သူတို့အိမ် အခန်း (၁၃၄)

  ဆူးငှက်     မန္တလေးနှင့် သဘာဝဘေး —————————   မန္တလေးသည် ဧရာဝတီမြစ်ကမ်းနဘေး ရှိသကဲ့သို့ ပူပြင်းခြောက်သွေ့သော မိုးနည်းရပ်ဝန်းတွင် တည်ရှိသည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေးအကြိမ်ကြိမ် သင့်သကဲ့သို့ မိုးရာသီတွင် မြစ်ရေကြီးသည့် ဘေးအန္တရာယ်ကိုလည်း ကြုံတွေ့ကြ ရသည်။ မြစ်ရေကြီးခြင်းက အကြမ်းဖျဉ်းအားဖြင့် ၄နှစ်တစ်ကြိမ်မျှသာ ကြုံတွေ့ရသော်လည်း မီးဘေးအန္တရာယ်ကမူ ဆောင်းအကူး နွေဦးပေါက်သည်နှင့် နှစ်စဉ်လို ကြုံကြရ၏။ မြို့ကို တည်ထားသည်ကလည်း လေးထောင့်စပ်စပ်ဖြစ်ကာ အိမ်အများစုကလည်း ဝါးကပ်မိုး ဝါးထရံကာများဖြစ်ကြ၏။ နောက်ပိုင်း လူဦးရေ ထူထပ်လာသည်နှင့် အမျှ နဂိုရှိပြီး ဝင်းဧရိယာမှာပင် နေအိမ်များ တိုး၍လာသောကြောင့် လမ်းများက လူတစ်ယောက် သွားသာရုံပဲ ရှိတော့သည်။ ထို့ပြင် အသုံးပြုသော မီးဖို မီးအိမ်များမှာလည်း ထင်းမီးဖိုနှင့် ရေနံဆီ မီးခွက် မီးအိမ်များမို့ အတိမ်းအစောင်းမခံဘဲ မီးဘေး…

Read More
VOM News

FREE
VIEW