ် ယုံကြည်မှုနဲ့ ရေသန့်ဘူးတွေနဲ့ အလုအယက် ခပ်ယူပြီး သောက်သုံးကြ၊ လိမ်းကြတဲ့အပြင် ဆေးဝါးအဖြစ် သုံးစွဲကြတဲ့သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။ “ရွာက ဘုန်းကြီးကိုယ်တိုင်က မိန့်ထားတာပါ။ အဲဒီရေတွေက ၉၆ ပါးရောဂါ ပျောက်တယ်၊ အန္တရာယ်ကင်းတယ်ပေါ့။ လက်ရှိကတော့ နေ့တိုင်းလို လူတွေ စုပြုံလာပြီး…

Read More

ရွှေကုန်သည်တွေဖမ်းတာကြောင့် အရောင်းဝယ်ရပ် မှောင်ခိုကြီးထွား

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆ SN (VOM) လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေကုန်သည်တွေ ဖမ်းဆီးခံရတာ၊ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတာကြောင့် အရောင်းအဝယ်တွေရပ်ပြီး မှောင်ခိုဈေးကွက် ကြီးထွားလာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ အခုလို ဈေးကွက်အတွင်း တရားဝင် ရွှေရောင်းဝယ်မှုတွေ ရပ်ဆိုင်းနေတာဟာ ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာလို့ ‌သိရပါတယ်။ “တကယ့် ဆိုင်ကြီးတွေ အကုန်လုံး အရောင်းအဝယ်တွေ ရပ်ထားကြတော့ အမှန်တကယ် ငွေလိုလို့ ရောင်းချင်၊ ဝယ်ချင်တဲ့သူတွေ အခက်အခဲဖြစ်တာပေါ့။ အဲဒီတော့ အပြင်မှာပဲ တရားဝင်တွေရော၊ တရားမဝင်တွေရောပေါ့၊ တခြားဆိုင်တွေမှာသွားပြီးတော့ ဈေးနှိမ်ခံပြီး ရောင်းကြ၊ ဝယ်ကြရတာ။ မှောင်ခိုဈေး ဖြစ်နေတော့ ဈေးကွက်က ပျက်နေပြီ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ)…

Read More

ထိုင်းရဲဖမ်းလို့ မောင်းပြေးတဲ့ကား တိမ်းမှောက်၊ မြန်မာလုပ်သား အယောက် ၂၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆ SS (VOM) ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်၊ မနက်ပိုင်းက မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးချိန် မောင်းပြေးရာမှ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မောင်းခရိုင်၊ ဝမ်ဒန်းဒေသခွဲ၊ နောင်ဆမ်ဖရန် ကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ကားကို စစ်ဆေးမလို့ တားတဲ့အချိန်မှာ အရှိန်နဲ့ မောင်းပြေးတာပေါ့။ လမ်းချော်ပြီး ပြောင်းပြန် တိမ်းမှောက်သွားတာပါ။ ကားမှောက်တဲ့အချိန်မှာ လူတွေက လမ်းပေါ်ကို လွှင့်စင်ကျကုန်တယ် ပြောကြတယ်။ ကားပေါ်မှာတော့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက်…

Read More

ကသာဒေသခံတွေ အိမ်ပြန်ချင်လို့ တောင်းဆိုနေကြပေမယ့် ပြန်ခွင့်မရ

ကသာ၊​ဖေ​ဖော်ဝါရီ ၂၆-၂၀၂၆ KBT(VOM) ကသာမြို့ဒေသခံတွေဟာ နေရပ်ပြန်ခွင့်ရဖို့ဆိုရှယ်မီဒီယာကနေ တောင်းဆိုနေကြပေမယ့် ​ပေါမမြိုင်နဲ့ သာစည်နားမှာ ရှိ​နေတဲ့ ​ဒေသတွင်းလက်နက်ကိုင်တွေက မြို့ဝင်လမ်းကြောင်းကို တားဆီးနေတဲ့အတွက် ပြန်လှည့်လာရတာကြုံတွေ့နေရပါတယ်လို့ မြို့ပြန်ဝင်ဖို့ကြိုးစားနေသူတွေဆီကနေ သိရပါတယ်။ အဲဒါအပြင်၊ မြို့ပြင်ဘက်ကနေ မြို့တွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ရမ်းသမ်းပစ်လို့ ဖေ​ဖော်ဝါရီ(၂၅)ရက် နေ့လယ်ပိုင်းက စေတနာခန်းမရှေ့ဝင်ပေါက်မှာ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာတွေ၊ ဖေဖော်ဝါရီလ(၂၂)ရက်က ရပ်ကွက်(၉) ဗလီအနီး နေအိမ်အလုံး(၃၀)နီးပါးမီးလောင်တာ၊ ​ဖေ​ဖော်ဝါရီ(၂၀) ကလည်း ရပ်ကွက်(၅) (၁)လမ်းနေထိုင်သူ အမျိုးသားတဦး ထိမှန်သေဆုံးတာ​တွေ ​ဖြစ်ခဲ့တယ်လို့ မြို့ထဲကျန်​နေသူ​တွေက ​ပြောပါတယ်။ မြို့ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ကျန်ခဲ့တဲ့လူတွေက သက်ကြီးပိုင်းတွေ၊ လုံးဝသွားစရာလာစရာမရှိသူ‌တွေ၊ စစ်​ရှောင်စရိတ် မတတ်နိုင်တဲ့သူတွေနေထိုင်ကြတာလို့လည်း ​ပြောပါတယ်။ ” လူတွေရှိနေတာသိလျက်နဲ့ ရှော့တိုက်ဒုံးတွေနဲ့ရမ်းသမ်းပစ်နေတာတော့မဖြစ်သင့်ဘူး။ကျွန်တော်တို့က စစ်တပ်ဘက်ကပစ်တုန်းလည်းပြောတာပဲ။pdfကပစ်လည်းပြောမှာဘဲ” လို့ ကသာမြို့တွင်းနေထိုင်နေသူကပြောပါတယ်။ စစ်ဘေးတိမ်းရှောင်‌နေရပြီး မိမိနေရပ်ပြန်နိုင်ဖို့အတွက် ဆိုရှယ်မီဒီယာကနေ အခက်အခဲမျိုးစုံကိုတင်ပြတောင်းဆိုနေကြရပြီး အချို့လည်း စစ်ဘေးရှောင်ရတဲ့စိတ်နဲ့ သက်ကြီးပိုင်းတွေကျန်းမာရေးချို့တဲ့လာကြတာ၊သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။…

Read More

သူတို့အိမ် အခန်း – ၆၅

ဆူးငှက်     ပထမဦးဆုံး စာမေးပွဲကျဖူးခြင်း ——————————– ဤသို့ဖြင့် အောင်စာရင်းတွေ ထွက်တော့ ကျွန်တော်လည်း ၁၀တန်းစာမေးပွဲမှာ လွတ်လွတ်ကင်းကင်းကြီး ဘုံးခနဲ ကျပါသည်။ လွတ်လွတ်ကင်းကင်းဟု ပြောရသည်မှာ ကျန်သူငယ်ချင်းများက အောင်စာရင်းမှာ B နှင့် အောင်ကြသောကြောင့် ဖြစ်သည်။ သူများတွေက ဘယ်ဘာသာ ကျတာလဲ၊ အမှတ်စာရင်း တောင်းကြည့်ပါလား စသည်ဖြင့် ပြောကြသော်လည်း ကျွန်တော်က အမှတ်စာရင်းတောင်းစရာ မလို၊ ကျွန်တော်ထင်သည်။ မြန်မာစာ နှင့် ရူပဗေဒလောက်ပဲ အောင်မှတ်ရလောက်သည်။ သေချာပေါက် ကျမှာက အင်္ဂလိပ်စာနှင့် ဓာတုဗေဒပေါ့။ သချာၤနှင့် ဇီဝဗေဒကလည်း မသေချာ။ အောင်လည်း အောင်သည်ဆိုရုံပဲ ဖြစ်မည်။ အောင်စာရင်း ထွက်သည့်နေ့က ကျွန်တော်တို့ သူငယ်ချင်း တစ်စု စက်ဘီးကိုယ်စီဖြင့် ကံစိန်တို့ ဘုန်းကြီးကျောင်းသို့ သွားကြသည်။ ဘုန်းကြီးကျောင်းက မရမ်းခြံဆိပ်အနီးက ဥသျှစ်ကုန်း ဘုန်းကြီးကျောင်း…

Read More
VOM News

FREE
VIEW