သူတို့အိမ် အခန်း – ၆၈

ဆူးငှက်     စနေ တနင်္ဂနွေ၊ အခမဲ့ စေတနာ သင်တန်းမှာ ————————————————- တစ်နေ့စာကို တစ်နေ့ မှန်မှန်လုပ်သွားတော့ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ရှိလာသည်။ ပင်ပန်းမှုလည်း မရှိတော့။ အထူးသဖြင့် အတန်းထဲမှာကတည်းက ဆရာများ၏ အသင်အပြတွင် အတော်များများ နားလည် သဘောပေါက်သွားတာက အဓိကဖြစ်သည်။ ထို့ကြောင့် ဒီနှစ် စာမေးပွဲက အောင်မှာ သေချာသည်ဟုလည်း ယုံကြည်မှုက ခိုင်မာလာသည်။ ကျွန်တော်တို့ သူငယ်ချင်းများကလည်း အားသစ်တွင် နေ့စဉ် တက်သည့် အပြင် စနေ တနင်္ဂနွေနေ့မျာတွင် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံအနီး ဗလီဝင်းထဲက စေတနာ သင်တန်းသို့လည်း တက်ရောက်ကြသည်။ ထိုသင်တန်းမှာ ဗလီက ဖွင့်လှစ်ခြင်း ဖြစ်ပြီး ထိုစဉ်က အ.ထ.က ၁၉တွင် ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ယူနေသူ ဆရာဦးဘိုကြီး က ဦးဆောင်သည်။ ဆရာကြီးက…

Read More

မော်လမြိုင်မှာ အိမ်မီးလောင်ပြီး အသက်ကြီးပိုင်း အဖေနဲ့အမေ သေဆုံးကာ သမီးဖြစ်သူဒဏ်ရာရ

မတ် ၁ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဈေးကြိုနယ်မြေ၊ TTCကျောင်းလမ်း ၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီ မတ် ၂ ရက်နေ့ ၊ မနက်အစောပိုင်း ၂ နာရီ ခွဲလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာသေဆုံးသူတွေက အသက်ကြီးပိုင်းအရွယ် အဖေနဲ့အမေတို့ ဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၂၈ နှစ်အရွယ် သမီးဖြစ်တယ်လို့ သိရပါတယ်။ ” အဘိုးနဲ့အဘွားက အခန်းတခန်း အိပ်တာ ။ သူတို့ သမီးက သပ်သပ်အိပ်တာ ။ အဲဒါညက ၁ နာရီကျော်လောက်မှာ အဘိုးက ရေနွေးအိုးထတည်တာကိုတော့ သမီးကကြားလိုက်တယ်ပြောတယ်။ ပြီးတော့…

Read More

အောင်လံမှာ လက်နက်ကြီးကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်

မတ် ၂ – ၂၀၂၆ SS (VOM) မကွေးတိုင်း၊ အောင်လံမြို့နယ်က ဒါးစမ်းကျေးရွာ အပါအဝင် ကျေးရွာတချို့မှာ မနေ့ မတ် ၁ ရက်၊ မနက်ပိုင်းကပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက် ၁၀ နာရီဝန်းကျင်ကစပြီး နေ့လယ် ၁ နာရီဝန်းကျင်အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး ဒါးစမ်းကျေးရွာအတွင်းက ဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်အပါအဝင် နေအိမ် ၂၇ လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “လက်နက်ကြီး ပစ်တာက အချက် ၂၀ လောက်ရှိမယ်။ လက်နက်ကြီး မပစ်ခင် ဒရုန်းတွေနဲ့အရင် ကင်းထောက်ခဲ့တာ။ ရွာထဲကို လက်နက်ကြီးနှစ်လုံး ကျတယ်။ လူသေဆုံး၊ ဒဏ်ရာ အခြေအနေကိုတော့ အတည်ပြုဖို့ ကြိုးစားနေပါတယ်”…

Read More

အကျဥ်းထောင်အသီးသီးကနေ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဥ်းသူ အကျဥ်းသားတွေကို လွှတ်ပေးနေ

မတ် ၂ ၊ ၂၀၂၆ CC (VOM) အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူတွေကို အကျဥ်းထောင်တွေကနေ လွှတ်ပေးနေပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ပဲခူးတိုင်းရှိ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား ၈၆ ယောက် ၊ ပေါင်းတည်အကျဥ်းထောင်က ၂၂ ယောက် ၊ ပြည်အကျဥ်းထောင်က ၄၈ ယောက် ၊ ဒိုက်ဦးအကျဥ်းထောင်က ၂၆ ယောက် ပြန်လွတ်လာတယ်လို့ ကနဦးသိရပါတယ်။ မိတ္ထီလာ အကျဥ်းထောက်ကနေလည်း နိုင်/ကျဥ်း ၂၉ ယောက် လွတ်လာတယ်လို့ သိရပါတယ် ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် နိုင်/ ကျဥ်း​ဟောင်း တယောက်ဖြစ်သူ ကိုသန့်ဇင်ထက်က ” ပေါင်းတည်ထောင်က ၂၂ ယောက်လွတ်လာပြီ…

Read More

ဖေဖော်ဝါရီလထဲမှာ ရဲ ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေးဝန်ထမ်း ၊ ပြည်သူ အပါ ၂၂ ယောက်ထက်မနည်း အသတ်ခံခဲ့ရ

မတ် ၂ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ငါးခုကမြို့နယ်အချို့မှာ ဖေဖော်ဝါရီလအတွင်းက အစိုးရဝန်ထမ်း နဲ့ပြည်သူ ၂၂ ယောက်ထက်မနည်းကို အစိုးရတပ်သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက သတ်ဖြတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်း ၊တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲရှိ မြို့နယ်အချို့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင် ၊ ပြည်သူ့စစ် ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ပညာရေးဝန်ထမ်း ၊ အရပ်သားပြည်သူတွေ အသတ်ခံခဲ့ရတာ ဖြစ်ကြောင်း မကွေးတိုင်းက အသတ်ခံရမှု ပိုများတယ်လို့ သိရပါတယ်။ ဖြစ်စဥ်တွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာဆိုရင်မကွေးမြို့နယ်၊ စည်ပင်ကျေးရွာနေ ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဒေါ်မိုးမိုး၊ ဦးထွန်းမြင့်တို့ငါးယောက်ကို လက်နက်ကိုင်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ် တယ်လို့…

Read More

PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးရဲ့ ဖခင် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၄၀၀ နီးပါး အိုးဘို​ထောင်ကလွတ်

မန္တ​လေး -မတ်လ ၂ – ၂၀၂၆ VOM အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူတွေကို အကျဥ်းထောင်တွေကနေ လွှတ်ပေးနေတာမှာ မန္တ​လေးတိုင်းအတွင်း အိုးဘို၊ မြင်းခြံ၊​ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာ​ထောင်​တွေက​နေ ဒီက​နေ့မှာ အကျဥ်းသား ၃၄၁၉ ​ယောက် လွတ်​မြောက်ခဲ့ပါတယ်။ ဒီထဲကမှ မန္တ​လေး အိုး​ဘို​ထောင်မှာ ​ထောင်နှစ်ရှည်ကျခံ​နေရတဲ့ ဦးစ​​န္ဒေါဘာသ​ခေါ် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၀၆၅၊ အကျဥ်းသူ ၃၃​ယောက် စုစု​ပေါင်း ၁၃၉၈ ​ယောက်လွတ်​မြောက်ပါတယ်။ ဦးဥာဏ်ထွန်းဟာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာ ဝေဇယန္တာ​ကျောင်းမှာ သီတင်းသုံးစဥ် သားဖြစ်သူ တောတွင်း PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးကို ​ကျောင်းမှာ ပုန်းခိုခွင့်​ပေးတဲ့အတွက် ​ထောင်နှစ်ရှည်ချခံခဲ့ရာက ခုလို လွတ်ငြိမ်းသက်သာခွင့်နဲဲ့ လွတ်​မြောက်လာတာဖြစ်ပါတယ်။…

Read More

ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ရွာမှာ လေ​ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်သေ၊ ၁၀​ယောက်ထက်မနည်းဒဏ်ရာရ

မတ် ၂ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း ၊ ပင်လည်ဘူးမြို့နယ် ၊ လိပ္ပုတ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက်သေဆုံးကာ နောက်ထပ်လည်း ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က မတ် ၁ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ ဒုတိယ အကြိမ်တိုက်ခိုက်မှုမှာ သေဆုံးမှုနဲ့ ထိခိုက်မှု များပြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ရွာအပြင်ကတောစပ်ထဲကို ‌အစုလိုက် အပြုံလိုက်ထွက်ပြေးနေချိန်မှာ ဒုတိယတကြိမ် ကြဲချတော့ တော်တော်များများ ထိသွားကြတယ်။ ခေါင်းပြတ်တဲ့သူက သုံးယောက်၊ ခါးတွေလည်းပြတ်တယ်။ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ကုန်ကြတာ ။ ဒဏ်ရာ ရတဲ့သူတွေလည်းအများကြီးပဲ ။ဒဏ်ရာရတာက ၁၀ ယောက်တော့ မကဘူး ။ သေချာတော့ မရေလိုက်ရဘူး…

Read More

လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်​သူ​တွေထဲ အဂတိပုဒ်မ​တွေပါ​ပေမယ့် အလားတူပုဒ်မနဲ့​ထောင်ချခံရသူ​​တွေကျန်​နေ​သေး

မတ် ၃ – ၂၀၂၆ SS (VOM) မနေ့ မတ်လ ၂ ရက်မှာ သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီး အကျဉ်းသားတွေကို အစိုးရက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနေတာမှာ လူသိများတဲ့ထဲက NLD အစိုးရလက်ထက်က ဝန်ကြီးဦးမင်းသူ၊ ဒေါက်တာမျိုးအောင်နဲ့ ဒေါ်မိုးမိုးစုကြည် အပါအဝင် နှစ်ရှည်အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ပါတီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ တပေါင်းလပြည့်နေ့နဲ့ မနေ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ပုဒ်မ ၅၂ (က) အရ ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၃၃၇ ယောက်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW