အရှင်လတ်လတ်ဖျော်ဖြေနေတာကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်တဲ့ ဖြူဖြူကျော်သိန်း

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉

သင်းသဒ္ဒါ(VOM)

အသံအားကောင်းကောင်း ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့ သီချင်းသီဆိုတတ်တဲ့ အဆိုတော် ဖြူဖြူ ကျော်သိန်းကတော့ အရှင်လတ်လတ်ဖျော်ဖြေနေတာကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်တယ်လို့ ဆိုပါတယ်။

ဖားအံကဖျော်ဖြေပွဲက ပုံတွေနဲ့ ပတ်သက်ပြီးတော့ ” ဖြူဖြူ့ကို အရှင်လတ်လတ် လာကြည့်ဖူးတဲ့ ပရိသတ်တွေက ဖြူဖြူဘယ်လို ဖျော်ဖြေတတ်တယ်ဆိုတာကို ကောင်းကောင်း သိကြတယ်၊ ဖြူဖြူ့ရဲ့ ဖျော်ဖြေ ပွဲကို အပြင်မှာ တစ်ခါမှ လာမကြည့်ဖူးရှာတဲ့ Onlineက ပရိသတ်တချို့တတ်တယ်ဆိုတာကို ကောင်းကောင်း သိကြတယ်၊ ဖြူဖြူ့ရဲ့ ဖျော်ဖြေပွဲကို အပြင်မှာ တစ်ခါမှ လာမကြည့်ဖူးရှာတဲ့ Onlineက ပရိသတ် တချို့ကတော့ ဒါကို အံ့သြဘနန်းဖြစ်ပြီး ရယ်စရာ လှောင်စရာလို ဖြစ်ရှာတာပေါ့နော်၊ သူတို့မှ မကြည့်ဘူးရှာတာ၊ ကိုယ့်မီဒီယာမောင်နှမတွေမှာလည်း မြို့ပေါ်ကရော ၊ နယ်ကရော အားလုံးကသိကြတယ်၊ ဒီလိုမျိုး ဂီတ ဖျော်ဖြေပွဲကြီးတွေဆိုရင် ဖြူဖြူကျော်သိန်းနဲ့တကွ ဖျော်ဖြေရေး သမားတွေအကုန်လုံးက ရေကုန် ရေခန်း ပရိသတ် နဲ့ စိတ်ချင်းထိစပ်ပြီး အားသွန်ခွန်စိုက် ဖျော်ဖြေကြတယ်၊ ပုံစံမျိုးစုံနဲ့ ဖျော်ဖြေကြတယ်ဆိုတာကို လာ ကြည့်ဖူးရင် သိကြပါတယ်၊ ဒါကြောင့် ထပ်ပြီးတော့ ပြောချင်တာက ဖိတ်ပါတယ်”လို့ဆိုပါတယ်။

သူမကတော့ နာမည်ကျော် အဆိုတော် ၉ ဦးဖြစ်တဲ့ နောနော် ၊ ဂျီလတ် ၊ ဝေလ ၊ ဖိုးပြည့်၊ ထက်အောင်ရှိုင်း ၊ ဖြူဖြူကျော်သိန်း ၊ ဆုန်သင်းပါရ် ၊ အိုင်းရင်းဇင်မာမြင့် နှင့် ငဲငယ်လေးတို့နဲ့ 9 Dreams Show 2019 ဖျော်ဖြေပွဲကြီးကိုတော့ ဇန်နဝါရီ ၁၁ရက်၊ ည၇နာရီမှာတော့ ရန်ကုန်မြို့ ၊မြို့မကျောင်းလမ်း၊ အမျိုးသား ဇာတ်ရုံမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

“ဒီလို ဖျော်ဖြေပွဲတွေကို လာကြည့်ဖူးတဲ့ ပရိသတ်က ရေးတဲ့ ကောမန့်နဲ့ တခါမှမကြည့်ဘူးရှာပဲနဲ့ ရေးတဲ့ ပရိသတ်ရဲ့ ကောမန့်က အရမ်းကွာပါတယ်၊ မမြင်ဘူး မတွေ့ဘူးရှာရင် သူ့ခမြာ ဘာပြောရမှန်းမသိရှာဘူးလေ၊ တကယ်ကြည့်ဖူးတဲ့ ပရိသတ်တွေရဲ့ ကောမန့်တွေကိုဖတ်ရတာ အရမ်းအားရဖို့ ကောင်းတယ်၊ မဖြူ ကိုကြည့်ဖူးသမျှပွဲတွေထဲမှာ ဒီပွဲအပင်ပန်းဆုံးပဲတဲ့၊ သူကထိုင်းဘက်ကနေလာကြည့်တာတဲ့ သူ့အတွက် အ ကုန်အကျ အရမ်းများတယ်၊ ဒါပေမဲ့ ဒီပွဲကို ကြည့်ရတာ အရမ်းတန်တယ်လို့ ခံစားရတယ်တဲ့ ဆိုတော့ ကိုယ်တွေလည်း အရမ်းကျေနပ်တယ်”လို့ဆိုပါတယ်။

#voiceofmyanmar#ဖြူဖြူကျောင်သိန်း#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW