PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးရဲ့ ဖခင် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၄၀၀ နီးပါး အိုးဘို​ထောင်ကလွတ်

မန္တ​လေး -မတ်လ ၂ – ၂၀၂၆
VOM
အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူတွေကို အကျဥ်းထောင်တွေကနေ လွှတ်ပေးနေတာမှာ မန္တ​လေးတိုင်းအတွင်း အိုးဘို၊ မြင်းခြံ၊​ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာ​ထောင်​တွေက​နေ ဒီက​နေ့မှာ အကျဥ်းသား ၃၄၁၉ ​ယောက် လွတ်​မြောက်ခဲ့ပါတယ်။
ဒီထဲကမှ မန္တ​လေး အိုး​ဘို​ထောင်မှာ ​ထောင်နှစ်ရှည်ကျခံ​နေရတဲ့ ဦးစ​​န္ဒေါဘာသ​ခေါ် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၀၆၅၊ အကျဥ်းသူ ၃၃​ယောက် စုစု​ပေါင်း ၁၃၉၈ ​ယောက်လွတ်​မြောက်ပါတယ်။
ဦးဥာဏ်ထွန်းဟာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာ ဝေဇယန္တာ​ကျောင်းမှာ သီတင်းသုံးစဥ် သားဖြစ်သူ တောတွင်း PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးကို ​ကျောင်းမှာ ပုန်းခိုခွင့်​ပေးတဲ့အတွက် ​ထောင်နှစ်ရှည်ချခံခဲ့ရာက ခုလို လွတ်ငြိမ်းသက်သာခွင့်နဲဲ့ လွတ်​မြောက်လာတာဖြစ်ပါတယ်။

မြင်းခြံ၊​ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာ​ထောင်​​တွေက​တော့ အကျဥ်းသား ၁၃၆၉၊ အကျဥ်းသူ ၄၇၄ နဲ့ ကုန်ထုတ်စ​ခန်းတွေက အကျဥ်းသား ၁၆၀ အကျဥ်းသူ ၁၈ ​ယောက် စုစု​ပေါင်း မန္တ​လေးတိုင်းက ၃၄၁၉ ​ယောက်လွတ်​မြောက်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW