ဇန်နဝါရီ ၁၇- ၂ဝ၂၅ KKO(VOM) ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်နံပါတ်နဲ့ ကားတွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က စတင်ပြီး စာရင်းတွေကောက်ယူနေတယ်လို့ ကားလောကအသိုင်း အဝိုင်းကနေ VOM က စုံစမ်းသိရှိရပါတယ်။ “နယ်လိုင်စင်ကားတွေကို သူတို့ စပြီးစာရင်းကောက်နေတယ်လို့ ပြောတယ်။ရန်ကုန်မှာက ဧရာဝတီလိုင်စင်တို့ ပဲခူးလိုင်စင်ကားတွေပဲများတယ်။ဘာလို့စာရင်းကောက်လဲတော့မသိသေးဘူး။နယ်နှင်ဖို့လား၊အသွားအလာကန့် သတ်လိုက်ဖို့လား၊နယ်ကကားတွေရန်ကုန်မှာမောင်းလို့မရတာလား၊ရန်ကုန်ကားတွေနယ်ဆင်းလို့မရတာလား၊ဘယ်လိုလုပ်အုံးမလဲတော့မသိဘူး။စာရင်းတွေတော့စကောက်နေပြီပြောတယ်။ရန်ကုန်မှာကနယ်လိုင်စင်ကားတွေများတယ်၊ရန်ကုန်လိုင်စင်ကလည်းဟိုတုန်းထဲကပိတ်ထားတာကြာပြီလေ”လို့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်း တယောက်က ပြောပြပါတယ်။ ယခုလို စာရင်းတွေကောက်ယူနေပေမယ့် ရန်ကုန်မှာရှိနေတဲ့ နယ်လိုင်စင်ကားတွေကိုနယ်နှင်ဖို့ဆိုတဲ့ အကြောင်းအရာကဖြစ်နိုခြေနည်းပါးပြီး အခုစာရင်းကောက်ယူမှုဟာ တခြားသောအကြောင်းအရာတခုကြောင့် ဖြစ်နိုင်တယ်လို့လည်း ကညန အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က အခုလို ဆက်ပြီးပြောပြပါတယ်။ “နယ်လိုင်စင်ကားတွေကို ရန်ကုန်ကနေ နှင်ဖို့ ဆိုတာကမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက လိုင်စင်နံပါတ်နဲ့ တရားဝင်လိုင်စင်ကားဆိုရင်တနိုင်ငံလုံးမည်သည့်နေရာမဆိုမောင်းနှင်ခွင့်ရှိတယ်ဆိုတာကပါပြီးသားလေ။ အခုကြားနေရတဲ့ နယ်လိုင်စင်ကားတွေကိုစာရင်းကောက်တယ်ဆိုတဲ့ ကိစ္စက နယ်နှင်ဖို့တော့ မဖြစ်နိုင်ဘူး။ဖြစ်နိုင်ချေရှိတာက တမျိုးတဖုံနဲ့ နယ်လိုင်စင်ကားတွေကို ကြပ်ဖို့ပဲရှိတယ်လို့ထင်ပါတယ်။ အခြားသတ်မှတ်ချက်တွေ လည်းသူတို့ကထုတ်ရင်လည်းထုတ်မှာပေါ့။နယ်လိုင်စင်ဆို ရန်ကုန်မှာမောင်းရင်ဘီးခွန်ဆောင်ခိုင်းတာတို့ ဘာတို့ ဒီလိုမျိုးတွေတော့ရှိလာနိုင်တယ်။နောက်ညအိပ်ခွန်လိုဟာမျိုးပေါ့။ဒါမျိုးတွေတော့ဖြစ်လာနိုင်ခြေရှိတယ်။ရန်ကုန်ကားတွေလည်းနယ်သွားရင်ဘီးခွန်တွေဆောင်ရတာပဲလေ”လို့ သူကထပ်လောင်း…
Read MoreAuthor: Editor Htein Lin
ဒေါပုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတယောက် ဓါးဒဏ်ရာတွေနဲ့ သေဆုံး
ဇန်နဝါရီ ၁၆ – ၂ဝ၂၄ KKO(VOM) ရန်ကုန်မြို့၊ဒေါပုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတယောက် ဓါးနဲ့အချက်ပေါင်းများစွာ ထိုးနှက်ခံရပြီး အသတ်ခံရမှုဇန်နဝါရီလ ၁၅ ရက်၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးပရဟိတအသင်းတခုရဲ့ သတင်းထုတ်ပြန်ထားမှုတွေအရ သိရပါတယ်။ ဖြစ်စဉ်မှာ အဲဒီနေ့ ည ၉ နာရီ မိနစ် ၅ဝအချိန်ခန့်က ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ ၆ လမ်းထိပ်၊ ပေ ၈၀ လမ်းပေါ် က အငှားတက္ကစီယာဥ်တစီးပေါ်မှာ ယာဥ်မောင်းတယောက်ကို ဓါးဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ နယ်မြေခံလူမှုကူညီရေးသမားတွေက ပြောပါတယ်။ သတင်းအရ အခင်းဖြစ်ရာသို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူ နယ်မြေခံပရဟိတအသင်းတွေက သွားရောက်ကူညီဆောင်ရွက်ရာမှာ အဲဒီ အငှားတက္ကစီယာဥ်မောင်းဟာ ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာဓါးဒဏ်ရာများစွာနဲ့ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာကိုတွေ့ရှိရတယ်လို့လည်း နယ်မြေခံလူမှုကူညီရေးအသင်းတခုဖြစ်တဲ့ သစ္စာမဏ္ဍိုင်အသင်းက သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ “မနက်က ဒီသတင်းကို…
Read Moreဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ အယောက် ၃၀ ကျော်တွေ့ရှိ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နား
ဇန်နဝါရီ ၁၆ – ၂၀၂၅ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုဖြစ်စဉ်မှာ သေဆုံးသူ အယောက် ၃၀ ကျော် တွေ့ရှိပြီး ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နွံကန်ပြိုကျမှုဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းကစလို့ ဇန်နဝါရီ ၁၅ ရက်၊ ညနေပိုင်းအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မရပ်မနား လုပ်ဆောင်ခဲ့တာမှာ ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ကျွန်တော်တို့ နေ့ရောညရော ကယ်ဆယ်ရေးတွေ ဆက်တိုက် လုပ်ခဲ့တာမှာ ရုပ်အလောင်းပေါင်းက ၃၁ လောင်း ရတယ်။ အများပြည်သူက သေဆုံးသူ ရာဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းပေမယ့် တကယ်တမ်းက…
Read Moreမရမ်းကုန်းမှာ တိုက်ခန်းအတွင်း အမျိုးသားတယောက် ဓားဒဏ်ရာငါးချက်နဲ့ အသတ်ခံထားရ
ဇန်နဝါရီ ၁၆ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ သမိုင်းမြို့သစ်(၄) လမ်းထဲက တိုက်ခန်းအတွင်းမှာ အမျိုးသားတယောက် ဓားဒဏ်ရာတွေနဲ့အသတ်ခံထားရတယ်လို့ သိရပါတယ်။ တိုက်ခန်းအတွင်းဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို မနေ့ကဇန်နဝါရီ ၁၅ ရက်ညပိုင်းမှာမှသိရှိရပြီး အလောင်းကို တာဝန်ရှိသူတွေကစစ်ဆေးပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ၆ လွှာကအခန်းမှာဖြစ်သွားတာ။သူက တယောက်တည်းနေတာပ ဲတွေ့တယ်လို့သိရတယ်။ ကျန်တဲ့မိသားစုဘာညာ မသိရသေးဘူး ။သေတာကတော့ ညနေပိုင်းလောက်မှာဖြစ်သွားတာ။ သတ်တာဘယ်သူဆိုတာတော့မသိဘူး။ဒဏ်ရာက ငါးချက်လောက်ရှိတယ်။ လည်ပင်းနဲ့ရင်ဘတ်မှာပါ။ဓားဒဏ်ရာတွေပဲတွေ့တယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့နယ်လူမှုကူညီရေး သမားကပြောပါတယ်။ အသတ်ခံရသူကတော့ အသက်၅၉ နှစ်အရွယ်ဦးခင်မောင်သိန်းဆိုသူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ…
Read Moreအိန္ဒိယ နာမည်ကျော်သရုပ်ဆောင် နေအိမ်မှာဓါးထိုးခံရတာ ခွဲစိတ်ကုသပြီးနောက် အခြေအနေကောင်းမွန်
ဒေလီ၊ ဇန်နဝါရီ-၁၆-၂၀၂၅ ရတီ (VOM) နာမည်ကျော် ဘောလိ၀ုဒ်သရုပ်ဆောင် ဆာဖ်အလီခန်းကို လူတယောက်က နေအိမ်ကို ဖောက်ထွင်းဝင်ရောက်လာသူတယောက်ရဲ့ ဓါးနဲ့ထိုးတာခံခဲ့ရပြီး လက်ရှိမှာတော့ မင်းသားဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်သွားပြီလို့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ ခန်းဟာ မိသားစုနဲ့အတူနေထိုင်တဲ့ မွမ်ဘိုင်းရှိနေအိမ်မှာ ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ညသန်းခေါင်ကျော်လောက်မှာ သူနေအိမ်ထဲကို ဝင်ရောက်လာသူနဲ့ ဆာဖ်အလီခန်းတို့ဟာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားပြီးနောက် ဓါးဒဏ်ရာရခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် သူ့ရဲ့ ကျောရိုးမှာ ဓါးဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်လက်မှာ ဒဏ်ရာနှစ်ချက်နဲ့ လည်ပင်းမှာနောက်ထပ်ဒဏ်ရာတခုတို့ကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး အခြေအနေတည်ငြိမ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ခန်းဟာ ဘောလိ၀ုဒ် အကျော်အမော်မင်းသမီး ကရီနာကာပူးနဲ့ လက်ထပ်ထားပြီးသူတို့မှာ ကလေးနှစ်ယောက်မွေးဖွားထားပါတယ်။ တိုက်ခိုက်မှုအသေးစိတ်ကို မသိရသေးပေမယ့် အမည်မသိသူဟာ မင်းသားနေအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရုပ်ရှင်လောကစတင်ဝင်ရောက်ခဲ့တဲ့ ခန်းဟာ…
Read Moreရှမ်း/တောင်က ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော် ရိက္ခာမလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရ
ZY(VOM) ဇန်နဝါရီ ၁၆၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော်ဟာ လက်ရှိအချိန်မှာ ရိက္ခာမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။ ၂၀၂၄ခု၊ ဇန်နဝါရီ ၂၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် စံဖူး / လုံးဟီး ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှစတင်ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေရတာဟာ တနှစ်ပြည့်မြောက်တော့မမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ရှမ်း/တောင်မှာက တောဘက်ရှောင်တဲ့သူ အင်မတန်များတယ်။ တောဘက်ရှောင်တဲ့သူ တွေက ရေပြဿနာရော၊ စားနပ်ရိက္ခာပြဿနာပါ ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေကို ပြန်စားရတယ်။ တောဘက်က သစ်သီးဝလံတွေကို ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ နေတာကတော့ ဘယ်လိုနေနေ၊ ဝတ်တာက ဘယ်လိုဝတ်ဝတ် ရိက္ခာမရှိရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က VOMကို ပြောပါတယ်။ ၂၀၂၄ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊…
Read Moreဂျပန်မှာ လူသိန်းချီသေနိုင်တဲ့ အကြီးစားငလျင်ကြီး လှုပ်ခတ်ဖို့ရှိနေ
တိုကျို၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ လာမယ့်နှစ် ၃၀ အတွင်း အကြီးစားငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းထိ တိုးလာကြောင်း ဂျပန်အစိုးရရဲ့ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က သတိပေးလိုက်ပါတယ်။ အဲဒီ အင်အားပြင်း မြေငလျင်ကြီးဟာ ရစ်ချ်တာစကေး အဆင့် ၈ ကနေ ၉ ထိရှိနိုင်တာကြောင့် ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်နိုင်ပြီး ငလျင်ကြောင့် လူသိန်းချီသေဆုံးနိုင်ကာ ဒေါ်လာဘီလီယံများစွာ ပျက်ဆီးဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေဟာ ယခင်က ၇၄ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းရှိမယ်လို့ မြေငလျင်သုတေသန ကော်မတီက ယခင်ခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခှိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။ ဂျပန်နို်ငငံ၏ ပစိဖိတ်ကမ်းရိုးတန်းနဲ့အပြိုင် ကီလိုမီတာ ၈၀၀ အကွာမှာရှိနေတဲ့ နန်ကိုင်းကျောက်လွှာနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အဲဒီကျောက်လွှာကြောင့် ရစ်ချ်တာစကေး…
Read Moreအနုအလှ စာသားများနှင့် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)
ဆူးငှက် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)ကို ၁၂၇၃ခု ဝါဆိုလပြည့်ကျော် ၃ရက် (၁၉၁၁ခု ဇူလိုင်လ ၁၃ရက်) ကြာသပတေးနေ့တွင် မန္တလေးမြို့ ဈေးချိုတော် အနီး ရေကြည်ရပ်နေ အဖဦးပေါအိ၊ အမိဒေါ်ခင်တို့က မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက ဂီတအပေါ် မွေ့လျော်ဝါသနာထုံခဲ့ပြီး မြန်မာဂီတာ၊ ဟာဝေယံဂီတာနှင့် တယောထိုးခြင်း တို့ကို လေ့လာသင်ယူကာ ကþမ်းကျင်စွာ တီးခတ်ခဲ့သူဖြစ်သည်။ ဂီတနှင့် ကျွမ်းဝင်သူဖြစ်သည့်အလျောက် အသက်(၁၉)နှစ် အရွယ် ၁၉၃၀ခုနှစ်တွင် တယောဆရာကြီး ဦးကြီးငွေ(ရှုမ၀ ပန်းချီ)၊ ဦးဘဝင်းတို့နှင့် ဆက်နွယ်ပြီး မြို့မအပျော်တမ်းတူရိယာအသင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့မ အပျော်တမ်းတူရိယာအသင်းတွင် တယောတူရိယာသမား အဖြစ်ပါဝင်တီးခတ်ခဲ့ရာမှ မြို့မတူရိယာအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဘညိန်း (မြို့မငြိမ်း)၏ သင်ကြားပေးမှုဖြင့် အသင်းတွင် လိုအပ်နေသော ဆလိုက်ထရန်ဘုံး လေမှုတ်တူရိယာပစ္စည်းကို တီးမှုတ်ခဲ့သည်။ မြို့မတူရိယာအသင်းမှ ဓာတ်ပြားသွင်းခဲ့သည့်…
Read Moreမုန့်သိုင်းခြုံ
ဆူးငှက် “တော်ပြီကွာ…၊ အငြိမ့်ကရတာပင်ပန်းလှတယ်၊ စိတ် နာပြီ…” “အငြိမ့်မကရင် ဘာလုပ်စားမတုန်း…” “မုန့်ရောင်းစားမယ်…” “ဘာမုန့်တုံး…” “အရပ်ကတို့ ဖမ်းလိုက်စမ်းပါ၊ ဖမ်းလိုက်စမ်းပါ… ဆို တဲ့မုန့်” “ဟ… ဘာမုန့်တုံးကွ” “မုန့်လေပွေလေ…” “သြော်… ဒီလိုလား။ ငါလည်း ပွဲမကတော့ဘူး” “မင်းက ဘာလုပ်စားမှာလဲ” “ငါလည်း မုန့်ရောင်းစားမှာပေါ့…” “ဘာမုန့်လဲကွယ်…” “ကိုင်း… ရွာစားရေ ရှမ်းဆိုင်းလေး…” (အငြမ့်တီးဝိုင်းမှ ရှမ်းအိုးစည်တီးလုံးတီးစေ) “မင်းဟာက…ရှမ်းအိုးစည်နဲ့ကတာကိုး… ဘာမုန့်တုံး ကွဲ့” “မုန့်သိုင်းခြုံလေ…”တဲ့။ ငယ်ငယ်က ကြည့်ဖူးတဲ့အငြိမ့်ပြက်လုံးပါ။ အခုလို ဘုရားပွဲတော်၊ ကထိန်ပွဲတော် ရာသီရောက်ရင်တွေ့တဲ့ အငြိမ့်ပွဲ ခင်းမှာ ပရိသတ်ထဲတိုးပြီး ဖိနပ်ဖင်ခုထိုင်ကာ အငြိမ့်ကြည့်ရတဲ့ အရသာဟာ ပြန်လှန်တွေးကြည့်တော့ အလွန်လွမ်းဆွတ်စရာ ကောင်းလှပါတယ်။ လူပြက်က တောင်ရှည်ပုဆိုးကို ဖနောင့်နဲ့ ခတ်ကာ မ,တဲ့ပြီး ခါးတောင်းကျိုက်၊…
Read Moreမိုးမရွာဘဲ ကြာလေပြီ မိုးရော လေရော လာလေပြီ
ဆူးငှက် “မိုး… မိုး… ရွာလိုက်မိုး အိမ်မိုးခေါင် မြုံးထောင်ရအောင် ရွာလိုက်ပါတော့မိုး မိုးမရွာဘဲ ကြာလေပြီ မိုးရော လေရော လာလေပြီ…” တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး… သင်္ကြန်မိုးတဲ့…။ ကဆုန်အတွင်းမြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ တဲ့။ နယုန်မိုးသေး မြက်သားမွေးသတဲ့…။ ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး… တဲ့လေ။ ရော်ရွက်ဝါေýက… နွေဦးပေါက်ကတည်း ကပူပြင်းလာတဲ့ နေရောင်ခြည်အောက်မှာ မိုးကိုမျှော်ကြပြီလေ။ ပိတောက်ဝါငုံဖူး၊ တန်ခူးရောက်တော့ သင်္ကြန်မိုးပြေးလေး မျှော်တာပေါ့။ ဟုတ်တယ်။ အရင်ကတော့ ပိတောက်ဝါငုံဖူး တန်ခူးရောက် တော့ သင်္ကြန်အပြီး မိုးပြေးလေး သည်းသည်း ရွာလေ့ရှိတယ်။ပူမယ်လို့အားယူနေရဲ့ နေမင်းဟာ သင်္ကြန်မိုးကြောင့် ခပ်ရို့ရို့ ဖြစ် သွားသည်ချည်း။ ပြီးတော့ အအေးဓာတ်ကလေး စွက်လာသည်ချည်း။ ဒီ့နောက် ကဆုန်လ ရောက်ပြန်တော့ မသည်းပေမယ့်…
Read More