နေပြည်တော်က သဘာဝရေကန်ထဲ အမျိုးသမီးနှစ်ယောက်ရေနစ်သေဆုံး

စက်တင်ဘာ ၅ ၊ ၂၀၂၆
CC (VOM)
နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲက သပြေချောင်းကျေးရွာအုပ်စု ၊ဂွေးခါးတောင်‌အနီးရှိ သဘာဝရေကန်မှာ ရေဆင်းကူးတဲ့ အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
စက်တင်ဘာ ၄ ရက်နေ့ ၊ ညနေ ၃ နာရီကျော်လောက်မှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးသုံးယောက်တို့ဟာ ရေဆင်းကူးရာကနေ နှစ်ယောက်ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
” သူငယ်ချင်းတွေရေဆင်းကူးတာကို နှစ်ယောက်က နစ်ပြီး သေဆုံးတာလို့ သိရတယ်။ အလောင်းတွေကို ညနေ ၅ နာရီထိုးပြီးမှရှာတွေ့တာပါ ။ အသက်တွေက ငယ်ပါသေးတယ် ။
ရေနစ်သေဆုံးခဲ့သူတွေမှာ ခြုံကြီးကျေးရွာက မအိမွန်သော် ၊ မြဝတီရပ်ကွက်က မရွှန်းလဲ့ဝတ်ရည် ဆိုသူတို့ဖြစ်ပြီး လက်ရှိမှာတပ်ကုန်းမြို့နယ်(ကုတင် ၁၀၀)ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း ပျဥ်းမနားမြို့နယ် ၊ပေါင်းလောင်းမြစ်အောက်ပိုင်း စည်ပင်ကြီးကျေးရွာ ​ရေချိုးဆိပ်မှာ ရေဆင်းချိုးတဲ့ အသက် ၁၅ နှစ်ရွယ် G9 ကျောင်းသားတယောက် ရေနစ်သေဆုံးသွားခဲ့ပြီး အလောင်းကို ဩဂုတ် ၃၁ ရက်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။
အလားတူ အဲဒီ​ရက်မှာပဲ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ထန်းတစ်ပင်ရပ်ကွက်၊ ကျောက်မျက်ခြံဝင်း၊ လမ်းဘေးမှာရှိတဲ့ သဘာဝရေကန်ထဲကို အိမ်စီးကားတစီး ရေကန်ထဲထိုးကျပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသား တယောက်နဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW