မတူပီခရိုင်ရုံးကို စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ဆောက်ပေးရေး ဆန္ဒပြ

မတူပီ၊ ဇန်​န၀ါရီ ၅-၂၀၁၉

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် မတူပီမြို့နယ် မှာ ဒေသခံလူဦးရေ ၉၀၀ နီးပါးနဲ့ မတူပီခရိုင်ရုံးကို မြို့နယ်စည်ပင်သာယာနယ်နိမိတ် အတွင်းမှာ တည်ဆောက်ပေးဖို့  ဇန်​န၀ါရီ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ အချိန်က မတူပီမြို့ ရှစ်လမ်းဆုံကနေ မင်းတပ်လမ်းဆုံထိ အသွားအပြန် တစ်မိုင်အကွာအဝေးကို လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“ပထမ အဆင့်ဆင့် တင်ထားတဲ့အတိုင်း မြို့တော်စည်​ပင်​သာယာ ဧရိယာအတွင်း ဆောင်ရွက်ပေးချင်း မရှိလို့ ဆန္ဒပြတာ ဖြစ်ပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ပြောရေးဆိုခွင့်ရှိသူ  ဦးလုံဗန်း က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ခရိုင်ရုံးကို ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ စည်ပင်ကော်မတီ မြို့မိမြို့ဖ မြို့ပေါ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး ဆယ်အိမ်မှူးများ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ အဆင့်ဆင့်တင်ပြထားသည့်အတိုင်း နေရာချပေးရန် အလိုရှိဆိုတဲ့ စာသားများပါဝင်သည့် ဆိုင်းဘုတ်အပါအဝင် အခြားစာသားများပါ တောင်းဆိုချက် ၉ခု ပါဝင်တဲ့ ဆိုင်းဘုတ် ၉ ခု ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မတူပီမြို့ ရပ်ကွက်(၅)ခုအတွင်းက စန်းဘောန်ရပ်ကွက်၊ ခိုဘွေရပ်ကွက်၊ လောင်ဗန်းရပ်ကွက် နဲ့ ငလားရပ်ကွက် (၄) စတဲ့ ရပ်ကွက် ၄ခုက ပြည်သူတွေက မတူပီမြို့နဲ့ ၈ မိုင်ကျော်ဝေးတဲ့ ဖနိုင်ကျေးရွာနှင့်ငလိုင်ကျေးရွာအနီးမှာ ပြည်နယ်အစိုးရအဖွဲ့ ကနေတာဝန်ယူ တည်ဆောက်ဖို့ စီစဉ်နေတာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar#မတူပင်#ခရိုင်ရုံးတည်ဆောက်ရန်ဆန္ဒပြ#

Photo.salai tinaung

Related posts

Leave a Comment

VOM News

FREE
VIEW