မွေးနေ့မှာ သီလရှင်ဝတ်မယ့် နေခြည်ဦး

ရန်ကုန် ဇန်န၀ါရီ ၂-၂၀၁၉

သင်းသဒ္ဒါ(VOM)

Beauty Blogger ကတဆင့် အနုပညာလောကထဲရောက်လာတဲ့ နေခြည်ဦး ကတော့ မွေးနေ့မှာ သီလရှင် ဝတ်မယ်လို့ ဆိုပါတယ်။

“နေခြည် သီလရှင် ၀တ်ဖို့အတွက် အခုထဲက ပီတိလည်း ဖြစ်နေပါတယ်၊ မွေးနေ့ကလည်း ဇန်န၀ါရီ ၂၅ ဆိုရင် အသက် ၂၇ ပြည့်ပြီလေ၊ နေခြည် မွေးနေ့ပြီးတာနဲ့ တစ်ပတ် ၊၁၀ ရက်လောက် ဝတ်ဖြစ်မှာပါ၊ မန်နေဂျာ ကိုလည်း အတင်းဝတ်ခိုင်း ထားပါတယ်၊ သူငယ်ချင်းတွေလည်း တော်တော်များများဝတ်ကြမယ်၊ သူများဝတ်လို့ လိုက်ဝတ်တာတော့ မဟုတ်ပါဘူး၊ အကုန်လုံးကလည်း ပထမဆုံးအကြိမ်ဝတ်တာ ဖြစ်တယ်၊ နေခြည် အနေနဲ့ အလှူအကြီးကြီး လုပ်ချင်တယ်” လို့ ဆိုပါတယ်။

သူမကတော့ လက်ရှိမှာ မန္တလေး နဲ့ စစ်ကိုင်း ခရီးသွားကောက်ကြောင်း ပရိုဂရမ်တစ်ခု ရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးဖြစ်တဲ့ ကိုယ်ပွားရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ကျော်ထက်အောင် ၊ မင်းဦး၊ ထွန်းအိန္ဒြာ ဗိုလ် ၊ မြတ်ကေသီအောင် တိုနဲ့အတူ ရိုက်ကူးနေပါတယ်။

သီလရှင်ဝတ်မယ့်အတွက် ကြိုတင်ပြင်ဆင်အနေနဲ့ကတော့ “နေခြည် ကတုံးတုံပြီးလည်း ဆံပင်တု တွေက အများကြီးပဲ ဆိုတော့  ကိစ္စမရှိပါဘူး၊ ကတုံးတုံးရတာ နေခြည် စိတ်မညစ်ဘူး၊ မယ်သီလရှင် ဝတ်ရမှာမို့ နေခြည် အရမ်းပျော်နေပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#နေခြည်ဦး#

ဓာတ်ပုံ – #နေခြည်ဦး facebook

Related posts

✕
VOM News

FREE
VIEW