မီး​လောင်​မှု​ကြောင့်​ သိန်း​ပေါင်းတစ်​​ထောင့်​ခုနှစ်​ရာ​ကျော်​ဆုံးရှုံး အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​(၃)ဦး ဒဏ်​ရာရ

မန္တ​လေး၊ ဒီဇင်​ဘာ ၁၄-၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ ယ​နေ့နံနက်​ ၂နာရီ​ကျော်​က ချမ်း​အေးသာစြံမို့နယ်​၊ ပြည်​ကြီး​ပျော်​ဘွယ်​အ​နောက်​ရပ်​ကွက်​၊ အကွက်​အမှတ်​ ၂၈၇ ၊ တိမ်​ပြာတန်းရပ်​ က လျှပ်​စစ်​ပစ္စည်း​တွေသို​လှောင်​တဲ့ ဂို​ဒေါင်​အတွင်းမှာ သွယ်​တန်းထားတဲ့ လျှုပ်​စစ်​ပလပ်​ခုံအပူလွန်​ကဲပြီး အနီးရှိခြင်​​ဆေး​ခွေ ဂျပ်​ဖာများ​ပေါ်ကို မီးပွားလွင့်​စင်​ရာမှ မီး​လောင်​ကျွမ်းခဲ့ရခြင်း ဖြစ်​တယ်​လို့ မန္တ​လေးခရိုင်​မီးသတ်​ဦးစီးဌာန က သိရပါတယ်​။ မီး​လောင်​မှု​ကြောင့်​ လျှပ်စစ်​ပစ္စည်း​တွေသို​လှောင်​ထားတဲ့ ဂို​ဒေါင်​တစ်​လုံး နဲ့ ပရ​ဆေး ၊ ဓာ​တ်​​မြေသြဇာအိတ်​ နဲ့ ​ရေချိုးခန်းသုံးပစ္စည်း​တွေ သို​လှောင်​ထားတဲ့ ဂို​ဒေါင်​တစ်​လြံး မီး​လောင်းဆုံးရှုံးခဲ့ပြီး တန်​ဖိုး​ငွေကျပ်​ သိန်းတစ်​​ထောင့်​ခုနှစ်​ရာငါးသိန်း​ခြောက်​​သောင်းနှစ်​​ထောင်​ ဆုံးရှုံးခဲ့ပြီး အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ သုံးဦး ဒဏ်​ရာရ(မစိုးရိမ်​ရ) ခဲ့ပါတယ်​။ မီး​လောင်​မှု​ကြောင့်​ ဂို​ဒေါင်​တာဝန်​ခံ အား နယ်​​မြေခံအမှတ်​(၆)ရဲစခန်းက ( ပ-၆၈၄\၂၀၁၈ ) ပုဒ်​မ ၂၈၅ ( မီးနှင့်​သို့တည်းမဟုတ်​ မီး​လောင်​လွယ်​​သောအရာဝတ္ထု နှင့်​ စပ်​လျဉ်း၍ ​ပေါ့ဆခြင်း)ဖြင့်​…

Read More

နုပျိုနေတဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောလာတဲ့ ခိုင်သင်းကြည်

ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) သမီးဖြစ်သူနဲ့ အပြိုင်လှနေတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ နုပျိုနေတဲ့လျှို့ဝှက်ချက်ကို  ဖွင့်ပြောလာပါတယ်။ ခုချိန်ထိနုပျိုနေတဲ့ လျှို့ဝှက်ချင်ကရော “မခိုင်လေးက အဓိကဘ၀မှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတဲ့အတွက်ပဲထင်ပါတယ်၊ဘာဆေးမှလည်း မစားဘူး၊ဘာဆေးမှလည်း မထိုးပါဘူး၊ဘာမှလည်း မသောက်ပါဘူး၊အသားဖြူဆေးတို့၊ ဘာနုဆေးတို့ပေါ့၊ ဘာလို့လဲဆိုတော့ ကြောက်လို့လေ၊ကိုယ့်က အသက်အရွယ်လည်း ကြီးလာပြီးလေ၊ဆေးတွေက အိုဗာများသွားရင်ရောဂါဖြစ်မှာကြောက်တယ်၊ လူတစ်ယောက်က ကျန်းမာရေး ကအဓိကပဲလေ၊ ကင်ဆာရောဂါတွေလည်း ကြောက်တယ်၊ခန္ဓာကိုယ်မှာ မလိုအပ်တာတွေ ထည့်ရမှာလည်း ကြောက်တယ်၊ အဓိကပျော်ပျော်နေတတ်အရာလေးပါ”လို့ဆိုပါတယ်။ လက်ရှိမှာတော့ စိန်ဂေါ်လီမ ယောက်ျားဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးနဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဆုအိမ့်စံ၊ သူရိယ စတဲ့အနုပညာအတူ ဟာသပုံစံလေး ရိုက်ကူးနေထားတယ်လို့ သိရပါတယ်။   ဒီ”စိန်ဂေါ်လီမ ယောက်ျား” ရုပ်ရှင်မှာတော့ ရိုးသားတဲ့ တောသူ၊ မိန်းမ နောက်ပိုးပုံစံနဲ့ ပါဝင် သရုပ်ဆောင်ဖို့ ရှိပါတယ်။…

Read More

ရုရှားအပေါ် အီးယူရဲ့ အရေးယူပိတ်ဆို့မှု ထပ်မံသက်တမ်းတိုး

ဘရပ်ဆယ်၊ ဒီဇင်ဘာ ၁၄-၂၀၁၈ မျိုးဆက် (VOM) ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ ( အီးယူ) က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ် ခြောက်လသက်တမ်းတိုးသွားမယ်လို့  ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်က ဒီဇင်ဘာ ၁၃ ရက်မှာ ၎င်းရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် ကြေညာပါတယ်။ ဒီလို အရေးယူပိတ်ဆို့မှု ထပ်မံသက်တမ်းတိုးခြင်းအတွက် ဘရပ်ဆယ်မှာ ပြုလုပ်တဲ့ အီးယူဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံများအားလုံးက တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ ယူကရိန်းနဲ့ ယူကရိန်းအရှေ့ပိုင်းရှိ သမ္မတနိုင်ငံအဖြစ်တစ်ဖက်သတ်ကြေညာထားတဲ့ ဒေသတို့အကြား  သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ  တိုးတက်မှုလုံးဝမရှိတာကြောင့် အရေးယူပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့  ဒေါ်နယ်တပ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက တိုက်ခိုက်သိမ်းယူလိုက်တာနဲ့  ယူကရိန်းမှာဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေမှာ  ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၁၄ ခုနှစ်က  ရုရှားနိုင်ငံအပေါ် အီးယူက ပထမဆုံးအကြိမ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ အရေးယူပိတ်ဆို့မှုချမှတ်ရာမှာ ရုရှားရဲ့  စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဘဏ္ဍာရေး၊…

Read More

ဒေါက်တာအေးမောင်တို့အမှုမှာ စာရေးဆရာဝေဟင်အောင်ဘက်က အမှုခြေဖျက်ဖို့ လျှောက်လဲချက်ပေး

စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈ ခိုင်လင်းစံ (VOM) နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုနဲ့တရားစွဲဆိုခံခဲ့ရပြီး ၁၁ လအကြာ အမှုရင်ဆိုင်နေခဲ့ရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုမှာ စွဲဆိုထားတဲ့ပုဒ်မတွေကို ခြေဖျက်ပေးဖို့ စာရေးဆရာဝေဟင်အောင်ဘက်က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ ကွဲလွဲမှုတွေရှိနေ ပြီး သက်သေခံပစ္စည်းတွေအဖြစ် တင်သွင်းထားတာတွေဟာလည်း အစစ်အမှန်မဟုတ်တဲ့အတွက် အကြောင်းခြင်းရာနဲ့ ဥပဒေပိုင်းမှာ ကိုက်ညီမှုမရှိတဲ့အတွက် ကျန်ရှိနေတဲ့ပုဒ်မနှစ်ခုစလုံးကို ပါယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ “တစ်နေ့တည်းတစ်ချိန်တည်းမှာ လူတစ်ယောက်တည်းက ဟောပြောခဲ့တဲ့ အကြောင်းခြင်းရာတစ်ခုတည်းကို ပုဒ်မသုံးခုနဲ့တရားစွဲဆိုခဲ့တယ်၊ တစ်မှုကတော့ စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့တယ်၊ နှစ်မှုကျန်နေတယ်၊ အဲဒီဟာကိုနှစ်က နိုင်ငံသားတစ်ဦးရဲ့ ခံစားပိုင်ခွင့်တွေဆုံးရှုံးနေတာဖြစ်တယ်၊ ဥပဒေအရမှားယွင်းမှုဖြစ်တယ်၊ တရားစီရင်ရေးတိမ်းစောင်း နေတယ်။ ဒါကြောင့် အမှုကို ပါယ်ဖျက်ပေးဖို့အတွက် လျှောက်လဲချက်ပေးခဲ့တာပါ ”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ ရှေ့နေ…

Read More

‘အချစ်​ဆိုတာဘာမှန်း​တောင်​ မသိ​တော့ဘူးဆိုတဲ့ မိစန္ဒီ”

ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) ဝဝကစ်ကစ်လေးချစ်စရာကောင်းတဲ့ အဆိုတော် မိစန္ဒီကတော့  “ရင့်​ကျက်​လာတဲ့ အတွက် အချစ်​သီချင်းတွေလည်းဆိုတာနည်းတယ်​၊  ချစ်​လဲမချစ်ချင်​​တော့ဘူး၊ အချစ်​ဆိုတာဘာမှန်း​တောင်​မသိ​တော့ဘူး၊စိတ်​ညစ်​တယ်​”လို့ဆိုလာပါတယ်။ ဂီတအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးတော့”အ​ကြောင်းအရာကအစ ​ပြောင်းသွားတယ်​၊စကားလုံးကအစ​ပြောင်းသွားတယ်​၊အရင်​ကသီချင်း​တွေဆို က​လေးဆန်​လိုက်​တာလို့​တွေးတာ​တွေရှိတယ်​၊ပြီး​တော့ကြိုက်​တဲ့ music ပုံစံလည်း​ပြောင်းသွားတာ​ပေါ့​နော်​၊ပြီး​တော့ပိုပြီးလည်း ဂျီးများလာတယ်​”လို့ဆိုပါတယ်။ အဆိုတော် မိစန္ဒီနဲ့သူငယ်ချင်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်​ဖွင့်ပွဲကိုတော့  ဒီဇင်ဘာ၁၂ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမှာ ဖွင့်​လှစ်​ခဲ့ပါတယ်​။ဒါအပြင် မတ်လမှာတော့ သူမရဲ့ စတုတ္ထ​မြောက်​တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ #voiceofmyanmar#မိစန္ဒီ# ဓာတ်ပုံ – မိစန္ဒီ facebook

Read More

ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်သူများပြားလာ

စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈ ခိုင်လင်စံ(VOM) ရခိုင်ပြည်နယ်အတွင်း ရိုးရာရက္ကန်းလုပ်ငန်းတွေ တိမ်ကောနေခဲ့ပြီး အခုနှစ်တွေမှာ ရိုးရာအထည်တွေကို အသုံးပြုမှုများပြားလာခဲ့တဲ့အတွက် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းလုပ်ကိုင်သူတွေည်း များပြားလာနေတာဖြစ်ပါတယ်။ ရိုးရာအထည်တွေဟာ ဈေးကွက်အတွင်း တွင်ကျယ်လာသလို ရပ်နားထားခဲ့ရတဲ့ ရက္ကန်းလုပ်ငန်းတွေလည်း ပြန်လည်လည်ပတ်မှုရှိလာတာကြောင့် ဒေသတွင်းက အမျိုးသမီးငယ်တွေအတွက် ပုံမှန်ဝင်ငွေတွေရရှိကြပြီး တွက်ခြေကိုက်နေကြတာဖြစ်ပါတယ်။ “ကျွန်မက ၁၆ နှစ်အရွယ်ကနေ ဒီရက္ကန်းခတ်တာပါ၊အခုဆိုရင် တစ်ရက်ကို လုံချည် တစ်ထည်နှုန်းပြီးနိုင်ပါပြီ၊ တစ်လကို ၂ သိန်း၊ ၃ သိန်းအဲလိုရတာပေါ့၊ ဒီရွာမှာက ရက္ကန်းခတ်သူတွေအများကြီးပါ၊ တစ်အိမ်ကို ရက္ကန်းစင်နှစ်စင်သုံးစီ အဲလိုရှိကြတယ်”လို့ ကံ့ကော်ကျွန်းကျေးရွာက မစိုးစိုးစံက ပြောပါတယ်။ ရက္ကန်းခတ်သူတွေအနေနဲ့ လုပ်ငန်းရှင်တွေဆီက ပေးတဲ့ချည်တွေနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေအဖြစ် ရက်လုပ်ကြတာ ဖြစ်ပြီးတော့ လုံချည်တစ်ထည်ကို ရက်လုပ်ခအဖြစ် ကျပ် ၅၀၀၀ ကနေ ၁၅၀၀၀ အထိရရှိကြတာဖြစ်ပါတယ်။ “အခုလိုမျိုး ကိုယ့်အိမ်မှာနေပြီးတော့ ရက္ကန်းခတ်နေလို့ ဝင်ငွေတွေရနေတယ်ဆိုတော့ ပိုကောင်းတာပေါ့နော်၊…

Read More
VOM News

FREE
VIEW