ရန်ကုန် ဇန်န၀ါရီ ၂-၂၀၁၉ သင်းသဒ္ဒါ(VOM) Beauty Blogger ကတဆင့် အနုပညာလောကထဲရောက်လာတဲ့ နေခြည်ဦး ကတော့ မွေးနေ့မှာ သီလရှင် ဝတ်မယ်လို့ ဆိုပါတယ်။ “နေခြည် သီလရှင် ၀တ်ဖို့အတွက် အခုထဲက ပီတိလည်း ဖြစ်နေပါတယ်၊ မွေးနေ့ကလည်း ဇန်န၀ါရီ ၂၅ ဆိုရင် အသက် ၂၇ ပြည့်ပြီလေ၊ နေခြည် မွေးနေ့ပြီးတာနဲ့ တစ်ပတ် ၊၁၀ ရက်လောက် ဝတ်ဖြစ်မှာပါ၊ မန်နေဂျာ ကိုလည်း အတင်းဝတ်ခိုင်း ထားပါတယ်၊ သူငယ်ချင်းတွေလည်း တော်တော်များများဝတ်ကြမယ်၊ သူများဝတ်လို့ လိုက်ဝတ်တာတော့ မဟုတ်ပါဘူး၊ အကုန်လုံးကလည်း ပထမဆုံးအကြိမ်ဝတ်တာ ဖြစ်တယ်၊ နေခြည် အနေနဲ့ အလှူအကြီးကြီး လုပ်ချင်တယ်” လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ မန္တလေး နဲ့ စစ်ကိုင်း ခရီးသွားကောက်ကြောင်း ပရိုဂရမ်တစ်ခု ရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးဖြစ်တဲ့…
Read MoreCategory: အနုပညာ
ဒါရိုက်တာဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှုပြုလုပ်
ရန်ကုန် ဇန်နဝါရီ ၁-၂၀၁၉ သင်းသဒ္ဒါ(VOM) ဒါရိုက်တာ ဥာဏတင်ဦး (ခ)ဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှူပွဲကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဗဟိုမှာ ပြုလုပ်ခဲ့ပါတယ်။ ”သု အကယ်ဒမီ စရတုန်းကလည်း ကိုယ်လူချောအဖွဲ့ရော စက်မှုအဖွဲ့တွေကို လှူခဲ့ဖူးပါတယ်၊ အဲလှူရတာ သုအရမ်းပျော်တယ်၊ မင်္ဂလာဦးကျရင် ထိုင်မသိမ်းတွေနဲ့ လုပ်မယ့်အစား သုတို့တွေကို လှူရအောင်လို့ တိုင်ပင်ပြီး လှူဖြစ်တာပါ၊ ယနေ့ ဝတ်စုံကို ယဉ်သူထိုက်ပိုးထည်တိုက်ကပါ၊ကြာတိုက်ပုံကိုတော့ ခင်စန်းယဉ်ယက္ကန်းတိုက်ပါ၊ ဒီဇိုင်နာ မယုံ့ယုံ့ ဖန်တီးပေးထားတာပါ၊ လက်ဝတ်ရတနာက စိန်နန်းတော်ကပါ ”လို့ အကယ်ဒမီ ပိုင်ဖြိုးသုကပြောပါတယ်။ အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဇင်ဝိုင်း ၊ စက်မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင် ခေါင်းဆောင် ကိုသားကျော်တို့က မုဒိတာစကားပြောဆိုခဲ့ပါတယ်။…
Read Moreရွှေအက်ဖ်အမ်က ဂီတဆုက အမြဲအမှတ်တရ ဖြစ်နေမှာပါဆိုတဲ့ နေတိုး
ရန်ကုန် ဒီဇင်ဘာ ၃၁-၂၀၁၈ သင်းသဒ္ဒါ(VOM) လရောင်ချော့တေးနဲ့ ရွှေFM ကဆု ရခဲ့တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ ကျွန်တော့် ဘဝမှာ ဂီတနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ရခဲ့တဲ့ဆုအတွက် အမြဲအမှတ်တရ ဖြစ်နေမှာပါလို့ ဆိုပါတယ်။ ရွှေ FM ၉ နှစ်ပြည့် ” ရွှေ FM ပွဲနေ့က ပုဂံမှာ ကားရိုက်နေလို့ ကျွန်တော် မရောက်ဖြစ်လိုက်လို့ သီချင်း တောင်း ပေးတဲ့ ပရိသတ်တွေကို စင်ပေါ်မှာ ကျေးဇူးတင်စကား ပြောခွင့်မရလိုက်လို့ ဒီနေရာကပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေကို ကျွန်တော်တို့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဂီတကို တင်ဆက်ခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ဒီသီချင်းလေးအပေါ် ကျွန်တော်နဲ့ တစ်သားတည်းဖြစ်ပြီး ဇာတ်ကားနဲ့လည်း အရမ်းကို လိုက်ဖက်တဲ့ သီချင်းလေး ဖြစ်သွားတာပါ၊ပရိသတ်နားထောင်တဲ့ အချိန်မှာရော ကြည့်တဲ့အချိန်မှာပါ ရသတစ်ခုကို ထိထိရောက်ရောက်ခံစားနေရတယ် လို့ ကျွန်တော်…
Read Moreပျားရည်အိုင် ဇာတ်ကားမှာ ကုတင်ပေါ်က ဇာတ်ဝင်ခန်းတွနဲ့ ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ မေမီကိုကို
ရန်ကုန် ဒီဇင်ဘာ -၂၉ သင်းသဒ္ဒါ(VOM) ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ အများစုက ကုတင်ပေါ်က ဆင်းန်ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သရုပ်ဆောင် မေမီကိုကိုက ဖြေရှင်းပြောဆိုလိုက်ပါတယ်။ တကယ့်ကို ပညာပေးကားလေးပါ။ တချို့ဒါပညာပေးဇာတ်လမ်းတွဲ မဟုတ်ဘူး။ကုတင်ဆင်းန်းတွေပါဆို ပြီး ကောမန့်တွေမန့်ကြတယ်။ ကုတင်ဆင်းန်းတွေလို့ မမြင်စေချင်ပါဘူး။ ဒီဇာတ်လမ်းတွဲကို မိသားစုနဲ့ အတူတူ ကြည့်ကြမယ်။မောင်နှမတွေ အတူတူ ကြည့်ကြမယ်ဆိုရင် ကိုယ့် သမီး ကိုယ့်နှမလေးတွေကို မြိုင့်လို မဖြစ်စေနဲ့ မြညို ဘယ်လိုခံစားနေရလဲ ဆိုတာအသိပေးလို့ ရပါတယ်။ မေမီကိုယ်တိုင်လည်း အပြင်မှာ မြိုင့် လို မဖြစ်အောင်အမြဲ နေထိုင်ပါတယ်။ တကယ်ဆို မေမီလည်း မြိုင့်ကို မကြိုက်ပါဘူး။ မြိုင် ထက်မြက်တာ၊ စိတ်ထားကောင်းတာတွေကို သဘောကျ အားကျပေမဲ့ ယောက်ကျားတွေနဲ့ ပတ်သက်ရင် သူ့ရဲ့စိတ်ဓာတ်ကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့် မယ်ဆိုရင် ဒါဟာသူ့ရဲ့ကံ…
Read Moreဖေ့စ်ဘွတ်ခ် မသုံးတော့ဘူးဆိုတဲ့ ရဲရင့်အောင်
ရန်ကုန် ဒီဇင်ဘာ ၂၇-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂီတပိုင်းမှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်ရဲရင့်အောင်ကတော့ facebook မသုံးတော့ဘူး လို့ ဆိုပါတယ်။ “ကျွန်တော်တို့ မနက်မိုးလင်းရင် တခြားအလုပ်တွေမစဉ်းစားပဲနဲ့ ဒီfacebook ကိုပဲ ဖွင့်နေတယ်၊ ဒီလိုသုံးနေလို့ ကျွန်တော်အတွက် အကျိုးမရှိဘူး၊ facebook ပေါ်မှာ တွေ့လိုက်တဲ့ စကားလုံးတွေဖြစ်စဉ်တွေက အနိဋ္ဌာရုံရယ် အားလုံး အနုတ်လက္ခဏာ သွားနေတာများတယ်၊ အဲဒါကို နေ့တိုင်းကြည့်နေချင်အားဖြင့် ကျွန်တော် မသိစိတ်က တဖြေးဖြေး အနုတ်လက္ခဏာဘက်သွားတယ်လို့ ခံစားလာရတယ်၊ ဖုန်းထဲက ဖျက်လိုက်တာပါ”လို့ ဆိုပါတယ်။ ရဲရင့်အောင်ကတော့ ”Jin Party” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရန်အောင် ၊လူမင်း၊ မင်းမော်ကွန်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ရွှေအိမ်စည် ၊Bella ၊ခင်လှိုင် ၊ကိုပေါက် စတဲ့ အနုပညာရှင်တွေပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်၊ သူကတော့ တစ်ကိုယ်တော်သီချင်းခွေမထွက်တာ ၄…
Read Moreအချစ်ရေးမှာ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်ဆိုတဲ့ ထွန်းထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းပါ အားပေးမှုရထားတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ အချစ်ရေးမှာ တချို့ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်။ငယ်ငယ်တုန်းကတော့ ဂမူရှုးတိုးနဲ့ လုပ်ချင်တာ တွေ ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တည်ဆောက်နေတဲ့ မိသားစု၊ အဖေအမေပဲဖြစ်ဖြစ် တချို့ အတ္တကြီး ရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်၊ အမေတို့ကလည်း ပြောတယ် ကိုယ့်ဘ၀ကိုယ်တည်ဆောက်ရမှာ၊နင်အဆင်ပြေတာ နင်လုပ်ရမှာလို့ ပြောတယ်၊ ကျွန်တော် အဆင်ပြေဖို့ပဲ ကျွန်တော် ကြိုးစားရမှာ၊ ဒါကြောင့် ကိုယ့်မိသားစုကိုပဲပိုပြီး ကျစ်ကျစ်လစ် လစ်ဖြစ်အောင် နေထိုင်ဖြစ်ပါတယ်”လို့ဆိုပါတယ်။ ထွန်းထွန်းရဲ့အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာတော့ အိမ်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ် ခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း အဖွေားတွေဆီသွားပြီး တွေ့ဆုံကန်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြောက်ကြောက်ကြောက် ၂ ကိုရိုက်ကူးနေပြီးတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပပ၀တီစီရင်ခန်း ရုပ်ရှင်ကားရိုက်ကူးသွားဖို့…
Read Moreပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
ရန်ကုန် ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) Sexy ဖက်ရှင်တွေကြောင့် ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်လို့ ဆိုပါတယ်။ “သင်ဇာရဲ့ ဖက်ရှင်ဒီဇိုင်းကတော့ သူတို့ရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အဖြူလေးကိုဝတ်ပေး ပါးပါးလေးဝတ်ပေး ပေါ့၊ အဲဒါကြောင့် ဒီလိုမျိုးလေးဝတ်ဖြစ်တာပါ၊ ဘယ်လိုဝတ်ပေးဆိုပြီးတော့ သူတို့လိုချင်တာကို ပြောပြလာတယ်၊ ကိုယ့်အဆင်ပြေရင်တော့ လက်ခံပြီး တက်ပေးတာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၈မှာတော့ သင်ဇာဝင့်ကျော်အနေနဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရိုက်ထားသလို ဆိုင်ပွဲတွေ ၊ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးလာရတယ်လို့ သိရပါတယ်။သူမအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ သိရပါတယ်။ ” ဘာပဲဖြစ်ဖြစ် သင်ဇာကိုခေါ်ပေးတာ ဖိတ်ပေးတာကို အများကြီး ကျေးဇူးတင်ပါ တယ်၊ သူတို့က သင်ဇာရဲ့ ထမင်းရှင်လို့လည်း ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “၂၀၁၉ မှာတော့ ဖက်ရှင်ကို…
Read Moreချစ်သူနဲ့လမ်းခွဲလိုက်ရပြီဆိုတဲ့ သွန်းဆက်
ရန်ကုန် ဒီဇင်ဘာ ၂၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် သွန်းဆက်ကတော့ ၂၀၁၈ ခုနှစ်ကတော့ ကိုယ်နဲ့ သေသေချာ ချာတွဲလာတဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်ဆိုပါတယ်။ “၂၀၁၈ ကိုအရမ်းကို မုန်းတယ်။ သွန်းဆက် ငယ်ငယ်ထဲကစိတ်ညစ်စရာ သိပ်မရှိခဲ့ဘူး။ပေါ့ပေါ့ပါးပါး လေးပဲ အရာရာဖြတ်သန်းသွားဖြစ်တယ်။အဆင်ပြေတယ် စိတ်ဆင်းရဲစရာ သိပ်မရှိခဲ့ဘူး။ ၂၀၁၈ကတော့ တစ်ချိန်လုံး ငိုနေရတယ်။အမေ ကင်ဆာဖြစ်တယ်။ ချစ်သူနဲ့လက်ခွဲလိုက်ရတယ်။ ဒီနှစ်က UNLUCKY ပါပဲ “လို့ဆိုပါတယ်။ ၂၀၁၈ မှာတော့ မိခင်ဖြစ်သူ ကင်ဆာရောဂါဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းနနဲ့ အနည်းငယ်အဆက် အသွယ်ပြတ်ခဲ့တယ်လို့ သိရပါတယ်။ဝင်ငွေမရှိပဲ ထွက်ငွေများတဲ့နှစ်လို့လည်း ပြောလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ကလေးဆေးရုံတိုးချဲ့ဆောင်သစ် သွေးနှင့်ကင်ဆာဌာနမှာ အလှူလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ “ကင်ဆာရောဂါဖြစ်တဲ့သူတွေ ဆေးတွေက လည်း အရမ်းပြင်းတော့ တော်တော်လေး…
Read Moreကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေ အားလုံးကို အရမ်းချစ်ပါတယ်ဆိုတဲ့ “ဒေါင်း”
ရန်ကုန် ဒီဇင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ(VOM) နှုတ်ခမ်းနီမလေးများ အသည်းကျော် ဒေါင်းကတော့ ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်လို့ဆိုပါတယ်။ မိန်းကလေးပရိသတ်အများဆုံး ဒေါင်း၏ ဓာတ်ပုံအရမ်းကို Share တဲ့အပေါ်မှာ “ဓာတ်ပုံရိုက်ရင် ကင်မရာကို မကြည့်ဖြစ်ဖူး၊ ချစ်တဲ့ပရိသတ်တွေကို ရင်ထဲကကြည့်ပြီးတော့ ရိုက်ဖြစ်ပါတယ်၊ ဒီပရိသတ်တွေရှိလို့ ကျွန်တော် ကံကောင်းတယ်လို့ ယူဆပါတယ်၊နောက် ကျွန်တော်ကို ယုံကြည်စွာနဲ့အားပေးတဲ့အတွက်ပါ၊ အနုပညာပတ်သက်ပြီးတော့လည်း အများကြီး ကြိုးစားပါမယ်”လို့ဆိုပါတယ်။ လက်ရှိမှာတော့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်မယ့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့နဲ့ အတူုပါဝင် သရုပ် ဆောင် ထားပါတယ်။ “ကျွန်တော် ဒီဇာတ်ကားမှာတော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်၊ ဓာတ်ပုံအတွက်ဆိုရင် မရရအောင်လုပ်ဆောင် ကြည့်ချင်သူပေါ့၊မရိုက်ခင်မှာ ဒီဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားထားပါတယ်၊အံ့သြထိန့်လန့်စရာ သရဲကားလည်းဖြစ်လို့…
Read Moreဗလတောင့်တောင့် အကြီးကြီးတွေ မကြိုက်ဘူးဆိုတဲ့ ခင်ဝင့်ဝါ
ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကတော့ “လူငယ်ဆိုတော့ အချစ်ရေးက ပြောလို့တော့မရ သေး ဘူးပေါ့။ ဗလတောင့်တောင့် အဲလို အကြီးကြီးတွေ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ဆိုပါတယ်။ ချစ်သူအပေါ် စိတ်ကူးယဉ်ပုံစံကတော့ “ညီမက ကိုယ့်သတ်မှတ်ပြီးတော့ စံထားတာတော့ မရှိပါ ဘူး၊လူတိုင်းကတော့ Perfect ဖြစ်တဲ့သူကို လိုချင်တာပေါ့လေ၊ ဘယ်အရာမှ Perfect ဖြစ်တာမှမရှိတာ၊ ပြီး ပြည့်စုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူးလေ၊ ဘယ်လိုပြောမလဲ ကံပေါ့၊ ညီမက ကိုရီးယားမင်းသား ပုံစံလေး တွေ ကြိုက်တယ်”လို့ဆိုပါတယ်။ 2019 ခုနှစ်မှာတော့ အနုပညာအလုပ်တွေကို ပရိသတ်လက်ခံလာအောင် အကောင်းဆုံးလုပ်ဆောင် သွားမယ် လို့လည်း သိရပါတယ်။လာမယ့်နှစ်ထဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရုံတင်ပေးဖို့ ကျန်သေး တယ်လို့လည်း သိရပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အနုပညာသုံးသပ်ချက်ကတော့ “ကိုယ့်အများကြီးထက်ပြီးတော့ ကြိုးစားဖို့ လိုသေးလို့ ထင်ပါ…
Read More