SN (VOM) မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းရှည်လျားတဲ့ နိုင်ငံဖြစ်ခြင်း၊ မြစ်ချောင်းပေါများခြင်း၊ တောင်ကုန်းတောင်တန်းများပြားခြင်း၊ မြောက်မှတောင်အထိ ရှည်လျားတဲ့ သက်ရှင်ပြတ်ရွေ့ဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ အခြားသော ပြတ်ရွေ့ငယ်တွေရှိခြင်း၊ နိုင်ငံရဲ့ရာသီဥတုအခြေအနေအရ မြို့ပြမီးနဲ့ တောမီးလောင်ကျွမ်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် မျိုးစုံ ဖြစ်ပွားနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အဲ့ဒီ့ သဘာဝဘေးတွေအနက် ကြိုတင် ခန့်မှန်းတွက်ဆလို့ မရတဲ့ ဘေးအန္တရာယ်ကတော့ ငလျင်အန္တရာယ်ဖြစ်ပါတယ်။ ငလျင်ဟာ တခြားသော သဘာဝဘေးတွေလို ဖြစ်ပေါ်နိုင်တဲ့ အချိန်၊ ကာလ၊ ရာသီ မရှိဘဲ အချိန်အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးတမျိုး ဖြစ်ပါတယ်။ အဲ့ဒီ့ဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ ကြိုတင်ကာကွယ်ခြင်း (Prevention)၊ အမြဲအဆင်သင့်ဖြစ်အောင် စီမံဆောင်ရွက်ခြင်း (Readiness) နဲ့သာ လက်ဦးမှု ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ…
Read MoreCategory: ဆောင်းပါး
ရာသီဥတုပြောင်းလဲမှုကို သတိပြုပါ
သွေး (စစ်ကိုင်း) ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာတဝှမ်း တွေ့ကြုံခံစားလာနေရ တာ တွေ့ရပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ ရေကြီးမှု မိုးခေါင်ရေရှားမှုတို့ကို ခံစားနေကြရုံသာမက တောမီးလောင်မှု အပူချိန်အလွန်အမင်း မြင့်တက်မှု မုန်တိုင်းတိုက်ခတ်မှုတွေလည်း ပိုများလာနေတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု အများအပြား ရှိခဲ့ပါတယ်။ Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေလို့ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်လည်ပတ်မှု သစ်တောပြုန်းတီးမှု တရားမဝင် သစ်တောခုတ်လှဲမှု အပါအဝင် လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာကြီး ပူနွေးလာရတာ…
Read Moreတင်းမာမှုအမြင့်ဆုံး ရောက်ရှိလာတဲ့ အစ္စရေး-ပါလက်စတိုင်း ပြသနာ (သို့မဟုတ်) စစ်ပွဲတပွဲရဲ့ နိဒါန်း
မျိုးဆက်(VOM) အောက်တိုဘာ-၈-၂၀၂၃ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းအစ္စလာမစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ဟာ မနေ့ကအစောပိုင်းက အစ္စရေးဘက်ကို ဒုံးကျည်ထောင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၂၅၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးတောင်ပိုင်းကိုပါ ဟားမတ်စ်လက်နက်ကိုင်တွေ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီးနောက် အစ္စရေး စစ်သားတွေနဲ့ အရပ်သားတွေကိုပါ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း အစ္စရေးအာဏာပိုင်တွေက အတည်ပြုပြောဆိုထားပြီး နှစ်ဘက်အခြေအနေက အတင်းမာဆုံး ရောက်ရှိနေပါတယ်။ ဒါဟာ စစ်ဖြစ်နေပြီ” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။ အစ္စရေးကို အခုလိုက်တိုက်ခိုက်တာဟာ ဟားမတ်စ်တွေ မဟာအမှားကြီးတခုကို ကျူးလွန်ခဲ့တာဖြစ်ပြီး မကြုံစဖူး ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးစစ်တပ်က သတိပေးလိုက်ပြီး ဂါဇာကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမှာ လူ ၂၀၀ ကျော်သေဆုံးခဲ့ကြပါတယ်။ စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်း ဆီဒီရော့မြို့ရဲ့ လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို ပစ်ခတ်နေတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ထွက်ပေါ်လာပါတယ်။ အကြမ်ဖက်အဖွဲ့အဖြစ်…
