ဆူးငှက် မှတ်မှတ်ရရ စက်တင်ဘာ ————————– မောင်အရင်လို မဟုတ်တော့ဘူး ဗီဒီယိုကားက အတော်ကြာ အချိန်ယူ ရိုက်သည်။ မန္တလေးကို အခြေခံ၍ အနီး ပတ်ဝန်းကျင်မှ ထင်ရှားသော နေရာဒေသများ၊ တန်ခိုးကြီးဘုရားများ၊ တောင်ပြုန်း ပွဲတော်အပါအဝင် ရာသီပွဲတော် များလည်း ဇာတ်လမ်းအရ ထည့်သွင်း ရိုက်ကူးသည်။ ထို့ကြောင့် တစ်နေ့တာ ရိုက်ကွင်း ပြီးသည်နှင့် ညရောက်လျှင် ကျွန်တော့် အိမ်တွင်စုကာ နောက်ရက်အတွက် ရိုက်ကွင်းသာမက ထပ်မံဖြည့်မည့် ရိုက်ကွက် အတွက် ဇာတ်လမ်းကို တိုင်ပင်ကြသည်။ ထို့ကြောင့် စာအုပ်ဆိုင်က ညတိုင် လူပိုစည်နေ၏။ မင်းသမီး ချယ်ရီသင်းလည်း စာအုပ်အငှား အအပ် စာရင်းမှတ်တာ အတော်ကျွမ်းကျင်နေပါပြီ။ သူကလည်း စာအုပ်ဆိုင် လုပ်အားပေး သက်တမ်း ရက်၂၀ နီးနေပြီလေ။ ထိုနေ့က၊ ထိုနေ့ကို ကောင်းကောင်း မှတ်မိနေပါသည်။ ဒါရိုက်တာတွေရော…
Read MoreDay: July 15, 2026
ပဲခူးက မွေးမြူရေးအစာ ထုတ်လုပ်တဲ့ Zheng Bang Myanmar စက်ရုံက ငါးဆီကန်ထဲ အလုပ်သမား သုံးယောက်သေဆုံးမှုဖြစ်
ဇူလိုင် ၁၄ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်၊ စက်မှုဇုန် (၂)ထဲက မွေးမြူရေးအစာ ထုတ်လုပ်တဲ့ Zheng Bang Myanmar ( ကျန်းပန်း မြန်မာ) စက်ရုံရဲ့ ငါးဆီကန်အတွင်းမှာ အလုပ်သမားသုံးယောက် သေဆုံးမှု ဇူလိုင် ၁၃ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စက်ရုံရဲ့ ကြက်စာ ၊ ဝက်စာအတွက် အစာစပ်ရာမှာ အသုံးပြုတဲ့ ငါးဆီကန်အတွင်း ဆင်းပြီး လုပ်ကိုင်ရာကနေ အလုပ်သမားသုံးယောက်လုံး သေဆုံးခဲ့တာ ဖြစ်ကြောင်း ၊ ငါးဆီကန်က အမြင့် (၁၀)ပေ နဲ့ အကျယ်က (၈)ပေ၊ အနက်က (၁၅)ပေ ရှိတဲ့ သံလှောင် ကန်ဖြစ်် တယ်လို့ သိရပါတယ် ။ ” စက်ရုံက စက်ပြင်ဆရာကနေ…
Read Moreအရေးပေါ်ကာလ ဆက်လက်အတည်ပြုဖို့ သမ္မတ ကိုယ်စား ဥပဒေရေးရာ ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်ကို အဆိုပြု
နေပြည်တော်၊ ဇူလိုင် – ၁၄-၂၀၂၆ KKL(VOM) ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေဖြစ်တဲ့ ၁/၂၀၂၆ နဲ့ ၂/၂၀၂၆ တို့ကို ဆက်လက် အတည်ဖြစ်စေရေး လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနိုင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရဲ့ကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ဒုတိယရှေ့နေချုပ် ဒေါက်တာ တင်လင်းဦးက ပြည်ထောင်စုလွှတ်တော်ကို အဆိုပြုတင်သွင်းခဲ့ပါတယ်။ အဲ့ဒီအဆို တင်သွင်းမှုကို တတိယအကြိမ် ပြည်ထောင်စုလွှတ် တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ မှာတင်သွင်းခဲ့တာဖြစ်ပြီး အရေးပေါ်အခြေအနေ ကြေငြာခဲ့တဲ့ မြို့နယ် ၆၀ ထဲက ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ဖလမ်းမြို့ မြို့နှစ်ခုကလွဲလို့ ကျန်တဲ့မြို့နယ်တွေကို မူလအခြေအနေပြန်ရောက်ဖို့ လိုအပ်နေတဲ့အတွက် အရေးပေါ်အခြေအနေ ကြေငြာဖို့လိုအပ်နေလို့ နိုင်ငံတော် သမ္မ တ ကိုယ်စား ဥပဒေရေးရာ ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်ကို လာရောက်အဆိုပြုခဲ့တာပါ။ ဥပဒေရေးရာ ဒုဝန်ကြီးအဆိုပြုခဲ့တဲ့ အကြောင်းအရာတွေကတော့ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်…
Read Moreနဘား – ကသာလမ်းပိုင်း ပြန်ဖွင့်ပေမယ့် မန္တလေးဘက် အဆင်းကားတွေ သွားလို့မရသေး
ဇူလိုင် ၁၄ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ နဘား – ကသာလမ်းပိုင်းက မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား လမ်းကို ဒီကနေ့ ဇူလိုင် ၁၄ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ ပြန်ဖွင့်လိုက်ပေမယ့် ထီးချိုင့် – ကသာလမ်းကတော့ မပွင့်သေးဘဲ မန္တလေးမြို့ဘက်ကို သွားလို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကြီးနား – မန္တလေးလမ်းပိုင်းထဲက အင်းတော်မြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာတွေကြောင့် အဲဒီလမ်းပိုင်းမှာ ဇွန် ၃၀ ရက်နေ့ကစပြီး ကုန်တင်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေခဲ့တာပြီး လမ်းပိတ်ဆို့မှု ၁၅ ရက်ဝန်းကျင် အကြာမှာတော့ နဘား – ကသာလမ်းပိုင်းကို ပြန်လည် သွားလာလို့ရပြီလို့ သိရပါတယ်။ “ထီးချိုင့် – ကသာလမ်းပိုင်းမှာ သစ်ပင်တွေလှဲချထားတာ၊ လမ်းကို…
Read Moreဒီနေ့တရက်တည်းတင် ရန်ကုန်မှာ YBS နဲ့ အောက်ဆိုက်ကားတွေရဲ့ ယာဥ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး တယောက်သေ ၊ ငါးယောက်ဒဏ်ရာရ
ဇူလိုင် ၁၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ ဒီနေ့ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းမှာတင် YBS အပါအဝင် အောက်ဆိုက်လိုင်းကားတွေ ယာဥ်တိုက်မှု သုံးကြိမ်ဖြစ်ပွားပြီး အမျိုးသမီးတယောက် သေဆုံးကာ နောက်ထပ်လူငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အလုံမြိုနယ် ၊ အောက်ကြည့်မြင့်တိုင်လမ်းမပေါ် ဆင်မင်းစျေးကားမှတ်တိုင်မှာ အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသမီးကို YBS 144 က ဝင်တိုက်မိပြီး အမျိုးသမီးကြီး.သေဆုံးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ” မနက် ၉ နာရီနောက်ပိုင်းလောက်မှာဖြစ်တာပါ။ အဖွားအိုတယောက် မှတ်တိုင်မှာ ကားတိုက်ခံရတယ်ဆိုပြီး ပတ်ဝန်းကျင်က အကူအညီတောင်းတာနဲ့ သွားတာပါ။ ဖြစ်စဥ်တော့ သေချာမသိဘူး ။ အဖွားကတော့ ကားအောက်ကနေ ဆွဲထုတ်ခဲ့ရတယ်။ ” လို့ မြေပြင်ကူညီ ဆောင်ရွက်ခဲ့တဲ့ ကြီးလေးကြီး…
Read Moreဂွ၊ ခင်ဦး၊ ချောက်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လို့ သေဆုံးဒဏ်ရာရသူတွေရှိ
ဇူလိုင် ၁၄ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ် ဂွမြို့နယ်၊ မကွေးတိုင်း ချောက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်တို့မှာ မနေ့ ဇူလိုင် ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ရှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂွမြို့နယ်ရှိ ကွင်းလျားရှည်ကျေးရွာ၊ ရဟိုင်းကွင်းရွာနဲ့ ကျောင်းကုန်းကျေးရွာတွေမှာ မနေ့ည ၁၀ နာရီဝန်းကျင်ကနေစပြီး ည ၁၀ ၅၅ မိနစ်ဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်၊ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ကွင်းလျားရှည်ရွာ (မြောက်ဘက်)၊ လယ်ကွင်းအစပ်က တောင်ခြေနဲ့ ရဟိုင်းကွင်းရွာ (အနောက်ဘက်) လယ်ကွင်းတွေ၊ ကျောင်းကုန်းရွာ (အရှေ့ဘက်) က လယ်ကွင်းအစပ် တောင်ခြေ နေရာတွေနဲ့ ကျေးရွာတွေထဲက နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ လူတွေ…
Read More