တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းရေး လက်ခံဖို့ ထိုင်ဝမ်ကို တရုတ်သမ္မတ တိုက်တွန်း

ပေကျင်း၊ ဇန်န၀ါရီ ၂-၂၀၁၉ မျိုးဆက် (VOM) တရုတ်ပြည်မနဲ့ မဖြစ်မနေ ပြန်လည်ပေါင်းစည်းဖို့နဲ့ ပေါင်းစည်းတာကိုလက်ခံဖို့ ထိုင်ဝမ်​ပည်သူတွေကို တရုတ်သမ္မတ ရှိီကျင်းပင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ တစ်ပြည်ထောင် စနစ်နှစ်ခု ကိုအခြေခံပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့ သမ္မတ ရှီကျင်းပင်က ပြောပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေး ကိစ္စအပေါ် အင်အားအသုံးပြုခွင့်ကို ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ၎င်းက ဆိုပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်တဲ့အစိုးရအဖြစ် အုပ်ချုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ပြည်မကြီးမှ ခွဲထွက်နေတဲ့ ပြည်နယ်တစ်ခုအဖြစ် ထိုင်ဝမ်အပေါ်သဘောထားနေပါတယ်။ နှစ်ဘက်လုံးဟာ တူညီသော တရုတ်မိသားစုရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးဟာ သမိုင်းကြောင်းဆိုင်ရာအပြင် နောက်ဆုံးဖြစ်လာမယ့် အဆုံးသတ်နဲ့ လက်ရှိမှာဆန့်ကျင်နေတယ်လို့ ရှီကျင်းပင်က ပြောဆိုပါတယ်။ ဒါကြောင့် ထိုင်ဝမ်လွတ်လပ်ရေးဟာ ဆင်းရဲဒုက္ခကိုသာ ယူဆောင်လာလိမ့်မယ်ဆိုတာကို ထိုင်ဝမ်ပြည်သူများနားလည်ရမယ်လို့ ၎င်းက ပြောဆိုပါတယ်။ ထိုင်ဝမ်​လွတ်လပ်ရေးကို…

Read More

မွေးနေ့မှာ သီလရှင်ဝတ်မယ့် နေခြည်ဦး

ရန်ကုန် ဇန်န၀ါရီ ၂-၂၀၁၉ သင်းသဒ္ဒါ(VOM) Beauty Blogger ကတဆင့် အနုပညာလောကထဲရောက်လာတဲ့ နေခြည်ဦး ကတော့ မွေးနေ့မှာ သီလရှင် ဝတ်မယ်လို့ ဆိုပါတယ်။ “နေခြည် သီလရှင် ၀တ်ဖို့အတွက် အခုထဲက ပီတိလည်း ဖြစ်နေပါတယ်၊ မွေးနေ့ကလည်း ဇန်န၀ါရီ ၂၅ ဆိုရင် အသက် ၂၇ ပြည့်ပြီလေ၊ နေခြည် မွေးနေ့ပြီးတာနဲ့ တစ်ပတ် ၊၁၀ ရက်လောက် ဝတ်ဖြစ်မှာပါ၊ မန်နေဂျာ ကိုလည်း အတင်းဝတ်ခိုင်း ထားပါတယ်၊ သူငယ်ချင်းတွေလည်း တော်တော်များများဝတ်ကြမယ်၊ သူများဝတ်လို့ လိုက်ဝတ်တာတော့ မဟုတ်ပါဘူး၊ အကုန်လုံးကလည်း ပထမဆုံးအကြိမ်ဝတ်တာ ဖြစ်တယ်၊ နေခြည် အနေနဲ့ အလှူအကြီးကြီး လုပ်ချင်တယ်” လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ မန္တလေး နဲ့ စစ်ကိုင်း ခရီးသွားကောက်ကြောင်း ပရိုဂရမ်တစ်ခု ရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးဖြစ်တဲ့…

Read More
VOM News

FREE
VIEW