နေပြည်တော် ဇွန် ၂ – ၂၀၂၆
KKL(VOM)
မနက်ဖြန် ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာနက အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ဥပဒေကြမ်းတင်သွင်းဖို့ကိစ္စတခုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က နှစ်ဦး စုစုပေါင်းကိုယ်စားလှယ် လေးယောက်တို့က မေးခွန်းမေးမြန်းထားပါတယ်။
ဒါ့အပြင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့သက်ဆိုင်တဲ့ကော်မတီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြမှုနဲ့ အတူ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ တာဝန် လုပ်ပိုင်ခွင့် ရပိုင်ခွင့်နဲ့ သက်တမ်းတွေကို ကိုယ်စားလှယ်တဦးက ရှင်းလင်းတင်ပြသွားမှာဖြစ်ပြီး အဖွဲဝင်ဦးရေ အဖွဲ့ဝင်အမည်စာရင်း ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့အမည်စာရင်းကို ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။
