ဇွန် ၂ – ၂၀၂၆ SN (VOM) ခင်ဦး၊ သရက်ချောင်း၊ မင်းတပ်၊ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့တွေမှာ မနေ့ ဇွန် ၁ ရက်နေ့၊ တရက်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာမှာ မနေ့ ည ၉ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် နေရာမှာတင် သေဆုံးခဲ့ကာ ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “လေယာဉ် နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာပါ။ ညဘက်ဆိုတော့ ချက်ချင်း ရှောင်တိမ်းဖို့ မလွယ်တော့ လူတွေထိကုန်တာ။ နေအိမ်၊ အဆောက်အအုံ ပျက်စီးတာတွေလည်း ရှိတယ်။ စာရင်း အသေးစိတ်ကိုတော့ မသိရသေးဘူး။ ရခိုင်ပြည်မှာက ခုရက်ထဲ လေကြောင်းရန်က စိုးရိမ်ရတဲ့…
Read MoreDay: June 2, 2026
စစ်ဘေးရှောင်ပြည်သူတွေ ထောက်ပံ့ကြေး ထိရောက်စွာရရှိရေး မန္တလေးတိုင်းလွှတ်တော်တွင် မေးမြန်း
မန္တလေး-ဇွန်-၂-၂၀၂၆ KKA(VOM) မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းမှာရှိတဲ့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူတွေ ထောက်ပံ့ကြေးငွေ ထိရောက်စွာ ရရှိနိုင်ရေးအတွက် အစိုးရရဲ့ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက အဆိုပါကိစ္စကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူရဲ့ မေးမြန်းချက်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူေတွကို နိုင်ငံတော်က တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်း လစဉ်ထောက်ပံ့ပေးဖို့ စီစဉ်ထားပေမယ့် လက်ရှိမှာ လူနည်းစုပဲ ရရှိပြီး အများစုမှာ မရရှိသေးဘူးလို့ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။ဒါ့အပြင် စစ်ဘေးရှောင်အများစုဟာ ထောက်ပံ့ကြေးလျှောက်ထားရမယ့် လမ်းညွှန်ချက်ေတွကို မသိရှိကြသလို၊ အသစ်လျှောက်ထားသူများကလည်း ထောက်ပံ့ကြေး လုံးဝမရရှိသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဥပမာ ငါန်းဇွန်မြို့မှာ…
Read Moreနမ့်ခမ်းပေါက်ကွဲတဲ့နေရာကနေ အလောင်းတွေထပ်တွေ့ပြီး ထိခိုက်ဒဏ်ရာရသူ ရာချီရှိလာ
ဇွန် ၂၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်နေရာမှာ အလောင်းတလောင်း ထပ်မံတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူဦးရေမှာလည်း ရာချီရှိလာတယ်လို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေရာမှာ မနေ့က အလောင်းရုပ်မပေါ်တော့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပုံလိုက်တွေ့ရှိခဲ့ရပြီး ယမန်နေ့ မှာတော့ ဘက်ဟိုးအသုံးပြု ရှင်းလင်းရေးလုပ်ငန်းအတွင်း အလောင်းတလောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်သူတယောက်က VOM ကို ပြောပါတယ်။ “မနေ့က အလောင်းတလောင်းတွေ့တယ်။ ဒီနေ့မနက် ဘက်ဟိုးနဲ့ ရှင်းလင်းနေတုန်း အလောင်းတလောင်း ထပ်တွေ့တယ်” လို့ သူက ပြောပါတယ်။ ဖြစ်စဉ် ဖြစ်ပွားတဲ့ မေလ ၃၁ ရက်နေ့ တရက်ထဲ ကလေး ၆ ယောက် အပါအဝင် သေဆုံးအလောင်း ၄၆ ယောက်ရှိခဲ့ပြီး ဒီနေ့ ထပ်တွေ့…
Read Moreကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန် ၊ စျာပနအခမ်းအနားပါပြီးစီး
ဇွန် ၂ ၊ ၂၀၂၆ GG (VOM) ကဗျာဆရာ ၊ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ဒီကနေ့ ဇွန် ၂ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး စျာပနအခမ်းအနားကို ဒီနေ့ နေ့လယ်ပိုင်းကပဲ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ” ဆုံးတာတော့ ဒီနေ့မနက်အစောပိုင်းကလို့ သိရတယ်။အသည်းရောဂါနဲ့ပါပဲ ။ ဒီနေ့ ချက်ခြင်းသဂြိုလ်လိုက်ပြီ။ ကဗျာဆရာ တချို့လိုက်ပို့ကြတယ် ။မိသားစုဆန္ဒအရ အကျဥ်းချုံးလုပ်လိုက်တယ်သိရပါတယ်။ “လို့ ရုပ်ရှင်ထုတ်လုပ်ရေးအသိုင်းဝိုင်းက တယောက်က ပြောပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါခံစားနေရပြီး ခန္ဓာကိုယ်တခုလုံးမှာလည်း ကင်ဆာဆဲလ်များ ပျံ့နှံ့နေကြောင်းကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးတာမျိုးရှိခဲ့ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ ခုနှစ် နိုဝင်ဘာကတည်းက…
Read Moreမနက်ဖြန် အမျိုးသားလွှတ်တော်မှာ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဖြေရမယ့်မေးခွန်းအများစုဖြစ်
နေပြည်တော် ဇွန် ၂ – ၂၀၂၆ KKL(VOM) မနက်ဖြန် ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာနက အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ဥပဒေကြမ်းတင်သွင်းဖို့ကိစ္စတခုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က နှစ်ဦး စုစုပေါင်းကိုယ်စားလှယ် လေးယောက်တို့က မေးခွန်းမေးမြန်းထားပါတယ်။ ဒါ့အပြင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့သက်ဆိုင်တဲ့ကော်မတီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြမှုနဲ့ အတူ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ တာဝန် လုပ်ပိုင်ခွင့် ရပိုင်ခွင့်နဲ့ သက်တမ်းတွေကို ကိုယ်စားလှယ်တဦးက ရှင်းလင်းတင်ပြသွားမှာဖြစ်ပြီး အဖွဲဝင်ဦးရေ အဖွဲ့ဝင်အမည်စာရင်း ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့အမည်စာရင်းကို ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #အမျိုးသားလွှတ်တော်
Read Moreသူတို့အိမ် အခန်း (၁၂၈)
ဆူးငှက် ကျွန်ုပ်တို့၏ ယုံကြည်ချက် တဲ့ ————————————– “ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံသား လုပ်သားပြည်သူများ ဖြစ်ကြကုန်သော ကျွန်ုပ်တို့သည် ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များကို အမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင် စာနာမှု ညှာတာ ထောက်ထားမှု စသည့် ကောင်းမြတ်သောတရားများကို မျက်ကွယ်ပြု၍ မတရားသဖြင့် ချယ်လှယ်နိုင်ကြသော ဝိသမလောဘသားများ၏ ဝိသမစီးပွားရေးစံနစ်ဆိုးများ ရှိနေသရွေ့ ကာလပတ်လုံး လူသားအပေါင်းသည် လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယဲုကြည်သည်။ ထို့ကြောင့် ဤ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် တွင် လူလူချင်း မတရားချယ်လှယ်၍ မတရားစီးပွားရှာစားသော ဝိသမစံနစ်များကို ချုပ်ငြိမ်းစေပြီး တရားမျှတမှုကို အခြေခံသော ဆိုရှယ်လစ် စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား ပြည်သူအပေါင်းသည် လူ့ပရောဂကြောင့် ပေါ်ပေါက်လာရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ဗြဟ္မစိုရ်တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော…
Read Moreလူ ၄၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတဲ့ နမ့်ခမ်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဟာ သတ္တုတွင်းသုံး ယမ်းတွေလို့ TNLA ထုတ်ပြန်
ဇွန် ၁၊ ၂၀၂၆ Shv V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာမှာ မနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုမှာ လူ သေဆုံးမှု ၄၀ ကျော်လာပြီး ၇၀ ကျော် ဆေးရုံတင်ထားရကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “မနေ့ မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်ပွားမှုမှာ သေဆုံးသူ မနေ့တရက်အတွင်း ၄၆ လောင်းရှိတယ်” လို့ ကူညီ ကယ်ဆယ်နေသူ အမျိုးသား တယောက်က ပြောပါတယ်။ နမ့်ခမ်းပြည်သူ့ဆေးရုံကနေ အလောင်း ၄၆ လောင်းကို မီးသဂြိုလ်စက်သို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ကျန်ရှိနေတဲ့ ထိခိုက် ဒဏ်ရာရလူနာ ၇၄ ယောက်ကိုလည်း နမ့်ခမ်းပြည်သူ့ဆေးရုံသို့…
Read More