ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ညီသစ်(VOM) လာမယ့် ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု-ဥက္ကဋ္ဌ ဦးလှတိုးကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးလှတိုး – ၅ဦး ဝင်ပြိုင်ဖို့ ကော်မရှင်ကိုတင်ထားပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးလှတိုး – ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အနည်းဆုံးပညာ အရည်အချင်းအနေနဲ့ ဆယ်တန်းရှိရမယ်၊ အကျင့်စာရိတ္တ ကောင်းရမယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးတတ်နိုင်သလောက်လေ့လာမှု့ရှိရမယ်၊ လူနည်းစုအခွင့်အရေးတွေကို ဘယ်လို တောင်းဆိုမလည်းဆိုတာကိုစဉ်းစားထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ် အဲ့ဒီအချက်ကလေးတွေနဲ့ရွေးတာပါ။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ။ ဦးလှတိုး – ပါတီရဲ့ကတိကဝတ်ကတော့ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်အဓိက လူနည်းစုအခွင့်အရေးကို မြှင့်တင်ဆောင်ရွက်သွားဖို၊့ နောက်တစ်ခုကတော့ ကိုယ်ယှဉ်ပြိုင်ခဲ့တဲ့နယ်မြေဒေသက ပြည်သူလူထုရဲ့ ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားဖို့…
Read MoreCategory: Election
ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)
ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP) မန္တလေး၊စက်တင်ဘာ၁၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်တိုင်းလိုင်(ရှမ်းနီ)အမျိုး သားများဖွံ့ဖြိုးတိုးတက်ရေးပါတရဲ့ပြောရေးဆိုခွင့်ရှိသူပါတီဒုတိယဥက္ကဌ ပါတီဗဟိုကော်မတီဝင် ဦးလှသိန်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးလှသိန်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၄၁ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဉီးလှသိန်း-(၁)ငြိမ်းချမ်းရေး။(၂) တန်းတူရေး။(၃) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။ VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးလှသိန်း-တိုင်းရင်းသားပါတီကအာဏာရပါတီကို အလေးအနက်ယှဉ်ပြိုင်ဖက်လို့ သဘောထားပါတယ်။ ကျနော်တို့ပါတီကအမျိုးသားအားကိုးပါတယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးလှသိန်း-၂၀၁၅စပြီးရွေးကောက်ပွဲဝင်ပြိုင်တာ။ကျွန်တော်တို့ဒီမြို့တွေရှိတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်ထဲမှာ၁၄မြို့နယ်ထဲဝင်ပြိုင်ခဲ့တယ်။ဟုမ္မလင်းမြို့နယ်မှာ၂နေရာနိုင်တယ်၊ရှမ်းဝန်ကြီးနဲ့တိုင်းဒေသကြီး၁နေရာ ၂နေရာတော့နိုင်ခဲ့ပါတယ်။ VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။ ဦးလှသိန်း-ကျန်တော်တို့မြို့နယ်စိတ်ပါတီတွေကနေဖြစ်လာတဲ့လူတွေ လူအရည်အချင်းပေါ်မှာမူတည်ပြီးမှဗဟိုမှာရွေးချယ်ရေးအဖွဲ့ကဖွဲ့ပြီးရွေးချယ်ရေအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးလှသိန်း-ပါတီဝင်ရနေပြောရင်ဆိုတော့သောင်းဂဏန်းရှိပါတယ်။လူမျိုးအနေနဲ့ပါတီဝင်မဟုတ်ပေမယ့် အမျိုးသားအသိစိတ်တွေနဲ့ဆိုရင်သိန်းဂဏန်းနောက်ခံရှိတဲ့လူမျိုးပါတီတစ်ခုဖြစ်ပါတယ်။ VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။ ဦးလှသိန်း-(၁)ငြိမ်းချမ်းတူယှဉ်နေထိုင်ရေးကျားနီကိုသာမဲထည့်ပေး။ (၂)တန်းတူညီမျှရရှိဖို့ကျားနီကိုသာမဲပေးစို့။ (၃)ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကျားနီသာမဲထည့်ပေး။ #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP zawgyi ပါတီမိတ္ဆက္…
Read Moreပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP)
ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP) မန္တလေး၊ စက်တင်ဘာ ၁၇-၂၀၂၀ လဲ့လဲ့ဝင်း (VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦးကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဒေါ်စန္ဒာဦး- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ။ ဒေါ်စန္ဒာဦး- (၁)အစိုးရကစီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခြင်းမပြုစေရေး လှုပ်ရှားဆောင်ရွက်သွားမယ်။ (၂) ပြည်သူ့စီးပွားရေးကို အစိုးရက ဝင်ရောက်ပတ်သက်ချုပ်ကိုင်ခြင်းများ မပြုလုပ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်သွားမယ်။ (၃)ပြည်သူများ၊ တောင်သူများ ၊ မြေပိုင်ရှင်များ နှင့်နိုင်ငံခြားသားများ ပူးပေါင်းဖက်စပ် လုပ်ကိုင်ခြင်းကို အစိုးရကခွင့်ပြုယုံမျှမက ကြားဝင်အာမခံ၊ သက်သေခံပေးရေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၄)တောင်သူစကားရပ်ဖျက်သိမ်းပြီး မြေရှင်အဖြစ်ခံယူကာ မြေယာလွတ်လပ်စွာအခြားနည်းအသုံးချခွင့်ရရှိရေး ပညာပေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၅)စားနပ်ရိက္ခာလုံခြုံရေးအကြောင်းပြချက်ဖြင့် သီးနှံစိုက်ပျိုးသောမြေယာပိုင်ရှင်တွေရဲ့ စိုက်ပျိုးကုန်စည်များကို နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ လွတ်လပ်စွာ လာရောက်ဝယ်ယူခွင့်ပြည်ပတင်ပို့ရောင်းချခွင့်ရရှိရေး စည်းရုံးလှုပ်ရှားဆောင်ရွက်သွားမယ်။…
Read Moreတနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ
တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice Of Myanmar တနင်္သာရီတိုင်းမှာရှိတဲ့ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ အင်အားအပြည့်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ လွှတ်တော် ၃ ခုစလုံးအတွက် နေရာရှိသမျှ ၄၃နေရာစလုံး ယှဉ်ပြိုင်ကြမှာပါ။ ဒီပါတီကြီးတွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၄ခုနဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၆၉ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၁ သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ပြည်နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ Zagyi တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice…
Read Moreကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ
ကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ Voice Of Myanmar ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၈ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက နေရာကုန်လူကုန် နေရာ ၇၀လုံးမှာ ပြိုင်ကြမှာပါ။ ပြည်ခိုင်ဖြိုးပါတီကတော့ ၆၇နေရာ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၆၆နေရာ ပြိုင်မှာဖြစ်ပါတယ်။ ကျန်ပါတီတွေကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသစားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ဖွံဖြိုးရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ နာဂအမျိုးသားပါတီ အပါအဝင် ပါတီ ၁၈ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅ ဦး စုစုပေါင်း ကိုယ်စားလှည်လောင်း ၄၈၀ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ လူဦးရေ ၁၆ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူဦးရေးကတော့ ၁၁ သိန်းဝန်းကျင်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ကချင်ပြည်နယ်ကိုယ်စားလှယ်လောင်းများ…
Read Moreပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ ညီသစ်(VOM) ခြေထောက်နဲ့လှေလျှော် ကမ္ဘာကျော်တဲ့ဒို့အင်းသား ဆိုတဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့် ကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးဝင်းမြင့်- ၃ ဦးထဲပဲ တင်ထားပါတယ်ခင်ဗျာ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးဝင်းမြင့်- ကျွန်တော်တို့ ပါတီသက်တမ်းက ၁၀နှစ် ရှိပြီဆိုတော့ အထူးသဖြင့် အတွေ့အကြုံရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ် ခင်ဗျ။ နောက်ပြီး ပါတီအပေါ်မှာယုံကြည်ရတဲ့ သစ္စာရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးအတွေးအမြင် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စိတ်ထားတွေအပေါ်မှာ ကျတော်တို့အခြေခံပြီး ရွေးချယ်ပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးဝင်းမြင့် – ကျွန်တော်တို့က…
Read Moreတနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ
တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice Of Myanmar တနင်္သာရီတိုင်းမှာရှိတဲ့ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ အင်အားအပြည့်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ လွှတ်တော် ၃ ခုစလုံးအတွက် နေရာရှိသမျှ ၄၃နေရာစလုံး ယှဉ်ပြိုင်ကြမှာပါ။ ဒီပါတီကြီးတွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၄ခုနဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၆၉ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၁ သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ပြည်နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ #zawgyi တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice…
