လူကြမ်းမင်းသား ဦးမင်းစိန် ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ခဲ့

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉

သင်းသဒ္ဒါ

ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် လူကြမ်းမင်းသား ဦးမင်းစိန် ကတော့ ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန် ခဲ့ပါတယ်။

သူ့ကတော့ အသက် (၅၆) နှစ်ရှိပြီးတော့ မိသားစုစားဝတ်နေရေးအတွက်နဲ့ မိုးကုတ်မှာ အခွေလေးတွေ လိုက်ရောင်းနေရာကနေ  ဇန်နဝါရီ ၅ရက်နေ့ နံနက် ၂နာရီခွဲက ရန်ကုန်မြို့ ၊ရန်ကုန်ပြည်သူဆေးရုံကြီးမှာ ပန်းနာရင်ကြပ်ရောဂါကြောင့်မို့ ချွဲဆို့အမောဖောက် ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။

“ဟိုမှာ ရာသီဥတုတအားအေးတဲ့ အခါမှာ နဂိုထဲအဆုတ်သိပ်မကောင်းတော့ အဆုတ်ကို ထိပြီး တော့ ချွဲတွေ တအားထွက်လာတယ်။မနေ့က နေ့လည်ပိုင်းက ရန်ကုန်ကို ပြန်ရောက်လာတယ်၊ ညနေဘက်မှာ ချက်ခြင်း ဆေးရုံကြီးတင်ခဲ့ရတယ်၊ ဆေးရုံကြီးမှာလည်း ချွဲပျော်ဆေးတွေ တိုက်ပြီးတော့ အသက်ရှုနည်းနည်း ပြန်မှန် လာတယ်၊ ဦးအောင်ခိုင်တို့ ရောက်တဲ့အချိန်မှာ အောက်ဆီဂျင်ပေးထားရတယ်၊ အသက်ရှုနှုန်းကို ဦးအောင်ခိုင် တို့ ကြားတာကို သိပ်မကြိုက်ကြဘူး၊ ဦးအောင်ခိုင်တို့ အားလုံးကိုတွေ့ပြီးနောက်ပြောင်နေသေးပါတယ်။ ကိုလူ ချောအဖွဲ့က ထောက်ပံ့ငွေလေး ပေးခဲ့ပါတယ်၊ ညနေ ၆ နာရီလောက်ပြန်လာခဲ့တာပါ”လို့ ကိုလူချောအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်ကဆိုပါတယ်။

လူဆိုး၊ လူမိုက်၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ် ဂိုဏ်းစတား၊ အမျိုးသမီးတွေကို အဓမ္မကျင့်သူ နေရာတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ ဦးမင်းစိန် ကတော့ အနုပညာလောကထဲသို့ သရုပ်ဆောင် ရဲကို ကိုနှင့် ရိုက်ကူးခဲ့သော ငရဲကလာသူပြာပူမကြောက် ၊ ရွှေသမင်ဘယ်ကထွက် စတဲ့ ဇာတ်ကား တွေ ရိုက်ခဲ့ပြီး  အနုပညာသက်တမ်း ၃၀ ကျော် နဲ့ ဇာတ်ကားပေါင်း ၁၀ဝ၀ ဝန်းကျင်ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

“ဦးအောင်ခိုင်ဆီ မနက် ၂နာရီ ၃၅ မိနစ်မှာကွယ်လွန်သွားတယ်လို့ ဖုန်းဝင်လာပါတယ်၊ မိသားစု စားဝတ်နေရေး အတွက် အရမ်းအေးတဲ့ နေရာဒေသကိုသွားတဲ့အတွက် ပန်းနာရင်ကြပ်ရှိတဲ့သူက  ဆေးဝါးမပြည့်စုံရင် အရမ်းအန္တရာယ်များပါတယ် ၊ အောက်ဆီဂျင်တစ်ဘူးနဲ့ တစ်ဘူးလဲပေးနေရင်း အချိန်မှာဆုံးသွားတာပါ၊ အရင်တုန်းက ဗီဒီယိုလောကမှာ အောင်ခိုင် ၊ကိုဦး ၊ မင်းစိန်ဆိုပြီး ဗီဒီယိုလောကမှာ ခေါင်းဆောင်နေရာက ကား ၂၀ လောက်ရိုက်ခဲ့ဘူးပါတယ်”လို့ဆိုပါတယ်။

လက်ရှိမှာ သားသမီး ၅ ယောက် ကျန်ရှိခဲ့ပြီး သူ့ရဲ့ရုပ်ကလာပ်ကို ဇန်န၀ါရီ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ် ၊  တိလေားကရပ်ကွက် ၊ မိတ္တလမ်းမှ ရေဝေး သုသာန်ကို ပို့ဆောင်မှာဖြစ်ပါတယ်။

#voiceofmyanmar#လူကြမ်းသရုပ်ဆောင်မင်းစိန်#ကွယ်လွန်#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW