တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းရေး လက်ခံဖို့ ထိုင်ဝမ်ကို တရုတ်သမ္မတ တိုက်တွန်း

ပေကျင်း၊ ဇန်န၀ါရီ ၂-၂၀၁၉
မျိုးဆက် (VOM)

တရုတ်ပြည်မနဲ့ မဖြစ်မနေ ပြန်လည်ပေါင်းစည်းဖို့နဲ့ ပေါင်းစည်းတာကိုလက်ခံဖို့ ထိုင်ဝမ်​ပည်သူတွေကို တရုတ်သမ္မတ ရှိီကျင်းပင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တစ်ပြည်ထောင် စနစ်နှစ်ခု ကိုအခြေခံပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့ သမ္မတ ရှီကျင်းပင်က ပြောပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေး ကိစ္စအပေါ် အင်အားအသုံးပြုခွင့်ကို ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်တဲ့အစိုးရအဖြစ် အုပ်ချုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ပြည်မကြီးမှ ခွဲထွက်နေတဲ့ ပြည်နယ်တစ်ခုအဖြစ် ထိုင်ဝမ်အပေါ်သဘောထားနေပါတယ်။

နှစ်ဘက်လုံးဟာ တူညီသော တရုတ်မိသားစုရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးဟာ သမိုင်းကြောင်းဆိုင်ရာအပြင် နောက်ဆုံးဖြစ်လာမယ့် အဆုံးသတ်နဲ့ လက်ရှိမှာဆန့်ကျင်နေတယ်လို့ ရှီကျင်းပင်က ပြောဆိုပါတယ်။

ဒါကြောင့် ထိုင်ဝမ်လွတ်လပ်ရေးဟာ ဆင်းရဲဒုက္ခကိုသာ ယူဆောင်လာလိမ့်မယ်ဆိုတာကို ထိုင်ဝမ်ပြည်သူများနားလည်ရမယ်လို့ ၎င်းက ပြောဆိုပါတယ်။

ထိုင်ဝမ်​လွတ်လပ်ရေးကို မြင့်တင်တဲ့ ဘယ်လိုလှုပ်ရှားမှု ပုံစံကိုမဆို ဘယ်သောအခါမှ တရုတ်နိုင်ငံက သည်းခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးဟာ တရုတ်ပြည်သူတွေရဲ့ ကြီးစွာသော အားသစ်ဖြစ်တည်မှုအတွက် မဖြစ်မနေ လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က ပြောပါတယ်။

#voiceofmyanmar#တရုတ်ပြည်မနဲ့ပြန်လည်ပေါင်းစည်းလက်ခံဖို့ #ထိုင်ဝမ်ကို တရုတ်သမ္မတတိုက်တွန်း#
Ref: BBC/ CNA
Photo : AP

Related posts

Leave a Comment

VOM News

FREE
VIEW