Read Moreပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ)
ပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ခေတ်သစ်ပြည်သူ့ပါတီက ၁၉၈၈ခုနစ်အရေးအခင်းမှ ပေါ်လာတဲ့ပါတီမဟုတ်ပါ။ လွတ်လပ်ရေးဝင် နိုင်ငံခေါင်းဆောင်ကြီးတွေ၊ နိုင်ငံရေးမျိုးဆက်တွေကနေ ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်။ လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ခေတ်သစ်ပြည်သူ့ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးထွန်းအောင်ကျော်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ပြည်သူလွှတ်တော်၁ယောက်၊ တိုင်းဒေသကြီးလွှတ်တော်၃ယောက်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးထွန်းအောင်ကျော်- ခေတ်သစ်ပြည်သူ့ပါတီရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးက သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေး (၁)တည်ငြိမ်အေးချမ်းရေး (၂) ဒီမိုကရေစီရေး (၃)လူတွေရဲ့စီးပွားရေး ကုန်ထုတ်စွမ်းအားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည်သုံးခုအားလုံးလိုအပ်သလိုပြင်ဆင် ကြိုးပမ်းသွားမယ်။ နိုင်ငံရေးမူဝါဒကိုပြောရမယ်ဆိုရင် ပါတီကပြည်သူတွေရဲ့ နိုင်ငံရေးလွတ်လပ်မှု ကို အာမခံချက်ပေးနိုင်တဲ့ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသုံးမယ် ။ပါတီစုဒီမိုကရေစီနိုင်ငံရေး စနစ်ရှင်သန်ဖို့အတွက် လူမှုသိပ္ပံတရား(၄)ပါးကတော့ (၁)ပြည်သူတွေမပါရင်ဘာမှမလုပ်နိုင်။(၂) လူထုရွေးကောက်ပွဲတွေမလုပ်ရင်ဘာမှမလုပ်နိုင်။(၃)…
Read Moreမွန်ပြည်နယ်မှာ ပါတီကြီးလေးခု နေရာအပြည့်အားအပြည့်နဲ့ပြိုင်ကြမယ်
မွန်ပြည်နယ်မှာ ပါတီကြီးလေးခု နေရာအပြည့်အားအပြည့်နဲ့ပြိုင်ကြမယ် Voice Of Myanmar မွန်ပြည်နယ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က မဲဆန္ဒနယ်အကုန် ကိုယ်စားလှယ်လောင်း ၄၅ယောက်ဆီနဲ့ ယှဉ်ပြိုင်ကြမှာပါ။ ဒေသခံပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ ၃၅နေရာြပိုင်မှာဖြစ်ပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ဗမာပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီစတဲ့ ပါတီ ၁၇ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦး စုစုပေါင်း ၃၀၂ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာလူဦးရေး ၂သန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၁၇ သိန်း ၆သောင်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်၊ #voiceofmyanmar #VOM #မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Zawgyi မွန်ပြည်နယ်မှာ ပါတီကြီးလေးခု နေရာအပြည့်အားအပြည့်နဲ့ပြိုင်ကြမယ် Voice Of Myanmar မွန်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊…
Read Moreရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၅၀ ပြိုင်ကြမယ်
ရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၅၀ ပြိုင်ကြမယ် Voice Of Myanmar ရန်ကုန်တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့က နယ်ကုန်ယှဉ်ကြမှာဖြစ်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ တယောက်လိုနဲ့ ယှဉ်ပြိုင်မှာဖြစ်သလို ပါတီ ၄၁ခု တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၅၀ ပြိုင်ကြမှာဖြစ်တဲ့အတွက်အားပြိုင်မှု အကောင်းဆုံး တိုင်းဒေသကြီးတခုဖြစ်ပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်၄၅မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချပ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ အမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ အမျိားသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ခေတ်သူပြည်သူ့ပါတီ၊ ကရင်ပြည့်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…
Read More