ပင်လည်ဘူးနဲ့ဆားလင်းကြီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၁၀ ယောက်သေပြီး ဒဏ်ရရသူများ

ဩဂုတ် ၁၉ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်နဲ့ ​ဆားလင်းကြီးမြို့နယ်ထဲမှာ လေကြောင်း တိုက်ခိုက်ခံရပြီး လူ ၁၀ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
မနေ့က ဩဂုတ် ၁၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ပင်လည်ဘူးမြို့နယ်ထဲက ရှစ်ယောက်သေဆုံးပြီး ဆားလင်းကြီးမြို့နယ်မှာ နှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ပင်လည်ဘူးမှာ မနက် ၁၁ နာရီခွဲဝန်းကျင်အချိန် မိုင်းတုံးတာကြီးရွာအနီးက ရွှေလုပ်ကွက်ကိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
” သေဆုံးရှစ်ယောက်နဲ့ ဒဏ်ရာရသူတွေများလို့ အရေးပေါ်သွေးလိုအပ်တာတွေရှိတယ် သိရတယ်။ ဒဏ်ရာရအရေအတွက်တော့ မသိရသေးဘူး ။ မိုင့းတုံးတာကြီးရွာက ပင်လည်ဘူးမြို့နဲ့ဆိုရင် ၁၅ မိုင် ၊ ၁၆ မိုင်လောက်ဝေးတယ်။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာတော့ ညနေ ၄ နာရီလောက်မှာ ရေခါးရွာဘက် လေကြောင်းတိုက်ခိုက်ခံရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ယောက် သေဆုံးကာ ၊ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း ပင်လည်ဘူးမြို့နယ် ၊ မံစီရွာက NUG ဆေးရုံကို အပါအဝင် နေရာတချို့ကို လေကြောင်းတိုက်ခိုက်ခဲ့သလို ၁၆ ရက်နေ့မှာ ကင်းပန်းရွာကို လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၃ ယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပင်လည်ဘူးမြို့ကိုတော့ သုံးရက်ဆက်တိုက်လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၁၉ ရက်နေ့မှာလည်း လေယာဥ်တွေဝဲနေတယ်လို့ သိရပါတယ်။
ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာကစပြီး NUG လက်အောက်ခံတွေက ထိန်းချုပ်ထားကာ ဆားလင်းကြီးမြို့ကိုတော့ အစိုးရတပ်က ထိန်းချုပ်ထားပြီး ကျေးရွာဘက်တွေမှာတော့ PDF အဖွဲ့တွေက လှုပ်ရှားမှုရှိတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW