ဆူးငှက် အိမ်ငှား တစ်နှစ် ပြည့်တော့မည် ———————————- ကိုင်း.. မိတ်ကောင်း ဆွေကောင်းများနှင့် သွားလိုက် လာလိုက၊် စားလိုက် သောက်လိုက်၊ သီလိုက် ဆိုလိုက်နှင့် ကျီးဖိုနှင့် ကျီမလို သူတထူး အပေးအကမ်းကြောင့် မနက်စာဖူလုံလိုက် ညစာဖူလုံလိုက်နှင့် ရဲသိပ္ပံ တိုက်ခန်းလေးမှာ အငှားနေတာ ၈လပြည့်လုပြီ။ နောက် ၄လပဲ ကျန်တော့သည်။ ထိုအကြောင်း တွေးမိတိုင်း အပျော်မှန်သမျှ ထိုအန် ဖိတ်စင်ကာ လူလည်း ငိုင်ကျသွားတော့၏။ ထိုသို့ ခံစားနေရစဉ် တစ်မနက်တွင် ကိုအောင်မင်း (ကိုမောင်မောင်မြင့်) တစ်ယောက်တည်း သူ့ကားကို ကိုယ်တိုင်မောင်းပြီး တိုက်ခန်းလေးရှေ့ ရောက်လာသည်။ သူက ကားပေါ်ကဆင်းပြီး အမေ့ကိုနှုတ်ဆက် ခင်သော်ဇင့်ကို ရယ်စရာများနှင့် စ ပြောင်ကာ ကျွန်တော့်ကို သူနှင့် လိုက်ခဲ့ဖို့ခေါ်သည်။ သူလည်း အရှေ့မြောက်က ပြန်လာပြီး ကင်မရာပြန်ကိုင်ကာ လက်သွေးနေသောကြောင့် အမရပူရဘက်က…
Read MoreDay: August 20, 2026
ထိုင်းက PV ကိုင်ထားတဲ့ မြန်မာတွေရဲ့ ပတ်စပို့စ်ကိစ္စ နေပြည်တော်က ခွင့်ပြုမှသာ သံရုံးကပြုလုပ်ပေးတော့မယ်
ဩဂုတ် ၁၉ ၊ ၂၀၂၆ GG (VOM) ထိုင်းမှာ အလည်ပတ်စ်ပို့ Passport of Visit – PV အမျိုးအစားကိုင်ထားတဲ့ မြန်မာတွေကို စာအုပ် သက်တမ်းတိုးခြင်း ၊ စာအုပ်အသစ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းတာတွေအတွက် နေပြည်တော်က ခွင့်ပြုမိန့်ကျမှသာ သံရုံးက ပြုလုပ်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် PV စာအုပ်ကိုင်ထားသူတွေအနေနဲ့ သက်တမ်းတိုးခြင်း ၊ စာအုပ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းမယ်ဆိုပါက ဒီနေ့ကစပြီး သံရုံးမှာ လိုအပ်တဲ့အချက်အလက်နဲ့တကွ ဖောင်ဖြည့်ပြီး တင်ပြနေရပြီ ဖြစ်တယ်လို့ သိရပါတယ် ။ သံရုံးကမှတဆင့် နေပြည်တော်ကို တင်ပြပြီး နေပြည်တော်က ခွင့်ပြုမိန့်ကျလာမှသာ ပြုလုပ်ပေးမှာဖြစ်ကြောင်း ၊ ဒီကနေ့ သံရုံးမှာ PV…
Read Moreပင်လည်ဘူးနဲ့ဆားလင်းကြီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၁၀ ယောက်သေပြီး ဒဏ်ရရသူများ
ဩဂုတ် ၁၉ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ လေကြောင်း တိုက်ခိုက်ခံရပြီး လူ ၁၀ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။ မနေ့က ဩဂုတ် ၁၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ပင်လည်ဘူးမြို့နယ်ထဲက ရှစ်ယောက်သေဆုံးပြီး ဆားလင်းကြီးမြို့နယ်မှာ နှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ပင်လည်ဘူးမှာ မနက် ၁၁ နာရီခွဲဝန်းကျင်အချိန် မိုင်းတုံးတာကြီးရွာအနီးက ရွှေလုပ်ကွက်ကိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ” သေဆုံးရှစ်ယောက်နဲ့ ဒဏ်ရာရသူတွေများလို့ အရေးပေါ်သွေးလိုအပ်တာတွေရှိတယ် သိရတယ်။ ဒဏ်ရာရအရေအတွက်တော့ မသိရသေးဘူး ။ မိုင့းတုံးတာကြီးရွာက ပင်လည်ဘူးမြို့နဲ့ဆိုရင် ၁၅ မိုင် ၊ ၁၆ မိုင်လောက်ဝေးတယ်။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်မှာတော့…
Read Moreရေကြီးရေလျှံမှု နောက်ဆက်တွဲ သတိပြုရမယ့် ကျန်းမာရေးပြဿနာ
ဩဂုတ် ၁၉ – ၂၀၂၆ SS (VOM) ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဟာ အဓိကအားဖြင့် မသန့်ရှင်းတဲ့ရေကြောင့်ဖြစ်ပြီး အဲဒီရေကတဆင့် ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်သလို ပိုးမွှားကောင်တွေကနေတဆင့်လည်း ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ တိုက်ဖွိုက်ရောဂါ (ခေါ်) အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါ – အေ ရောဂါ၊ ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ၊ အပူချိန်ကျဆင်းခြင်း အခြေအနေနဲ့ ပွေး၊ ဝဲ၊ မှို စတဲ့ အရေပြားရောဂါတွေလို့ သိရပါတယ်။ “ရေကြီးပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့က ရေကိုသေချာ ကျိုချက်ပြီး သောက်ရမယ်။ ဒါမှမဟုတ် ရေသန့်ဘူး၊ ကလိုရင်းဆေး ခတ်ပေးထားတဲ့ရေကိုပဲ သုံးစွဲရင်တော့ ပိုအဆင်ပြေမယ်။ ဝမ်းပျက်တဲ့အခါ ရေဓာတ်ပြန်ဖြည့်ဖို့ BPI ဓာတ်ဆားထုပ်…
Read More