ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) ချစ်သူဖြစ်တဲ့ အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တိုရဲ့ Relationshipကိုတော့ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ”ဘေဘီတို့နှစ်ယောက်ရဲ့ မေတ္တာတရားက မှန်ကန်တဲ့အတွက် ပရိသတ်ကို အတိအလင်းချပြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်လည်း ပိုတိုးလာလို့ ခိုင်မြဲပြီးလို့ ရည်ရွယ်ထားတဲ့အတွက် ပရိသတ်ကို အသိပေးလိုက်တာပါ၊ ဘေဘီတို့ Relationship က အပြန်အလှန်နားလည်မှုရယ်၊ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နေထိုင်ဖြစ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်က အသက်အရွယ်ကလည်း နည်းနည်းကွာတော့ သူ့ကလည်း ကိုယ့်ကိုအစ်မတစ်ယောက်လို့ ချစ်ပါတယ်၊ ဘေဘီက အစထဲက ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဆိုတာကို သူလည်းသိတယ်၊ ရိုးရိုးသားသားနဲ့ပဲ ဆက်ဆံ့ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ သူမနဲ့ သားဂန်းတိုရဲ့ ချစ်သူသက်တမ်း ၈ လရှိပြီး နှစ်ယောက်ရဲ့ Plan တွေချထားတယ်လို့လည်း သိရပါတယ်။ ” ဘေဘီတို့ နှစ်ယောက်လုံးက မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့သူတွေ ဖြစ်နေတယ်လေ၊အိမ်ထောင်ပြုဖို့ လိုပါဦးမယ်၊…
Read MoreCategory: အနုပညာ
မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ခက်ခဲတယ်ဆိုတဲ့ မေဘရဏီသော်
ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) မျက်နှာချိုချိုလေးနဲ့ အလှမယ် မေဘရဏီသော်ကတော့ မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆိုလာပါတယ်။ “မေသော်တို့ လိုင်းတစ်ခုထဲ သွားဖို့ကအရမ်းကို ခက်ခဲမှုတွေ ပင်ပန်းမှုတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့်မို့ မော်ဒယ်လ်လိုင်းပဲ တစ်ခုပဲမရပ်တည်ပဲ အခွင့်အရေးရရင် ရသလို အဖက်ဖက်ကို သွားကြည့်ဖြစ် ပါတယ်၊ ဒါကြောင့် မေသော်အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှုတွေတော့ဖြစ်ပါတယ်”လို့ဆိုပါတယ်။ လတ်တလောမှာတော့ ဖက်ရှင်ရှိုးပွဲတွေ Photo တွေကို ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ Miss Universe Myanmar 2015 ရဲ့ အလှမယ် မေဘရဏီသော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ပညာ ရပ်တွေ လေ့ လာသင်ယူနေတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့ ဇနီးချောများကွန်ရက်မှာလည်း သရုပ်ဆောင် တွေဖြစ်တဲ့ စိုးပြည့်သဇင် ၊ ခင်သဇင် ၊ မြနှင်းရည်လွင်တို့နဲ့…
Read Moreမြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကိုြုပုပြင်ပျိုးထောင်ပေ်းတဲ့ အင်အား အရမ်းနည်းတယ်ဆိုတဲ့ ရွှေအိမ်စည်
ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်တွေရဲ့ ချင်ခင်မှုကိုရရှိထားတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကို သေချာလေးပြုပြင်ပျိုးထောင်ပေးနိုင်တဲ့ အင်အားအရမ်းနည်းနေပါတယ်လို့ ဆိုပါတယ်။ “ကိုယ့်ဘက်က ပိုက်ဆံအားလိုက်နိုင်မှရမယ်၊ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ မြန်မာနိုင်ငံမှာ အရမ်းကို Suppotring ကောင်းပြီးတော့ အရမ်းမိုက်တဲ့ organization တွေ ပေါ်လာရင်ပေါ်လာ မပေါ်လာရင် ဘာဖြစ် လာမလဲဆိုတော့ ကိုယ့်ဘက်က ပိုက်ဆံတတ်နိုင်မှပဲရမယ်၊ အဲ့လို အခြေအနေမျိုးမှာရှိတဲ့ ခါးသီးတဲ့ အမှန် တရားတစ်ခုပါ၊ အိမ်စည်တို့ဆိုလည်း အိပ်မက်တစ်ခုနဲ့ ၀င်လာခဲ့တာပါပဲ”လို့ဆိုပါတယ်။ သူမကတော့ ယခုလအတွင်း ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ miss supranational ၂၀၁၈ ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ယနေ့ Junction City မှာ ပြုလုပ်တဲ့ iORA Brand ဖက်ရှင်ဆိုင်…
Read More‘အချစ်ဆိုတာဘာမှန်းတောင် မသိတော့ဘူးဆိုတဲ့ မိစန္ဒီ”
ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) ဝဝကစ်ကစ်လေးချစ်စရာကောင်းတဲ့ အဆိုတော် မိစန္ဒီကတော့ “ရင့်ကျက်လာတဲ့ အတွက် အချစ်သီချင်းတွေလည်းဆိုတာနည်းတယ်၊ ချစ်လဲမချစ်ချင်တော့ဘူး၊ အချစ်ဆိုတာဘာမှန်းတောင်မသိတော့ဘူး၊စိတ်ညစ်တယ်”လို့ဆိုလာပါတယ်။ ဂီတအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးတော့”အကြောင်းအရာကအစ ပြောင်းသွားတယ်၊စကားလုံးကအစပြောင်းသွားတယ်၊အရင်ကသီချင်းတွေဆို ကလေးဆန်လိုက်တာလို့တွေးတာတွေရှိတယ်၊ပြီးတော့ကြိုက်တဲ့ music ပုံစံလည်းပြောင်းသွားတာပေါ့နော်၊ပြီးတော့ပိုပြီးလည်း ဂျီးများလာတယ်”လို့ဆိုပါတယ်။ အဆိုတော် မိစန္ဒီနဲ့သူငယ်ချင်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်ဖွင့်ပွဲကိုတော့ ဒီဇင်ဘာ၁၂ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ဒါအပြင် မတ်လမှာတော့ သူမရဲ့ စတုတ္ထမြောက်တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ #voiceofmyanmar#မိစန္ဒီ# ဓာတ်ပုံ – မိစန္ဒီ facebook
Read Moreအင်္ဂလိပ်သီချင်းခွေထုတ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အိမ့်ချစ်
ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ “Slay”Audio CD Albumက အိမ့်ချစ်အနေနဲ့ ဂီတကို ပြောင်းလဲမှုတစ်ခု ဖန်တီးဖြစ်တာပါလို့ဆိုပါတယ်။ အင်္ဂလိပ် သီချင်းခွေလေးထုတ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့”အဓိကတော့ အိမ့်ချစ်ရဲ့ ဘ၀မှတ်တိုင်အဖြစ်နဲ့ ထုတ်ဖြစ်တာပါ၊ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေးလေးကို တစ်ထောင်တစ်နေရာက ကြိုးစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခုရှိချင်တယ်၊ အိမ့်ချစ် ရဲ့ အခွေတွေက မဖြစ်မနေအောင်မြင်ရမယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စဉ်းစားပြီးလုပ်တာ မဟုတ်ပါဘူး၊ အိမ့်ချစ်ရဲ့ အခွေသည် နိုင်ငံတကာအဆင့်မီအောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်တာပါ၊ အိမ့်ချစ် က လည်း ပြည်ပမှာလည်း ကျယ်ပြန့်ပြီးတော့ တစ်ထောင်တစ်နေရာက ကူညီတဲ့သဘောနဲ့ လုပ်ဆောင် ဖြစ်တာပါ၊ တကယ်ကိုနိုင်ငံတစ်ကာအဆင့်အတန်းမှီအောင် ရေးထားပါတယ်”လို့ဆိုပါတယ်။ သူမကတော့ဂီတသက်တမ်း(၁၄)နှစ်ရှိပြီး မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြီးကဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းကျတော့ အိမ့်ချစ်ထက်သတ္တိပိုရှိတဲ့လူငယ်တွေ ထွက်လာကြတယ် ၊အင်္ဂလိပ်လိုတွေရေးထုတ်ကြတယ်သူပေါ်လာတဲ့ အင်အားတစ်ခုဖြစ်လာစေခဲ့ တယ်လို့သိရပါတယ်။ ”ဂီတလောကအတွက်ကို တာဝန်ရှိတဲ့…
Read More၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှု အပြည့်ရှိဦး မယ်လို့ ဆိုတဲ့စိုင်းစိုင်း
ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းကတော့ “၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ် တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှုအပြည့်ရှိဦးမယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ ” ဒီဇာတ်ကားက ကျွန်တော်ဒီကားကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကရိုက်ထားတာပါ၊ အခုပြန်ကြည့်တဲ့အချိန်မှာလည်း မဟောင်းသေးဘူး၊ ကြည့်ရတာလတ်ဆတ်နေ တုန်းပဲရှိသေးတယ်၊ ဘယ်သူ့မှမကြည့်ရသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်ကအပျိုကြီးမမနဲ့တူတယ် ဆိုပြီးတော့ ချစ်စနိုးလေးနဲ့တင်စားထားတာပါ၊ အခုမှရိုက်ထားတဲ့ ကားလိုမျိုး အစမ်းကြီးတော့ ခေတ်မမီ တော့ဘူးပေါ့နော်၊ ဒါပေမယ့် မကြည့်ရသေးတဲ့အခါ ကျတော့အသစ်ပဲ”လို့ ဆိုပါတယ်။ သူ့ကတော့ Franzo , Heart & Soul Flim Production ရဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ နဲ့ “ရည်းစားတစ်ဝမ်းကွဲ”ရုပ်ရှင်ဒီဇာတ်ကားထဲမှာ သူဌေးသားလးချမ်းသာတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ဒီဇင်ဘာ ၂၁ရက်တွင်…
Read Moreဇာတ်ကားတွေ ခိုးကူးပြီးအွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ တော်တော်ကိုတွန့်စေတယ်ဆိုတဲ့ ဇဏ်ခီ
ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ခီမောင်နှံတွေဖြစ်တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဇာတ်ကား တွေ ခိုးကူးပြီးတော့ အွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရင်းနှီးမြှုပ်နှံသူအပိုင်း အတွက် တော်တော်ကိုတွန့်စေတယ်လို့ဆိုပါတယ်။ စင်ကာပူအထိ မြန်မာဇာတ်ကားတွေ လက်ရှိမှာ ထိုးဖောက်နေသလို အားဆီယံထိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့ market ကချဲ့ကိုချဲ့မှရမယ်၊မြန်မာပြည်မှာ ရုံကနည်းသေးတော့ ပြန်ရှာနိုင်မယ့်ပိုက် ဆံအတိုင်းအတာက ပြောရမယ်ဆိုရင် နောက်တစ်ကားထည့်ဖို့အတွက် မထည့်ရဲကြဘူး၊ ဘာလို့လည်း ဆိုတော့ထည့်မယ့် ပိုက်ဆံကရှိသည့်တိုင်အောင် မထည့်ရဲကြဘူး။ ပထမတစ်ချက်။ နောက်တစ် ချက်က အွန်လိုင်းပေါ်မှာ ပြန့်သွားရင်ကို ကျွန်တော်တို့ကပြဿနာရှိတယ်၊ ဥပမာ- ဥပါယ်တံမျဉ်တုန်းကဆိုရင် ပျံ့သွားတယ်၊ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်၊ law အရလည်း ကျွန်တော်တို့ကို ကာကွယ်ပေးတာ မရှိဘူး၊အဖွဲ့အစည်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။ ဇဏ်ခီကတော့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ Now & Ever…
Read Moreဗိုလ်ချုပ်ရုပ်ရှင်ဇာတ်က တခြားဟာတွေနဲ့ မတူတဲ့ဖိအားပေးတာတွေ ရှိတယ်ဆိုတဲ့ ဘုဏ်းသိုက်
ရန်ကုန် ဒီဇင်ဘာ ၁၃ -၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင်ရော ဒါရိုက်တာပါ လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ ” ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက တခြားဟာတွေ မတူညီတဲ့ဖိအားပေးတာတွေရှိတယ်လို့ဆိုပါတယ်။ ” အဓိကတော့ အန်ကယ်လေးရဲ့ လိုအပ်ချက်ကို ၀င်ဖြည့်ပေးတဲ့သဘောပါ၊ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ကျွန်တော်တို့က မုန်းတဲ့ စိတ်နဲ့ မဟုတ်ပဲ ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးပုံဖော်မှာပါ”လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် အတ္ထုပ္ပတ္တိဇာတ်ညွှန်းကိုတော့ အကယ်ဒမီလူမင်း လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့ ကျွန်တော်ရယ် ၊ ကိုအောင်ကြီး နှစ်ယောက်ရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဇာတ်ညွှန်းပိုင်းပတ်သက်ပြီးတော့ ” ဗိုလ်ချုပ်ရုပ်ရှင်အပေါ် ကိုယ့်တာဝန်ယူစိတ်က ကိုယ့်ကိုဖိအားပေးတာပါ၊ ဇာတ်ကားတွေနဲ့စာရင်း ဒီဟာကတစ်နိုင်ငံလုံးက အထွတ်အမြတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်မျိုးစိန်ခေါ်မှု ပိုများတယ်၊ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏက စိတ်ရော၊လူရောများတယ်၊တခြားအလုပ်လုပ်မယ်လို့ တည်ထားတွေအကုန်လုံး နောက်ကိုဆုတ်ပြီး ဒီဇာတ်အတွက် အခန်းတစ်ခန်းထဲမှာ ပိတ်ပြီးတော့ဘယ်မှမသွားပဲ လနဲ့ချီပြီးတော့ အားထုတ်နေပါတယ်”လို့ဆိုပါတယ်။ လက်ရှိ အစိုးရအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို အရှိကို အရှိအတိုင်း…
Read Moreဇာတ်လမ်းကို အဓိက ကြည့်ပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်တယ်ဆိုတဲ့ နန်းဆုဦး
ရန်ကုန် ဒီဇင်ဘာ ၁၂-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂျစ်ကန်ကန် အမူအယာလေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ အဓိကတော့ ဇာတ်လမ်းကို ကြည့်ပြီးပဲ ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။ “ဥပမာ-ဇာတ်လမ်းက တခါတလေမကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်၊ ပရိသတ်အနေနဲ့ ကြည့်လိုက်လို့ ဒီကားကြီးမကောင်းဘူးလို့ မဖြစ်စေချင်ပါဘူး၊ နန်းဆုကားကို ကြည့်လိုက်တဲ့ ပရိသတ်က ဖျော်ဖြေရေးတစ်ခုပဲဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့စေချင်တယ်၊ မင်းသားသစ်တယ် ဟောင်းတယ်မကြည့်ပဲ ဇာတ် လမ်းကိုပဲ ကြည့်ပြီးတော့ နန်းဆု ရိုက်ကူးဖြစ်ပါတယ်၊ နန်းဆုက ဘယ်မင်းသားနဲ့ဆိုမရိုက်ဘူးရယ်လို့ မရှိပါဘူး အဓိက ဇာတ်ကြိုက်ရင် တော့ ရိုက်ဖြစ်ပါတယ် “ သူမက ပြောပါတယ်။ သူမကတော့ ဒီဇင်ဘာ ၁၆ ရက်မှာ Canal + Channel ကထုတ်လွှင့်မယ့် ခရီးသွားကောက်ကြောင်း ဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း ၊…
Read More”ရည်းစားနဲ့ပြတ်လို့ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါဆိုတဲ့ ဝေဠုကျော်”
ရန်ကုန် ဒီဇင်ဘာ ၁၁- ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်ဖြစ်တဲ့ သင်းသင်းနဲ့ချစ်သူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဠုကျော်ကတော့ ” မြန်မာပြည်မှာ သမိုင်းတွင်သွားတာပေါ့၊ နောင်တွင် ဥဒါန်းတွင်ရစ်စေသတည်းပေါ့၊ ရည်းစားပြတ်တာ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါ ”လို့ဆိုပါတယ်။ ” ကျွန်တော်ကတော့ ပြဿနာ မရှိပါဘူး၊လောကကြီးမှာ မမှားတာ မရှိဘူးမှားကြတယ်ပေါ့၊ အိမ်ထောင်သည် တွေတချို့တောင် မှားနေကြသေးတာပဲ၊ကျွန်တော်က အိမ်ထောင်မရှိဘူး၊ လူလွတ်လေ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ် ပတ်သက်မိသွားတယ်၊ ဥပမာ- ရိုးရိုးလေး ပြောရင် ရည်းစားထားမိသွားတယ်၊ ရည်းစားပြတ် သွားတယ်ဗျာ၊ တစ်နိုင်ငံမှာရည်းစားနဲ့ ပြတ်သွားတာ သန်းနဲ့ သောင်းနဲ့ ချီပြီးတော့ရှိတော့ ပြတ်နေတာ၊ ကျွန်တော်ကျ မှတရားစွဲခံရမယ်ဆိုတော့ ၀ဋ်ကြွေးပါလာလို့ပေါ့၊ ကျွန်တော်ကလည်း ဘာမှ မဖြစ်ပါဘူး၊ တရားစွဲမယ်ဆို လည်းခံလိုက်ရုံပေါ့”လို့ဆိုပါတယ်။ ”ကျွန်တော်ကလည်း လူငယ်ကို ရည်းစားကိုခုမှ တစ်ယောက်ဖူးထားဘူးတော့ ခံစားရတာပေါ့၊ ရည်းစားတွေလည်း ပျက်တာတွေလည်း များလာခဲ့ပြီ၊…
Read More