အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာတဲ့ရှင်ယွန်းမြတ်

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉ သင်းသဒ္ဒါ(VOM) မော်ဒယ်လ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာပါတယ်။ ” ဒီရက်ပိုင်းမှာ ပရိသတ်ကို တောင်းပန်ချင်တယ်၊ အင်တာဗျူးတစ်ခုမှာ ရှင်ယွန်းက နည်းနည်းရှန်း တတ်တော့လေ၊ အကျီဇစ်ပြုတ်နေတာကို မသိလိုက်တာပေါ့နော်၊ ရှင်ယွန်းသုပ်ပြတာကတော့ သခွားသီးပေါ့ ၊ ဒါပေမယ့် သခွားသီးကို မမြင်ပဲ အဲလိုမျိုး ဖြစ်သွားတာက သက်သက်ကြီးလုပ်ပြသလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်၊ ကိုယ့်ရဲ့ပေါ့ဆမှုပေါ့၊ နောက်ကိုဆင်ခြင်ပါ့မယ်လို့” ဆိုပါတယ်။ သူမကတော့ဇာတ်ကားရိုက်ကူးမှုတွေ  မျက်နှာမှာ Skinပတ်သက်ပြီး ပြဿနာ နည်းနည်းရှိနေတာကြောင့် ရှုတင်တွေရှိတယ်ဆိုရင် မိတ်ကပ်တွေလိမ်းပြီး မီးထိုးတဲ့ ဒဏ်ကိုတစ်နေကုန်မခံနိုင်ဘူး။ လောလော ဆယ် နားထားတယ်လို့သိရပါတယ်။ ဓာတ်ပုံရိုက်ရင်တော့ အဲ့လိုင်းဘက်သွားတာ ရှင်ယွန်းနဲ့ပိုလိုက်တယ် လို့ ထင်တယ်။ Crue Type တွေနဲ့ကျတော့ ကိုယ်နဲ့သိပ်အဆင်မပြေဘူး။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေ မျက်စိမနောက်ရအောင် သူတို့ကြိုက်တဲ့ ပုံစံလေးတွေရော…

Read More

“ခုချက်ချင်းလဲ အိမ်ထောင်ကျသွားနိုင်တယ်ဆိုတဲ့ အိချောပို”

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၀၉ သင်းသဒ္ဒါ(VOM) ပရိသတ်တွေက ချစ်စနိုးနဲ့ စူစူလို့ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ဖူးစာပါရင်တော့ ဘယ် အရွယ်လို့ ပြောလို့မရဘူး။ ခုချက်ချင်း လဲအိမ်ထောင် ကျသွားနိုင်တယ်လို့ဆိုပါတယ်။ “ကိုယ့်ရှေ့မှာလည်း အနုပညာမောင်နှမတွေ တွေ့တယ်မလား၊ကြိုပြောလို့တော့ မရပါဘူး၊ အိချော သတ်မှတ် ထားတာတော့ မိန်းကလေးက အသက် ၃၀ ကျော်လောက်ဆိုရင် အိမ်ထောင်ပြုသင့်တယ် ထင်ပါတယ်၊ အိချောရဲ့ ကံတရားနဲ့လည်း ဆိုင်တာပေါ့”လို့ဆိုပါတယ်။ သူမကတော့ ယနေ့ နံနက်ပိုင်း အသက် ၂၇ နှစ်ပြည့် မွေးနေ့အလှူအနေနဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီး ဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှာတော့  မိဘမဲ့ အမျိုးသမီးငယ် (၁၀၉)ဦး တို့ကို  နေ့လည်စာ အ ဟာရဒါန နဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့ပါတယ်။…

Read More

မန်ယူအသင်းက ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ယာယီနည်းပြ ဆိုးလ်ရှား ဖွင့်ဟ

မန်ချက်စတာ၊ ဇန်န၀ါရီ ၅-၂၀၁၉ ရန်နိုင်ထွန်း (VOM) ယခုနှစ် ပရီးမီးယားလိဂ်ရာသီကုန်မှာ မန်ယူအသင်းနည်းပြရာထူးမှ ထွက်ခွာဖို့ဆန္ဒမရှိဘူးလို့ မန်ယူအသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားက ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာအတွင်းက နည်းပြမော်ရင်ဟိုကို မန်ယူအသင်းက ထုတ်ပယ်လိုက်ပြီးနောက် မန်ယူတိုက်စစ်မှူးဟောင်းဖြစ်သူ ဆိုးလ်ရှားကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် အသင်းက ခန့်အပ်ထားတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့က နယူးကာဆယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဆိုးလ်ရှားဟာ ၁၉၄၆ ခုနှစ်က ဆာမက်ဘတ်စ်ဘီ မန်ယူအသင်းကို စတင်နည်းပြပြီး လေးပွဲဆက်အနိုင်ရရှိခဲ့တဲ့စံချိန်အတိုင်း လုပ်ဆောင်နိုင်ခဲ့တဲ့ ဒုတိယနည်းပြအဖြစ် မန်ယူအသင်းသမိုင်းမှာ မှတ်တမ်းဝင်သွားပါတယ်။ မေလအတွင်းမှာ အသင်းကထွက်ခွာမှာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးဖြေဆိုရာမှာတော့ “ ကျွန်တော် အသင်းက ထွက်ခွာဖို့ ဆန္ဒမရှိပါဘူး “ လို့ ၎င်းကပြောပါတယ်။ လက်ရှိတွင် လေးပွဲဆက်နိုင်ထားသလို နောက်ထပ်လေးပွဲဆက်အနိုင်ရဖို့လည်းရှိနိုင်ကြောင်းနဲ့ ယင်းမှာ စိန်ခေါ်မှုဖြစ်သလို မိမိတို့သိထားသည့် အဆင့်အတန်းဆိုတာမျိုးလည်းဖြစ်ကြောင်း ဆိုးလ်ရှားက…

Read More

လူကြမ်းမင်းသား ဦးမင်းစိန် ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ခဲ့

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉ သင်းသဒ္ဒါ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် လူကြမ်းမင်းသား ဦးမင်းစိန် ကတော့ ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန် ခဲ့ပါတယ်။ သူ့ကတော့ အသက် (၅၆) နှစ်ရှိပြီးတော့ မိသားစုစားဝတ်နေရေးအတွက်နဲ့ မိုးကုတ်မှာ အခွေလေးတွေ လိုက်ရောင်းနေရာကနေ  ဇန်နဝါရီ ၅ရက်နေ့ နံနက် ၂နာရီခွဲက ရန်ကုန်မြို့ ၊ရန်ကုန်ပြည်သူဆေးရုံကြီးမှာ ပန်းနာရင်ကြပ်ရောဂါကြောင့်မို့ ချွဲဆို့အမောဖောက် ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။ “ဟိုမှာ ရာသီဥတုတအားအေးတဲ့ အခါမှာ နဂိုထဲအဆုတ်သိပ်မကောင်းတော့ အဆုတ်ကို ထိပြီး တော့ ချွဲတွေ တအားထွက်လာတယ်။မနေ့က နေ့လည်ပိုင်းက ရန်ကုန်ကို ပြန်ရောက်လာတယ်၊ ညနေဘက်မှာ ချက်ခြင်း ဆေးရုံကြီးတင်ခဲ့ရတယ်၊ ဆေးရုံကြီးမှာလည်း ချွဲပျော်ဆေးတွေ တိုက်ပြီးတော့ အသက်ရှုနည်းနည်း ပြန်မှန် လာတယ်၊ ဦးအောင်ခိုင်တို့ ရောက်တဲ့အချိန်မှာ အောက်ဆီဂျင်ပေးထားရတယ်၊ အသက်ရှုနှုန်းကို ဦးအောင်ခိုင် တို့ ကြားတာကို…

Read More

ရွေးကောက်ပွဲ ထပ်မံရွှေ့ဆိုင်းဖို့ ထိုင်းစစ်အစိုးရ စဉ်းစားနေပြန်ပြီ

ဘန်ကောက်၊ ဇန်န၀ါရီ ၅-၂၀၁၉ မျိုးဆက် (VOM) ထိုင်းဘုရင်ရဲ့  တော်ဝင်နန်းတက်ပွဲနဲ့အတူ ဖြစ်ပွားလာနိုင်တဲ့ ပဋိပက္ခများကို ရှောင်ရှားဖို့အတွက်  ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို နောက်တစ်လရွှေ့ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ထိုင်းစစ်အစိုးရက ပြောပါတယ်။ ဘုရင် မဟာဝိဇယလောင်ကွန်းရဲ့  ရာဇဘိသိသေက အခမ်းအနားပြုလုပ်ပြီး တရားဝင်နန်းတက်ပွဲကို  မေလ လေးရက်မှ ခြောက်ရက်အထိကျင်းပမှာဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ဇန်န၀ါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၁၆ ခုနှစ်အောက်တိုဘာလမှာ  ထိုင်းဘုရင် ဘူမိဘောအဒူရာဒက် နတ်ရွာစံပြီးနောက် မဟာဝိဇယလောင်ကွန်းက ထီးနန်းအရိုက်အရာကို ဆက်ခံမှာဖြစ်ပါတယ်။ တကယ်လို့  ရွေးကောက်ပွဲကို ဖေဖော်ဝါရီလမှာ ကျင်းပခဲ့မယ်ဆိုရင် မေလအတွင်းပြုလုပ်မယ့် နန်းတက်ပွဲနဲ့ ပါလီမန် ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်လုပ်တာတွေ တစ်ချိန်တည်းဖြစ်နေလိမ့်မယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုကီရာနမ်က ဇန်န၀ါရီ ၄ ရက်ကပြောပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် နေရက်ကို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာလိမ့်မယ်လို့လည်း ထိုင်းအစိုးရက ပြောဆိုပါတယ်။ ဒီလိုရွေးကောက်ပွဲ…

Read More

အရှင်လတ်လတ်ဖျော်ဖြေနေတာကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်တဲ့ ဖြူဖြူကျော်သိန်း

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉ သင်းသဒ္ဒါ(VOM) အသံအားကောင်းကောင်း ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့ သီချင်းသီဆိုတတ်တဲ့ အဆိုတော် ဖြူဖြူ ကျော်သိန်းကတော့ အရှင်လတ်လတ်ဖျော်ဖြေနေတာကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်တယ်လို့ ဆိုပါတယ်။ ဖားအံကဖျော်ဖြေပွဲက ပုံတွေနဲ့ ပတ်သက်ပြီးတော့ ” ဖြူဖြူ့ကို အရှင်လတ်လတ် လာကြည့်ဖူးတဲ့ ပရိသတ်တွေက ဖြူဖြူဘယ်လို ဖျော်ဖြေတတ်တယ်ဆိုတာကို ကောင်းကောင်း သိကြတယ်၊ ဖြူဖြူ့ရဲ့ ဖျော်ဖြေ ပွဲကို အပြင်မှာ တစ်ခါမှ လာမကြည့်ဖူးရှာတဲ့ Onlineက ပရိသတ်တချို့တတ်တယ်ဆိုတာကို ကောင်းကောင်း သိကြတယ်၊ ဖြူဖြူ့ရဲ့ ဖျော်ဖြေပွဲကို အပြင်မှာ တစ်ခါမှ လာမကြည့်ဖူးရှာတဲ့ Onlineက ပရိသတ် တချို့ကတော့ ဒါကို အံ့သြဘနန်းဖြစ်ပြီး ရယ်စရာ လှောင်စရာလို ဖြစ်ရှာတာပေါ့နော်၊ သူတို့မှ မကြည့်ဘူးရှာတာ၊ ကိုယ့်မီဒီယာမောင်နှမတွေမှာလည်း မြို့ပေါ်ကရော ၊ နယ်ကရော အားလုံးကသိကြတယ်၊ ဒီလိုမျိုး ဂီတ ဖျော်ဖြေပွဲကြီးတွေဆိုရင် ဖြူဖြူကျော်သိန်းနဲ့တကွ…

Read More

မနေ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် ခထီးလှကျေးရွာမှာ နေအိမ် ၈ လုံးမီးလောင်

ဘူးသီးတောင်၊ ဇန်နဝါရီ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ မနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အခါမှာ ကျေးရွာအတွင်းကိုကျရောက်ခဲ့တဲ့အတွက် နေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ  ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်စစ်ကူတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတဲ့အခါမှာ လက်နက်ကြီးတွနဲ့ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။ “လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ် ၈ လုံးမီးလောင်သွားပါတယ်၊ ဘယ်ကပစ်တာလဲကျွန်တော်တို့မသိလိုက်ဘူး၊ အဲဒီအချိန်မှာ ကျွန်တော်တို့က စာသင်ကျောင်းမှာရောက်နေကြပါတယ်၊ ပစ်ခတ်သံတွေကြားလိုက်တယ်၊ ပြီးတော့ ရွာထဲကမီးလောင်တာတွေ့ရတာပါပဲ ”လို့ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးဝေသာအောင်ကပြောပါတယ်။ အဲဒီနေအိမ်တွေမီးလောင်တဲ့အချိန်မှာ ကျေးရွာသားတွေထွက်ပြေးနေကြတဲ့အတွက် နေအိမ်ရှိပစ္စည်းတွေကိုပါ ဆုံးရှုံးခဲ့ရကြောင်းနဲ့ လက်ရှိမှာ အဲဒီမိသားစုတွေကို ကျေးရွာကအကူအညီပေးထားရကြောင်း ဦးဝေသာအောင်က ပြောပါတယ်။ “ကျွန်တော်တို့က စာသင်ကျောင်းမှာရောက်နေတာဆိုတော့ မီးပွင့်လာမှပဲ…

Read More

မတူပီခရိုင်ရုံးကို စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ဆောက်ပေးရေး ဆန္ဒပြ

မတူပီ၊ ဇန်​န၀ါရီ ၅-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် မတူပီမြို့နယ် မှာ ဒေသခံလူဦးရေ ၉၀၀ နီးပါးနဲ့ မတူပီခရိုင်ရုံးကို မြို့နယ်စည်ပင်သာယာနယ်နိမိတ် အတွင်းမှာ တည်ဆောက်ပေးဖို့  ဇန်​န၀ါရီ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ အချိန်က မတူပီမြို့ ရှစ်လမ်းဆုံကနေ မင်းတပ်လမ်းဆုံထိ အသွားအပြန် တစ်မိုင်အကွာအဝေးကို လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ “ပထမ အဆင့်ဆင့် တင်ထားတဲ့အတိုင်း မြို့တော်စည်​ပင်​သာယာ ဧရိယာအတွင်း ဆောင်ရွက်ပေးချင်း မရှိလို့ ဆန္ဒပြတာ ဖြစ်ပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ပြောရေးဆိုခွင့်ရှိသူ  ဦးလုံဗန်း က ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ခရိုင်ရုံးကို ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ စည်ပင်ကော်မတီ မြို့မိမြို့ဖ မြို့ပေါ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး ဆယ်အိမ်မှူးများ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ အဆင့်ဆင့်တင်ပြထားသည့်အတိုင်း နေရာချပေးရန်…

Read More

မုံရွာတွင် ၂ ရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွား

မုံရွာ၊ ဇန်နဝါရီ ၅-၂၀၁၉ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်၊ နှစ်စပိုင်း ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နေ့တွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှု ၂ ခုစလုံးက ပေါ့ဆမီးတွေကြောင့် လောင်ကျွမ်းတာဖြစ်ပြီး မီးပေါ့ဆသုံးစွဲသူတွေကို အရေးယူထားတယ်လို့ သိရပါတယ်။ “၃ ရက်နေ့က လောင်တာကတော့ မီးလန့်မှုအဆင့်လောက်ပါပဲ၊ ဆုံးရှုံးမှု ၂၀၀၀ ကျပ်ဖိုးပဲရှိပါတယ်၊ဒုတိယအကြိမ်ကတော့ ဆုံးရှုံးမှုတန်ဖိုးများတယ်၊ ၁၂ သိန်းကျော်တယ်ပေါ့၊ အဆောက်အဦး ၂လုံး မီးလောင်သွားတယ်၊ အိပ်တဲ့အချိန်လည်းဖြစ်တယ်၊ လမ်းက လူပြတ်တာကော၊ ပြီးတော့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက်လည်း ကြီးမားသွားတာပါ”လို့ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးညီညီဇော်က ပြောပါတယ်။ မီးလောင်မှုတွေ လျော့နည်းရေးအတွက် ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ရေနံချက်ဖိုတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွေ လှည့်လည်လုပ်ဆောင်နေပြီး ဆောင်းရာသီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း…

Read More
VOM News

FREE
VIEW