ရန်ကုန် ဒီဇင်ဘာ ၁၃ -၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင်ရော ဒါရိုက်တာပါ လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ ” ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက တခြားဟာတွေ မတူညီတဲ့ဖိအားပေးတာတွေရှိတယ်လို့ဆိုပါတယ်။ ” အဓိကတော့ အန်ကယ်လေးရဲ့ လိုအပ်ချက်ကို ၀င်ဖြည့်ပေးတဲ့သဘောပါ၊ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ကျွန်တော်တို့က မုန်းတဲ့ စိတ်နဲ့ မဟုတ်ပဲ ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးပုံဖော်မှာပါ”လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် အတ္ထုပ္ပတ္တိဇာတ်ညွှန်းကိုတော့ အကယ်ဒမီလူမင်း လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့ ကျွန်တော်ရယ် ၊ ကိုအောင်ကြီး နှစ်ယောက်ရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဇာတ်ညွှန်းပိုင်းပတ်သက်ပြီးတော့ ” ဗိုလ်ချုပ်ရုပ်ရှင်အပေါ် ကိုယ့်တာဝန်ယူစိတ်က ကိုယ့်ကိုဖိအားပေးတာပါ၊ ဇာတ်ကားတွေနဲ့စာရင်း ဒီဟာကတစ်နိုင်ငံလုံးက အထွတ်အမြတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်မျိုးစိန်ခေါ်မှု ပိုများတယ်၊ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏက စိတ်ရော၊လူရောများတယ်၊တခြားအလုပ်လုပ်မယ်လို့ တည်ထားတွေအကုန်လုံး နောက်ကိုဆုတ်ပြီး ဒီဇာတ်အတွက် အခန်းတစ်ခန်းထဲမှာ ပိတ်ပြီးတော့ဘယ်မှမသွားပဲ လနဲ့ချီပြီးတော့ အားထုတ်နေပါတယ်”လို့ဆိုပါတယ်။ လက်ရှိ အစိုးရအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို အရှိကို အရှိအတိုင်း…
Read MoreCategory: အနုပညာ
ဇာတ်လမ်းကို အဓိက ကြည့်ပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်တယ်ဆိုတဲ့ နန်းဆုဦး
ရန်ကုန် ဒီဇင်ဘာ ၁၂-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂျစ်ကန်ကန် အမူအယာလေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ အဓိကတော့ ဇာတ်လမ်းကို ကြည့်ပြီးပဲ ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။ “ဥပမာ-ဇာတ်လမ်းက တခါတလေမကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်၊ ပရိသတ်အနေနဲ့ ကြည့်လိုက်လို့ ဒီကားကြီးမကောင်းဘူးလို့ မဖြစ်စေချင်ပါဘူး၊ နန်းဆုကားကို ကြည့်လိုက်တဲ့ ပရိသတ်က ဖျော်ဖြေရေးတစ်ခုပဲဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့စေချင်တယ်၊ မင်းသားသစ်တယ် ဟောင်းတယ်မကြည့်ပဲ ဇာတ် လမ်းကိုပဲ ကြည့်ပြီးတော့ နန်းဆု ရိုက်ကူးဖြစ်ပါတယ်၊ နန်းဆုက ဘယ်မင်းသားနဲ့ဆိုမရိုက်ဘူးရယ်လို့ မရှိပါဘူး အဓိက ဇာတ်ကြိုက်ရင် တော့ ရိုက်ဖြစ်ပါတယ် “ သူမက ပြောပါတယ်။ သူမကတော့ ဒီဇင်ဘာ ၁၆ ရက်မှာ Canal + Channel ကထုတ်လွှင့်မယ့် ခရီးသွားကောက်ကြောင်း ဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း ၊…
Read More”ရည်းစားနဲ့ပြတ်လို့ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါဆိုတဲ့ ဝေဠုကျော်”
ရန်ကုန် ဒီဇင်ဘာ ၁၁- ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်ဖြစ်တဲ့ သင်းသင်းနဲ့ချစ်သူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဠုကျော်ကတော့ ” မြန်မာပြည်မှာ သမိုင်းတွင်သွားတာပေါ့၊ နောင်တွင် ဥဒါန်းတွင်ရစ်စေသတည်းပေါ့၊ ရည်းစားပြတ်တာ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါ ”လို့ဆိုပါတယ်။ ” ကျွန်တော်ကတော့ ပြဿနာ မရှိပါဘူး၊လောကကြီးမှာ မမှားတာ မရှိဘူးမှားကြတယ်ပေါ့၊ အိမ်ထောင်သည် တွေတချို့တောင် မှားနေကြသေးတာပဲ၊ကျွန်တော်က အိမ်ထောင်မရှိဘူး၊ လူလွတ်လေ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ် ပတ်သက်မိသွားတယ်၊ ဥပမာ- ရိုးရိုးလေး ပြောရင် ရည်းစားထားမိသွားတယ်၊ ရည်းစားပြတ် သွားတယ်ဗျာ၊ တစ်နိုင်ငံမှာရည်းစားနဲ့ ပြတ်သွားတာ သန်းနဲ့ သောင်းနဲ့ ချီပြီးတော့ရှိတော့ ပြတ်နေတာ၊ ကျွန်တော်ကျ မှတရားစွဲခံရမယ်ဆိုတော့ ၀ဋ်ကြွေးပါလာလို့ပေါ့၊ ကျွန်တော်ကလည်း ဘာမှ မဖြစ်ပါဘူး၊ တရားစွဲမယ်ဆို လည်းခံလိုက်ရုံပေါ့”လို့ဆိုပါတယ်။ ”ကျွန်တော်ကလည်း လူငယ်ကို ရည်းစားကိုခုမှ တစ်ယောက်ဖူးထားဘူးတော့ ခံစားရတာပေါ့၊ ရည်းစားတွေလည်း ပျက်တာတွေလည်း များလာခဲ့ပြီ၊…
Read More”တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်လို့ အလှမယ် သင်းသင်းဆို”
ရန်ကုန် ဒီဇင်ဘာ ၁၁-၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင် ဝေဠုကျော်က အလှမယ် သင်းသင်းကိုတော့ ”သူကိုယ်၌က တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်”လို့ဆိုပါတယ်။ ”ဒါကြောင့် ညီမ မခံနိုင်လွန်းလို့ ကာမလိမ်လည်မှုနဲ့ တရားစွဲမို့ ဖြစ်လာတာပါ၊ညီမကတော့ သူ့ကို တရားစွဲသွားမှာပါ၊ လက်ရှိမှာ တိုင်ပင်နေတုန်းမို့ပါ၊သူ့ ဒီနေ့ဖြေသွားတာက လောကမှာ ရည်းစားဖြစ်တိုင်း ထောင်ကျမှာဆိုရင် အကုန်လုံးထောင်ကျမှာပေါ့လို့ သူ့ဖြေသွားခဲ့တယ်၊ မင်းသား ဆိုတဲ့အတိုင်း လှလှပပလေးသုံးသွားခဲ့တယ်၊ အဲလိုမျိုးမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့က ကမ္ဘာကျော်ပရဟိတ ကိုလုပ်နေတယ်၊ အစ်မကို တွဲလိုက်တာသည် ကိုယ့်ဘယ်လိုမိန်းကလေးလည်းဆိုတာ အကုန်လုံးသိ ပါတယ်၊ သူ့ဟာဘယ်လို ယောက်ျားလဲဆိုတာ အမှန်တရားနဲ့သွားမှာပါ၊ညီမကို လာမညှိပါနဲ့၊ ဒီကြားထဲမှာ ရှေ့ နေတွေ၊ ကိုယ့်ဘေးလူတွေရော ပြန်ညှိဖို့ပြောပါတယ်၊ အစ်မလုံးဝလက်မခံပါဘူး”လို့ဆိုပါတယ်။ “ခုလိုထပြီး တရားစွဲတာကတော့ အစ်မလိုမိန်းကလေးတွေခံရခဲ့ဘူးသူတွေလည်း ရှိပါလိမ့်မယ် ၊ ရှိချင်မှလည်း ရှိလိမ့်မယ်၊ ညီမကတော့ အဆုံးထိခံရတာမို့…
Read More”ကျန်းမာရေးသံတမန်အဖြစ် မလုပ်ဖြစ်တာတော့ သေချာပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု”
ရန်ကုန် ဒီဇင်ဘာ ၁၀-၂၀၁၈ သင်းသဒ္ဒါ(VOM) ကလေးဘ၀ထဲက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး လူကြီးသရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် ချစ်ခင်နှစ်သက်တာကို ခံနေရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရန်ကုန်တိုင်းရဲ့ ကျန်းမာရေးသံတမန်နေရာကို ဆက်ပြီးတော့ မလုပ်ဖြစ်တော့မှာ သေချာတယ်လို့ဆိုပါတယ်”သုသု သေချာရင်ပြောပါမယ်၊ သေချာတာကတော့ မလုပ်ဖြစ်တာကတော့ သေချာပါတယ်”လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုကို ဇူလိုင် ၂၈ ရက်က ကျန်းမာရေးသံတမန် Yangon Health Ambassador အသိအမှတ်ပြု စလွယ်တံဆိပ်ကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ”သု မလုပ်တော့တာ ဆုံးဖြတ်ချက်ချထားပေမယ့် officaially ဘာမှမလုပ်ရသေးပါဘူး၊officaially ဖြစ်အောင် မကြိုးစားရသေးလို့ပါ၊ ကားရိုက်တာနဲ့ မအားသေးလို့ပါ”လို့ ပိုင်ဖြိုးသု က ပြောပါတယ်။ နောက်ရိုက်မယ့် Now & Ever ရုပ်ရှင်ဇာတ်ကားမှာ ခီ မောင်နှံဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ပြီးတော့…
Read Moreပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူးဆိုတဲ့ ဖော်ကာ
ရန်ကုန် ဒီဇင်ဘာ ၈-၂၀၁၈ သင်းသဒ္ဒါ ရော့ခ်ပြင်းပြင်း သီချင်းတွေ သီဆိုခဲ့တာကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးခဲ့တဲ့ အဆိုတော် ဖော်ကာကတော့ “ကျွန်တော်အမြင်ကတော့ ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ ခုနောက်ပိုင်း အနုပညာကြေးတွေရဲ့ ဖျော်ဖြေပွဲတွေမှာ Ticket ရှိုးတွေသိပ်မရှိတာနဲ့ ပတ်သက်ပြီးတော့ ” တကယ်ဆိုရင် Ticket ရှိုးတွေကတော့ ရှိသင့်တာပေါ့ ခေတ်ကလည်း အမြဲတမ်းလို့ လည်နေပါတယ်။ ဖြစ်နိုင်ရင် Rock ရှိုးဆို Rock ရှိုးပေါ့။ တကယ် ကြော်ငြာလုပ်တဲ့ ပွဲသပ်သပ် မဟုတ်ပဲနဲ့ Rock နဲ့ ညီတဲ့ပွဲတစ်ခု ဖြစ် နေရင်တော့ အကောင်းဆုံးပေါ့”လို့ ဆိုပါတယ်။ သူကတော့ ဒီဇင်ဘာ ၂၅ ရက် ညနေ(၆)နာရီမှာ ရန်ကုန်မြို့ ကန်တော်ကြီးရဲ့ မျှော်စင်ကျွန်းမှာ “Stage of Rangoon…
Read Moreချစ်ရမှာ ကြောက်လာတယ်ဆိုတဲ့ မေမြင့်မိုရ်
ရန်ကုန်၊ ဒီဇင်ဘာ ၈-၂၀၁၈ သင်းသဒ္ဒါ ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်အားပေးမှုကို ရလာတဲ့ သရုပ်ဆောင် မေမြင့်မိုရ်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ “လူတစ်ယောက်ကိုချစ်ဖို့ကျတော့ အရိပ်ဇာတ်ကားထဲက စုစုလှိုင်က အချစ်ကို အယုံအကြည်မရှိဘူး။ မချစ်တတ်ဘူးပေါ့။ ဒါကြောင့် ဇာတ်ကားထဲမှာ ညီမ ချစ်ရမှာ ကြောက်တယ်။ အပြင်မှာလည်း ကြောက်တယ် သိပ်ပြီးတော့ မချစ်ချင်ပါဘူး။ လူတစ်ယောက်ကိုချစ်ရတာ ပင်လည်း ပင်ပန်းတယ်။ ညီမကကျတော့ အပြင်မှာလူတစ်ယောက်ကို ချစ်ရင် အချစ်စစ်နဲ့ဘဲ ချစ်ချင်ပါတယ်။ ဘဝမှာ တစ်ယောက်ဆိုတစ်ယောက်ထဲဘဲ ချစ်ချင်တာ အဲဒီလိုမျိုးကျတော့ အခုက နည်းနည်းရှားပါတယ်”လို့ ဆိုပါတယ်။ မေမြင့်မိုရ်က မိမိနဲ့ထပ်တူကျပြီး ကိုယ့်ကိုနားလည်မှု အပြည့်အဝ ပေးနိုင်သူ အချစ်စစ်နဲ့ ချစ်မယ့်သူကို မတွေ့ရသေးပါဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ မေမြင့်မိုရ်ဟာ ရုပ်သံလိုင်းမှာ…
Read Moreအချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်တစ်ဘဲ ဆိုတဲ့ ဝန
ရန်ကုန် ဒီဇင်ဘာ ၇ -၂၀၁၈ သင်းသဒ္ဒါ(VOM) အနီးဆုံးလူ တေးသီချင်းနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ တေးသံရှင် ၀နနဲ့ ဂီတ၀ါသနာတူဖြစ်တဲ့ အောင်းနီက တော့ ” အချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်တစ်ဘဲ “လို့ဆိုပါတယ်။ “မင်္ဂလာပွဲကို နည်းနည်းနောက်ဆုတ်ထားတယ်၊ ၂၀၁၉ ခုနှစ် ၁လပိုင်း(သို့) ၂ လပိုင်းလောက်မှာ မင်္ဂလာဆောင်မှာပါ။ အခွေကိစ္စ ဒီရှိုးပွဲကိစ္စတွေ နဲ့ အလုပ်တွေများနေသေး လို့ပါ။ ကိုယ်တိုင်က အချစ်ကို ဘယ်လိုခံယူထားလဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀ကို အချစ်နဲ့ပဲတည်ဆောက်ထားတယ်။ အချစ်က ဘဝ အတွက် ရာခိုင်နှုန်း ဘယ်လောက်အထိ အရေးပါပါတယ်”လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၉ နှစ်ရှိသော ပထမက ဒီနှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်ဖို့ စီစဉ် ထား ပေမယ့် ဂီတပိုင်းကို လှုပ်ရှားနေတာမို့ မင်္ဂလာပွဲကို နောက်ဆုတ်လာတယ်လို့လည်း သိရပါတယ်။…
Read Moreအပြင်မှာ စပ်စလူးစိန်ဆိုတော့ ရန်သူရုပ်ရှင်ကားမှာ သရုပ်ဆောင်တာ ငြိမ်အောင်မနည်းထိန်းရတယ်ဆိုတဲ့ နေခြည်ဦး
ရန်ကုန် ဒီဇင်ဘာ ၇ -၂၀၁၈ သင်းသဒ္ဒါ(VOM) Beauty Bloggerလောက ကနေ သရုပ်ဆောင်လောကထဲရောက်လာတဲ့ နေခြည်ဦးကတော့ ”အဓိက ကိုယ်က အပြင်မှာစပ်စလူးစိန်ဆိုတော့ ရန်သူရုပ်ရှင်ကားမှာ သရုပ်ဆောင်တာ ငြိမ်အောင်မနည်းထိန်းရတယ် ”လို့ ဆိုပါတယ်။ ” နေခြည့်ရဲ့ ပထမဆုံးကား ဘာမှမခွဲမစိတ်ပဲနဲ့ ဒါတော့နေခြည့်ရဲ့ တကယ့်ပင်ကိုအလှပေါ့နော်၊ပရိတ်သတ်အနေနဲ့ကြည့်ရင်တော့တကယ့်ကို နေခြည်ဦးလိုမမြင်ပါဘူး၊လေပြေလို့ပဲမြင်မှာပါ”လို့ဆိုပါတယ်။ အဆိုတော် ရွှေထူးနဲ့ အတူ ဧည့်သည်ရုပ်ရှင်ကားမှာလည်း မျက်နှာမပြုပြင်ခင်ရသေးခင်မှာ ရိုက်ကူးထားပြီးတော့ အောက်ဖဲမလှန်ကြေး ဇာတ်ကားမှာတော့ မျက်နှာပြုပြင်ပြီးမှ ရိုက်ကူးထားတာဖြစ်ပါတယ်။ ”အပြင်မှာစကားကို အမြန်တွေပြောပေမဲ့ ဒီထဲမှာလေပြေက မန္တလေးသူကောင်မလေးတစ်ယောက် အဆောင်မှာနေတယ်၊ကိုယ့်ကိုယ်ကို မုဒ်ပြန်သွင်းရတာပေါ့နော်၊ ဒီကားလေးက နေခြည့်အတွက် အမှားတွေအများကြီးရှိတယ်၊အမှားတွေအားလုံးပြန်လည်သင်ကြားပြီးတော့ ကောင်းအောင်လုပ်မှာပါ၊ငိုတဲ့အခန်းတွေမှာတော့နေခြည်တော်တော်လေးအားမရဘူး၊အားလုံးပြင်ဆင်ပြီးနေခြည်ပိုကြိုးစားမှာပါ”လို့ဆိုပါတယ်။ #voiceofmyanmar#နေခြည်ဦး# ဓာတ်ပုံ – သင်းသဒ္ဒါ
Read Moreရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ၀တ်မှုံရွှေရည်
ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) အနုပညာနဲ့ပတ်သက်ရင် ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ”ရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်”လို့ဆိုပါတယ်။ ”Tom Boy ဆိုတဲ့ ကာရိုက်တာကို ကစ် တစ်ခါမှလည်း မရိုက်ဖူးဘူး။ကစ်က ဒီဇာတ်ကားမှာ Tom Boy ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဆန်းကြယ်ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ် ဆောင်ထားပါတယ်။ ဒီကား မရိုက်ခင်ထဲက Tom Boy တွေရဲ့ နေထိုင်ပုံတွေကို ကစ်က လိုက်ပြီးတော့ လေ့လာဖြစ်ပါတယ်။သွားပုံလာပုံတွေ ဝတ်ပုံစားပုံတွေကအစပေါ့၊ တကယ့် Tom Boy အစစ်တွေနဲ့လည်း ကစ် စကား ပြောကြည့်တယ်၊ သူတို့နဲ့ နေတိုင်းတွေ့ ဖြစ်တယ်”လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ မီးပွားက လူငယ်အချစ်…
Read More