Read Moreကြည့်ချင်ပွဲ
ဆူးငှက် မန္တလေး ဘုရားပွဲတွေမှာ ဖျော်ဖြေမှုနဲ့တွဲပြီး အစဉ်အလာ ပွဲလမ်းတွေ ပါတတ်ပါတယ်။ ဘုရားပွဲအဝင်ညမှာ ဘုရားနဲ့အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့နေရာယူပါတယ်။ စည်တော်ကြီးဆိုတာက မန္တလေးရတနာပုံ နေပြည်တော် ခေတ်မှာ ကတည်းက ထီးသုံးနန်းသုံးအနေနဲ့ရှိခဲ့တာပါ။ ကျွန်တော်မွေးဖွားကြီးပြင်းတဲ့ ဇာတိရပ်ကွက်ရဲ့ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်၊ ၁၂ ရက် ဖြစ်ပါတယ်။ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်မှာ စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါတယ်။ မလှမ်းမကမ်းမှာ ဆိုင်းအဖွဲ့ပါတယ်။ စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနဲ့ စပြီးတီးခတ်တယ်။ ပြီးမှ အိမ်တော်ရာအရှေ့ မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့ကတီးမှုတ်တယ်။ ကျွန်တော်က ကလေးပေမယ့် စည်တော်ကြီးကို သဘောကျတယ်။ အိမ်တော်ရာဘုရားပွဲခင်းက စည်တော်ကြီးကို နှစ်တိုင်းလိုလို သွားကြည့်ဖြစ်တယ်။ အဖေ့အမွေလို့ ပြောရမယ်ထင်ရဲ့။ အဖေကလည်း စည်တော်ကြီးကို အစအဆုံး ဖိနပ်ခုထိုင်ပြီး…
Read Moreပေါက်ဆိန်ပေါက်ရွာကျောင်းက ခေါင်းလောင်းစာ
ဆူးငှက် ကျွန်တော်သည်ယခု မုံရွာဘုတလင် လမ်းမပေါ်ရှိ ကားလမ်းဘေး ဇရပ်တစ်ဆောင်မှ တွေ့ကြုံရသော အဖြစ်အပျက် တစ်ခုကိုလည်း ယခုတိုင်မှတ်မိနေသေးသည်။ ထိုနေ့က အမေ့မောင်၊ ဘကြီး ဘုန်းကြီး ကျောင်းထိုင်သော ပေါက်ဆိန်ပေါက်ရွာက လူကြုံရောက်လာသည်။ ဘကြီးဘုန်းကြီး အသည်းအသန်ဖြစ်လို့တဲ့။ ထို့ကြောင့် အမေက လေးနှစ်အရွယ် ကျွန်တော်ကို လက်ဆွဲကာ မန်္တလေးက ရထားဖြင့် မုံရွာပြန်သည်။ မုံရွာက တဆင့် ကန်သာရွာထိပ်က ဇရပ်မှာ ဆင်းကြသည်။ ဇရပ်မှာ လှည်းကြိုစောင့်ခိုင်းထားသတဲ့။ ဇရပ်မှာ ကျွန်တော်တို့ ကားလာမှာကို လည်တဆန့်ဆန့် မျှော်နေကြသည်။ လှည်းတစ်စီးက ချွတ်ထားရာမှ ကားလာတာ မြင်တော့ အဆင်သင့် လှည်း က ပြီးပြီ။ အခြား လှည်းတစ်စီးက ဇရပ်ဘေး အကာ၏ နောက်ကွယ်မှာ ချွတ်ထားသည်။ ဦးသိန်း ကားပေါ်က အမေက ကျွန်တော့်လက်ဆွဲ၊ ခေါင်းပေါ်မှာ ဖြစ်သလို ထုပ်ပိုးထားသော…
Read Moreလာမယ့် ပွင့်လင်းရာသီမှာ မြန်မာ့ခရီးသွားကဏ္ဍ အဆင်ပြေလာနိုင်မလား
အောက်တိုဘာ၊ ၃၊ ၂၀၂၃ SN (VOM) “မီးခိုးမထွက်တဲ့ စက်ရုံ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက တိုးတက်မှု များစွာ ရှိခဲ့တာကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အလားအလာအကောင်းဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အနေနဲ့ ၂၀၁၉ ခုနှစ်၊ တနှစ်တာကာလအတွင်း တိုးတက်မှုနဲ့ အလားအလာအရှိဆုံး နိုင်ငံတွေစာရင်း ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ တိုးတက်မှုရာခိုင်နှုန်း ၄၀ ကျော်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်မှာ ပွာတိုရီကို၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ မွန်တီနီဂရိုး၊ အီဂျစ်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေက အစဉ်လိုက် ရပ်တည်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းတွေနည်းတူ…
Read Moreအိပ်မက်စေတမန် ယဉ်
ဆူးငှက် မန္တလေးတောင် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။ မန္တလေးကို ပတ်လည် ဝန်းရံနေတာကရေရိပ်၊ လယ်ရိပ်များသာ ဖြစ်ခဲ့ကြောင်း အစွန်းအထင်းအစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံကောက်နယ်တစ်ကြောမှာလယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။ အခုတော့ … ထိုရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များ တဖျပ်ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သောကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအောက်ကဣန္ဒြေကြီးသော မန္တလေး…။ ဒီကနေ့တော့ နိုင်လွန်ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။ မန္တလေးမှာ သစ်၊ ဝါးအတွေ့အထိတွေ ချိနဲ့ပါးလျားစပြုလာ၏။ သစ်၊ ဝါးသည် ဧည့်ခန်းဆောင် ကြမ်းခင်း ပါးကေးများအဖြစ် ပါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။…
Read More၉၉နှစ်ပြည့် မန္တလေးတက္ကသိုလ် ပင်မ အဆောက်အအုံ
ဆူးငှက် မန္တလေးတက္ကသိုလ်၏ အမှတ်လက္ခဏာဖြစ်သော တိုင်လုံးကြီး ၆ လုံးနှင့် ပင်မ အဆောက်အအုံကြီးမှာ ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ၉၉ နှစ် ပြည့်ပါပြီ။ တကယ်တော့ ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေး ဥပစာကောလိပ်ကို စတင် ဖွင့်လှစ်သောအခါ ယခု ပင်မအဆောက်အအုံကြီးသည် ဥပစာကောလိပ်နှင့် မသက်ဆိုင်ခဲ့ပေ။ ပထမကမ္ဘာစစ်ကြီး ကာလအတွင်းက မိမိ၏ ကိုလိုနီနိုင်ငံဖြစ်သော မြန်မာပြည်၏ အထွက်ကောင်း ဈေးကောင်း ရခဲ့သော ဆန်စပါး ထုတ်ကုန်က စစ်စရိတ်အတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါး စိုက်ပျိုးရေးအတွက် မန္တလေးတွင် စိုက်ပျိုးရေးသိပ္ပံကို တည်ထောင် ဖွင့်လှစ်ရာတွင် ထိုအဆောက်အအုံကြီးက အဓိက ပါဝင်ခဲ့သည်။ အဆောက်အအုံကို ၁၉၂၁ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် မန်မာပြည်…
Read Moreစပါးစျေးကွက် တပတ်တာအခြေအနေ
စက်တင်ဘာ ၂၄ – ၂၀၂၃ GG(VOM ) ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က မိုးစပါးကို ရည်ညွှန်းစျေးတန်းတစ်ခု သတ်မှတ်လိုက်ပါတယ်။ ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ငစိန် နဲ့ ဧည့်မထစပါးကို ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေါ် ဆန်းကို ၁၆ သိန်းကနေ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းကနေ သိန်း ၂၀ ကျပ်အထိသာ ရောင်းချရမယ်ဆိုပြီး စက်ဆင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ ပြင်ပမိုးစပါးစျေးကွက်မှာက စပါးတင်း ၁၀၀ ကို ၁၅ သိန်းကနေ ၁၆ သိန်းဝန်းကျင် စျေးဖွင့်ထားတာကြောင့် MRF ရဲ့မိုးစပါးရည်ညွှန်းစျေးက နည်းနေလို့ တောင်သူတွေဘက်က ဝေဖန်ပြောဆိုနေကြပါတယ်။ ” ဆန်စျေးမတက်အောင် စပါးစျေးကို လာချကြတယ်၊မြေဩဇာစျေးကိုတော့ အမျိုးအစားအလိုက် ဘယ်လောက်နူန်းပဲရောင်းရမယ် ပိုရောင်းမရဘူးလို့…
Read Moreဆရာ စိန်ခင်မောင်ရီနှင့် မန္တလေးအိမ်က စက်ဘီးများ
ဆူးငှက် ၁၉၈၅ ခုနှစ်ကျော်လ ကျွန်တော်နှင့် အစ်မဖြစ်သူ ရန်ကုန်သွားတိုင်း အင်းစိန်ရှိ ဆရာစိန်ခင်မောင်ရီတို့ အိမ်သိုရောက်ဖြစ်သည်။ ဆရာ့ဇနီး အန်တီဒေါ်သန်းသန်းချက်ကျွေးသော ထမင်းကို အမြဲစားရသည်။ ဤသို့ရင်းနှီးခဲ့သော ဆရာစိန်ခင်မောင်ရီနှင့် ဇနီးဒေါ်သန်းသန်းတို့က ၁၉၈၇ခုနှစ် နှစ်လယ်လောက်တွင် မန္တလေးသို့ လာကြမယ်တဲ့။ ကျွန်တော်က ဆရာတို့ဇနီးမောင်နှံကို အိမ်မှာပဲ တည်းဖို့ ဖိတ်ခေါ်ထား၏။ တကယ်တော့ ဆရာစိန်ခင်မောင်ရီတို့ မန္တလေးလာမည် ဆိုသည်က ရန်ကုန်က ဗီဒီယိုရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့နှင့် အတူ လိုက်ပါလာခြင်းဖြစ်သည်။ ထိုစဉ်ကာလ ဗီဒီယိုဇာတ်ကားသစ်တွေ အများအပြားရိုက်ကူးကြသည့် ကာလဖြစ်သည်။ မင်းသားသစ် မင်းသမီးသစ်တွေလည်း အများအပြား ထွက်လာသည်။ ယခု မန္တလေးလာရိုက်မည့် ဗီဒီယိုကားက မန္တလေးဇာတ်အိမ် အဓိကဖြစ်သည်။ ဝတ္ထုဇာတ်ညွှန်းက စာရေးဆရာ ကာတွန်းဆရာ ကံချွန်ဖြစ်သည်။ ဒါရိုက်တာကလည်း နာမည်ကြီး၊ တွဲဖက်ဒါရိုက်တာက လည်း နာမည်ကြီးဖြစ်ပြီး မင်းသားက သုမောင် နှင့် မင်းသားသစ်တစ်လက်ဖြစ်ကာ…
Read More