မန်ယူအသင်းက ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ယာယီနည်းပြ ဆိုးလ်ရှား ဖွင့်ဟ

မန်ချက်စတာ၊ ဇန်န၀ါရီ ၅-၂၀၁၉

ရန်နိုင်ထွန်း (VOM)

ယခုနှစ် ပရီးမီးယားလိဂ်ရာသီကုန်မှာ မန်ယူအသင်းနည်းပြရာထူးမှ ထွက်ခွာဖို့ဆန္ဒမရှိဘူးလို့ မန်ယူအသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာအတွင်းက နည်းပြမော်ရင်ဟိုကို မန်ယူအသင်းက ထုတ်ပယ်လိုက်ပြီးနောက် မန်ယူတိုက်စစ်မှူးဟောင်းဖြစ်သူ ဆိုးလ်ရှားကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် အသင်းက ခန့်အပ်ထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က နယူးကာဆယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဆိုးလ်ရှားဟာ ၁၉၄၆ ခုနှစ်က ဆာမက်ဘတ်စ်ဘီ မန်ယူအသင်းကို စတင်နည်းပြပြီး လေးပွဲဆက်အနိုင်ရရှိခဲ့တဲ့စံချိန်အတိုင်း လုပ်ဆောင်နိုင်ခဲ့တဲ့ ဒုတိယနည်းပြအဖြစ် မန်ယူအသင်းသမိုင်းမှာ မှတ်တမ်းဝင်သွားပါတယ်။

မေလအတွင်းမှာ အသင်းကထွက်ခွာမှာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးဖြေဆိုရာမှာတော့ “ ကျွန်တော် အသင်းက ထွက်ခွာဖို့ ဆန္ဒမရှိပါဘူး “ လို့ ၎င်းကပြောပါတယ်။

လက်ရှိတွင် လေးပွဲဆက်နိုင်ထားသလို နောက်ထပ်လေးပွဲဆက်အနိုင်ရဖို့လည်းရှိနိုင်ကြောင်းနဲ့ ယင်းမှာ စိန်ခေါ်မှုဖြစ်သလို မိမိတို့သိထားသည့် အဆင့်အတန်းဆိုတာမျိုးလည်းဖြစ်ကြောင်း ဆိုးလ်ရှားက ပြောဆိုပြီး နယူးကာဆယ်အသင်းနဲ့ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ကြတဲ့ လူကာကူနဲ့ ရက်ရှ်ဖို့ဒ် တို့ကို ၎င်းက ချီးကျူးပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲကစားပြီးချိန်မှာ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၆ နေရာမှာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်လေးနေရာရောက်ရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

#voiceofmyanmar#မန်ယူအသင်း#ယာယီနည်းပြအသင်းမှထွက်ရန်ဆန္ဒမရှိ#

Ref: BBC

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW