‘အချစ်​ဆိုတာဘာမှန်း​တောင်​ မသိ​တော့ဘူးဆိုတဲ့ မိစန္ဒီ”

ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈

သင်းသဒ္ဒါ(VOM)

ဝဝကစ်ကစ်လေးချစ်စရာကောင်းတဲ့ အဆိုတော် မိစန္ဒီကတော့  “ရင့်​ကျက်​လာတဲ့ အတွက် အချစ်​သီချင်းတွေလည်းဆိုတာနည်းတယ်​၊  ချစ်​လဲမချစ်ချင်​​တော့ဘူး၊ အချစ်​ဆိုတာဘာမှန်း​တောင်​မသိ​တော့ဘူး၊စိတ်​ညစ်​တယ်​”လို့ဆိုလာပါတယ်။

ဂီတအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးတော့”အ​ကြောင်းအရာကအစ ​ပြောင်းသွားတယ်​၊စကားလုံးကအစ​ပြောင်းသွားတယ်​၊အရင်​ကသီချင်း​တွေဆို က​လေးဆန်​လိုက်​တာလို့​တွေးတာ​တွေရှိတယ်​၊ပြီး​တော့ကြိုက်​တဲ့ music ပုံစံလည်း​ပြောင်းသွားတာ​ပေါ့​နော်​၊ပြီး​တော့ပိုပြီးလည်း ဂျီးများလာတယ်​”လို့ဆိုပါတယ်။

အဆိုတော် မိစန္ဒီနဲ့သူငယ်ချင်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်​ဖွင့်ပွဲကိုတော့  ဒီဇင်ဘာ၁၂ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမှာ ဖွင့်​လှစ်​ခဲ့ပါတယ်​။ဒါအပြင် မတ်လမှာတော့ သူမရဲ့ စတုတ္ထ​မြောက်​တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

#voiceofmyanmar#မိစန္ဒီ#

ဓာတ်ပုံ – မိစန္ဒီ facebook

Related posts

Leave a Comment

VOM News

FREE
VIEW