နေပြည်တော်၊ ဇူလိုင် – ၁၄-၂၀၂၆
KKL(VOM)
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေဖြစ်တဲ့ ၁/၂၀၂၆ နဲ့ ၂/၂၀၂၆ တို့ကို ဆက်လက် အတည်ဖြစ်စေရေး လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနိုင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရဲ့ကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ဒုတိယရှေ့နေချုပ် ဒေါက်တာ တင်လင်းဦးက ပြည်ထောင်စုလွှတ်တော်ကို အဆိုပြုတင်သွင်းခဲ့ပါတယ်။
အဲ့ဒီအဆို တင်သွင်းမှုကို တတိယအကြိမ် ပြည်ထောင်စုလွှတ် တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ မှာတင်သွင်းခဲ့တာဖြစ်ပြီး အရေးပေါ်အခြေအနေ ကြေငြာခဲ့တဲ့ မြို့နယ် ၆၀ ထဲက ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ဖလမ်းမြို့ မြို့နှစ်ခုကလွဲလို့ ကျန်တဲ့မြို့နယ်တွေကို မူလအခြေအနေပြန်ရောက်ဖို့ လိုအပ်နေတဲ့အတွက် အရေးပေါ်အခြေအနေ ကြေငြာဖို့လိုအပ်နေလို့ နိုင်ငံတော် သမ္မ တ ကိုယ်စား ဥပဒေရေးရာ ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်ကို လာရောက်အဆိုပြုခဲ့တာပါ။
ဥပဒေရေးရာ ဒုဝန်ကြီးအဆိုပြုခဲ့တဲ့ အကြောင်းအရာတွေကတော့ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က)မှာပါရှိတဲ့ အရေးပေါ်အခြေအနေကြငြာခြင်းသတ်မှတ်ကာလ ရက် (၉၀) နဲ့ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၂/၂၀၂၆ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က)မှာပါရှိတဲ့ စစ်အုပ်ချုပ်ရေးအာဏာအပ်နှင်းတဲ့ ဥပဒေတွေဖြစ်ပါတယ်။
ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် ၁/၂၀၂၆ နဲ့ ၂/၂၀၂၆ ကို ၂၀၂၆ ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို ၂၀၂၆ ဇွန်လ ၄ ရက်နေ့မှာ ပထမအကြိမ် အဆို တင်သွင်းခဲ့တာမှာ ကိုယ်စားလှယ် ၄ ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် ၁/၂၀၂၆ နဲ့ ၂/၂၀၂၆ က အခု ၂၀၂၆ ခု ဇူလိုင် ၂၁ ရက်နေ့မှာ ရက်ပေါင်း ၉၀ ပြည့်တော့မယ့်အချိန်မှာ အရေးပါ်အခြေအနေထုတ်ပြန်ခဲ့တဲ့ ၅၈ မြို့နယ်မှာ အုပ်ချုပ်ရေး ၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးက မူလအခြအနေကို ပြန်မရောက်သေးတဲ့အတွက် လိုအပ် ချက်အရ ဆက်လက်အတည်ပြုနိုင်အောင် ပြည်ထောင်စုလွှတ် တော်ရဲ့ အတည်ပြုချက်ရယူဖို့ ဥပဒေရေးရာဒုဝန်ကြီးက အဆိုပြုခဲ့တာပါ။
အဲ့ဒီအဆိုတင်သွင်းမှုနဲ့ ပတ်သက်လို့ ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို အခု ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံးကို စာရင်းပေးသွင်းဖို့ ပြည် ထောင်စုလွှတ်တော် နာယက က အသိပေးထားပါတယ်။
