ပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ)

Khitthit Pyuthu party

ပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ)

မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

ခေတ်သစ်ပြည်သူ့ပါတီက ၁၉၈၈ခုနစ်အရေးအခင်းမှ ပေါ်လာတဲ့ပါတီမဟုတ်ပါ။ လွတ်လပ်ရေးဝင် နိုင်ငံခေါင်းဆောင်ကြီးတွေ၊ နိုင်ငံရေးမျိုးဆက်တွေကနေ ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်။

လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ခေတ်သစ်ပြည်သူ့ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဦးထွန်းအောင်ကျော်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ပြည်သူလွှတ်တော်၁ယောက်၊ တိုင်းဒေသကြီးလွှတ်တော်၃ယောက်။

VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဦးထွန်းအောင်ကျော်- ခေတ်သစ်ပြည်သူ့ပါတီရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးက သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေး
(၁)တည်ငြိမ်အေးချမ်းရေး
(၂) ဒီမိုကရေစီရေး
(၃)လူတွေရဲ့စီးပွားရေး ကုန်ထုတ်စွမ်းအားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည်သုံးခုအားလုံးလိုအပ်သလိုပြင်ဆင် ကြိုးပမ်းသွားမယ်။ နိုင်ငံရေးမူဝါဒကိုပြောရမယ်ဆိုရင် ပါတီကပြည်သူတွေရဲ့ နိုင်ငံရေးလွတ်လပ်မှု ကို အာမခံချက်ပေးနိုင်တဲ့ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသုံးမယ် ။ပါတီစုဒီမိုကရေစီနိုင်ငံရေး စနစ်ရှင်သန်ဖို့အတွက် လူမှုသိပ္ပံတရား(၄)ပါးကတော့ (၁)ပြည်သူတွေမပါရင်ဘာမှမလုပ်နိုင်။(၂) လူထုရွေးကောက်ပွဲတွေမလုပ်ရင်ဘာမှမလုပ်နိုင်။(၃) လူထုတွေရဲ့ အခြေအခံ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ မူဝါဒလမ်းစဉ်တစ်ရပ်ကို လူထုကိုလွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးရမယ်။ နိုင်ငံရေးမှာ အဲ့လိုမပေးရင်လူထုက သူ့လမ်းသူရွေးချယ်သွားလိမ့်မယ်။ ဒီဟာလူမှု သိပ္ပံတရား၄ပါးကိုခံယူပါတယ်။ စီးပွားရေးကျတော့ ပြည်သူတွေရဲ့ စီးပွားရေးလွတ်လပ်မှု၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကိုအာမခံချက် ပေးနိုင်တဲ့ တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးမယ်။ တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ပုဂ္ဂိုလိက ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလုပ်ငန်းရှင်ကြီးများပေါ်‌ပေါက်ရေး၊ ဒါကိုအခြေခံပြီးတော့နိုင်ငံရဲ့ စီးပွားကိုဖြစ်မြောက်အောင်ကြိုးစားသွားမယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အများဆန္ဒနဲ့ဆုံးဖြတ်တာကြောင့်ပြည်သူတွေအသိဉာဏ်ဖွံ့ဖြိုးဖို့လိုပါတယ် ။ ပြည်သူတွေရဲ့လူနေမှုအဆင့်တန်းမြင့်ဖို့လိုပါတယ်။ပြည်သူတွေရဲ့လူနေမှုအဆင့်တန်းမြင့်ဖို့အတွက်ပြည်သူတွေရဲ့စီးပွားရေးအကုန်လုံး စွမ်းအားများခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။

VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။
ဦးထွန်းအောင်ကျော်- ခေတ်သစ်ပြည်သူ့ပါတီမှာ ယုံကြည်ချက်တစ်ခုရှိတယ်။ အရေအတွက်သည်ဆုံးဖြတ်မပေးနိုင်ဘူး။ အမှန်တရားကိုအဆုံးဖြတ်ပေးနိုင်တယ်။ အရေအတွက်ဟာလိုအပ်တယ်။သို့သော်လည်း အမှန်တရားက အဆုံးဖြတ်ပေးနိုင်တယ်။အဲ့ဒီပါတီကြီးတွေကိုယှဉ်ပြိုင်ဖို့ ၃နည်းရှိပါတယ်။ (၁)မူဝါဒလမ်းစဉ်အရယှဉ်ပြိုင်သွားမယ်။ (၂) ဒီမူဝါဒလမ်းစဉ်သည်ပြည်သူလူထုက တစ်ချိန်မဟုတ်တစ်ချိန်မှာ မှန်တယ်လို့ယုံကြည်လာလို့ရှိရင် သဘောတရားသည် လူထုကိုချုပ်ကိုင်နိုင်တာနဲ့ တစ်ပြိုင်တည်း ရုပ်ဝတ္ထု အင်အားစုဖြစ်လာမယ်။ (၃)အဲ့လိုလူထုအတွက်ကောင်းတယ် မှန်တယ်ပြည်သူလူထုနားလည်ရင် ပြည်သူလူထုပစ်ပယ်ထားပဲ သူတို့ရဲ့ကိုယ်စာလှယ်လောင်းတွေအဖြစ် ရှေ့ဆောင်လမ်းပြအဖြစ်ရွေးချယ်ခံရမယ်လိုယုံကြည်ပါတယ်။ ဒီယုံကြည်ချက်၃ချက်နဲ့ယှဉ်ပြိုင်သွားမှာ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ။
ဦးထွန်းအောင်ကျော်_-အရင်ကမနိုင်ခဲ့ပါ။ လူဟာအောင်မြင်မှုကသင်ခန်းစာကိုနည်းနည်းပဲယူတယ် ဆုံးရှုံးမှုကများများယူတယ် ။ရွေးကောက်ပွဲမှာ ရှုံးခဲ့တာကိုပဲသင်ခန်းစာယူတားတာတွေရှိပါတယ်။

VOM-ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးချယ်လဲ
ဦးထွန်းအောင်ကျော်- -စံရှိရှိနဲ့ရွေးတာ။ (၁)အသက်၂၅နှစ်ပြည့်ပြီးကျန်းမာရေးကောင်းရမယ်။(၂)ခေတ်သစ်ပြည်သူ့ပါတီသဘောတရားရေးနိုင်ငံရေးမှုဝါဒလမ်းစဉ်အပေါ်မှာအမြင်။(၃)ပါတီပေါ်မှာသစ္စာရှိရမယ်၊ ပြည်သူပေါ်မှာသစ္စာရှိရမယ်။(၄)ပါတီအကျိုးကို ဆောင်ရွက်လာတဲ့ ဆောင်ရွက်နိုင်သူလည်းဖြစ်ရမယ်။ (၅) ပြည်သူအကျိုးကိုဆောင်ရွက်နိုင်တဲ့ အလားအလာရှိသူဖြစ်ရမယ်။ (၆) အတွေကြုံဆင်ခြင်တုံတရားပေါင်းစပ်ပြီး ရင်ကျက်လာတဲ့နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေပါတီဝင်တွေဆိုရင် ပညာအရည်အချင်းကိုလျော့ပေါ့စဉ်းစားတယ်၊ အနည်းဆုံး၁၀တန်းအောင်ရမည်။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ
ဦးထွန်းအောင်ကျော်- ပါတီဝင်အင်အားတစ်နိုင်ငံလုံးမှာ ၂သိန်းကျော်ရှိပါတယ်။

VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။
ဦးထွန်းအောင်ကျော်-နိုင်ငံခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး၊ သုံးလွန်းတင် ဒီမိုကရေစီနိုင်ငံထူထောင်ရေး။

#voiceofmyanmar #VOM #ပါတီမိတ်ဆက် #ခေတ်သစ်ပြည်သူ့ပါတီ

Zawgyi

ပါတီမိတ္ဆက္ (ေခတ္သစ္ျပည္သူ႔ပါတီ)

မႏၲေလး၊ စက္တင္ဘာ ၁၆-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

ေခတ္သစ္ျပည္သူ႔ပါတီက ၁၉၈၈ခုနစ္အေရးအခင္းမွ ေပၚလာတဲ့ပါတီမဟုတ္ပါ။ လြတ္လပ္ေရးဝင္ ႏိုင္ငံေခါင္းေဆာင္ႀကီးေတြ၊ ႏိုင္ငံေရးမ်ိဳးဆက္ေတြကေန ေပၚေပါက္လာတဲ့ပါတီျဖစ္ပါတယ္။

လာမယ့္၂၀၂၀ႏိုဝင္ဘာလ၈ရက္ေန႔ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ ေခတ္သစ္ျပည္သူ႔ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗဟိုအလုပ္ေဆာင္ေကာ္မတီ ဥကၠ႒ ဦးထြန္းေအာင္ေက်ာ္ ကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ဦးထြန္းေအာင္ေက်ာ္- ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္စုစုေပါင္း၄ေယာက္ရွိပါတယ္။ ျပည္သူလႊတ္ေတာ္၁ေယာက္၊ တိုင္းေဒသႀကီးလႊတ္ေတာ္၃ေယာက္။

VOM – ပါတီရဲ႕ ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ဦးထြန္းေအာင္ေက်ာ္- ေခတ္သစ္ျပည္သူ႔ပါတီရဲ႕ ဒီမိုကေရစီႏိုင္ငံ ထူေထာင္ေရးက သုံးလြန္းတင္ဒီမိုကေရစီထူေထာင္ေရး
(၁)တည္ၿငိမ္ေအးခ်မ္းေရး
(၂) ဒီမိုကေရစီေရး
(၃)လူေတြရဲ႕စီးပြားေရး ကုန္ထုတ္စြမ္းအားေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေရး
သည္သုံးခုအားလုံးလိုအပ္သလိုျပင္ဆင္ ႀကိဳးပမ္းသြားမယ္။ ႏိုင္ငံေရးမူဝါဒကိုေျပာရမယ္ဆိုရင္ ပါတီကျပည္သူေတြရဲ႕ ႏိုင္ငံေရးလြတ္လပ္မႈ ကို အာမခံခ်က္ေပးႏိုင္တဲ့ပါတီစုံ ဒီမိုကေရစီႏိုင္ငံေရးစနစ္ကိုသုံးမယ္ ။ပါတီစုဒီမိုကေရစီႏိုင္ငံေရး စနစ္ရွင္သန္ဖို႔အတြက္ လူမႈသိပၸံတရား(၄)ပါးကေတာ့ (၁)ျပည္သူေတြမပါရင္ဘာမွမလုပ္ႏိုင္။(၂) လူထုေ႐ြးေကာက္ပြဲေတြမလုပ္ရင္ဘာမွမလုပ္ႏိုင္။(၃) လူထုေတြရဲ႕ အေျခအခံ အက်ိဳးစီးပြားနဲ႔ ကိုက္ညီတဲ့ မူဝါဒလမ္းစဥ္တစ္ရပ္ကို လူထုကိုလြတ္လြတ္လပ္လပ္ေ႐ြးခ်ယ္ခြင့္ေပးရမယ္။ ႏိုင္ငံေရးမွာ အဲ့လိုမေပးရင္လူထုက သူ႔လမ္းသူေ႐ြးခ်ယ္သြားလိမ့္မယ္။ ဒီဟာလူမႈ သိပၸံတရား၄ပါးကိုခံယူပါတယ္။ စီးပြားေရးက်ေတာ့ ျပည္သူေတြရဲ႕ စီးပြားေရးလြတ္လပ္မႈ၊ ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္မႈကိုအာမခံခ်က္ ေပးႏိုင္တဲ့ တံခါးဖြင့္ေဈးကြက္စီးပြားေရးစနစ္ကိုက်င့္သုံးမယ္။ တံခါးဖြင့္ေဈးကြက္စီးပြားေရးစနစ္ဆိုတာ ပုဂၢိဳလိက က႑ ဖြံ႕ ၿဖိဳးတိုးတက္ေရး၊ တိုင္းရင္းသားလုပ္ငန္းရွင္ႀကီးမ်ားေပၚ‌ေပါက္ေရး၊ ဒါကိုအေျခခံၿပီးေတာ့ႏိုင္ငံရဲ႕ စီးပြားကိုျဖစ္ေျမာက္ေအာင္ႀကိဳးစားသြားမယ္။ ဒီမိုကေရစီႏိုင္ငံေတြမွာ အမ်ားဆႏၵနဲ႔ဆုံးျဖတ္တာေၾကာင့္ျပည္သူေတြအသိဉာဏ္ဖြံ႕ၿဖိဳးဖို႔လိုပါတယ္ ။ ျပည္သူေတြရဲ႕လူေနမႈအဆင့္တန္းျမင့္ဖို႔လိုပါတယ္။ျပည္သူေတြရဲ႕လူေနမႈအဆင့္တန္းျမင့္ဖို႔အတြက္ျပည္သူေတြရဲ႕စီးပြားေရးအကုန္လုံး စြမ္းအားမ်ားေခတ္မွီဖြံ႕ၿဖိဳးတိုးတက္ဖို႔လိုပါတယ္။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ဦးထြန္းေအာင္ေက်ာ္- ေခတ္သစ္ျပည္သူ႔ပါတီမွာ ယုံၾကည္ခ်က္တစ္ခုရွိတယ္။ အေရအတြက္သည္ဆုံးျဖတ္မေပးႏိုင္ဘူး။ အမွန္တရားကိုအဆုံးျဖတ္ေပးႏိုင္တယ္။ အေရအတြက္ဟာလိုအပ္တယ္။သို႔ေသာ္လည္း အမွန္တရားက အဆုံးျဖတ္ေပးႏိုင္တယ္။အဲ့ဒီပါတီႀကီးေတြကိုယွဥ္ၿပိဳင္ဖို႔ ၃နည္းရွိပါတယ္။ (၁)မူဝါဒလမ္းစဥ္အရယွဥ္ၿပိဳင္သြားမယ္။ (၂) ဒီမူဝါဒလမ္းစဥ္သည္ျပည္သူလူထုက တစ္ခ်ိန္မဟုတ္တစ္ခ်ိန္မွာ မွန္တယ္လို႔ယုံၾကည္လာလို႔ရွိရင္ သေဘာတရားသည္ လူထုကိုခ်ဳပ္ကိုင္ႏိုင္တာနဲ႔ တစ္ၿပိဳင္တည္း ႐ုပ္ဝတၳဳ အင္အားစုျဖစ္လာမယ္။ (၃)အဲ့လိုလူထုအတြက္ေကာင္းတယ္ မွန္တယ္ျပည္သူလူထုနားလည္ရင္ ျပည္သူလူထုပစ္ပယ္ထားပဲ သူတို႔ရဲ႕ကိုယ္စာလွယ္ေလာင္းေတြအျဖစ္ ေရွ႕ေဆာင္လမ္းျပအျဖစ္ေ႐ြးခ်ယ္ခံရမယ္လိုယုံၾကည္ပါတယ္။ ဒီယုံၾကည္ခ်က္၃ခ်က္နဲ႔ယွဥ္ၿပိဳင္သြားမွာ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ။
ဦးထြန္းေအာင္ေက်ာ္_-အရင္ကမႏိုင္ခဲ့ပါ။ လူဟာေအာင္ျမင္မႈကသင္ခန္းစာကိုနည္းနည္းပဲယူတယ္ ဆုံးရႈံးမႈကမ်ားမ်ားယူတယ္ ။ေ႐ြးေကာက္ပြဲမွာ ရႈံးခဲ့တာကိုပဲသင္ခန္းစာယူတားတာေတြရွိပါတယ္။

VOM-ကိုယ္စားလွယ္ေလာင္းကိုဘယ္လိုေ႐ြးခ်ယ္လဲ
ဦးထြန္းေအာင္ေက်ာ္- -စံရွိရွိနဲ႔ေ႐ြးတာ။ (၁)အသက္၂၅ႏွစ္ျပည့္ၿပီးက်န္းမာေရးေကာင္းရမယ္။(၂)ေခတ္သစ္ျပည္သူ႔ပါတီသေဘာတရားေရးႏိုင္ငံေရးမႈဝါဒလမ္းစဥ္အေပၚမွာအျမင္။(၃)ပါတီေပၚမွာသစၥာရွိရမယ္၊ ျပည္သူေပၚမွာသစၥာရွိရမယ္။(၄)ပါတီအက်ိဳးကို ေဆာင္႐ြက္လာတဲ့ ေဆာင္႐ြက္ႏိုင္သူလည္းျဖစ္ရမယ္။ (၅) ျပည္သူအက်ိဳးကိုေဆာင္႐ြက္ႏိုင္တဲ့ အလားအလာရွိသူျဖစ္ရမယ္။ (၆) အေတြႀကဳံဆင္ျခင္တုံတရားေပါင္းစပ္ၿပီး ရင္က်က္လာတဲ့ႏိုင္ငံေရးေခါင္းေဆာင္ေတြ ႏိုင္ငံေရးသမားေတြပါတီဝင္ေတြဆိုရင္ ပညာအရည္အခ်င္းကိုေလ်ာ့ေပါ့စဥ္းစားတယ္၊ အနည္းဆုံး၁၀တန္းေအာင္ရမည္။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ
ဦးထြန္းေအာင္ေက်ာ္- ပါတီဝင္အင္အားတစ္ႏိုင္ငံလုံးမွာ ၂သိန္းေက်ာ္ရွိပါတယ္။

VOM -ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ။
ဦးထြန္းေအာင္ေက်ာ္-ႏိုင္ငံေခတ္မွီဖြံ႕ၿဖိဳးတိုးတက္ေရး၊ သုံးလြန္းတင္ ဒီမိုကေရစီႏိုင္ငံထူေထာင္ေရး။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္ #ေခတ္သစ္ျပည္သူ႔ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW