မီး​လောင်​မှု​ကြောင့်​ သိန်း​ပေါင်းတစ်​​ထောင့်​ခုနှစ်​ရာ​ကျော်​ဆုံးရှုံး အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​(၃)ဦး ဒဏ်​ရာရ

မန္တ​လေး၊ ဒီဇင်​ဘာ ၁၄-၂၀၁၈

ဟိန်းကို(VOM)

မန္တ​လေးမြို့မှာ ယ​နေ့နံနက်​ ၂နာရီ​ကျော်​က ချမ်း​အေးသာစြံမို့နယ်​၊ ပြည်​ကြီး​ပျော်​ဘွယ်​အ​နောက်​ရပ်​ကွက်​၊ အကွက်​အမှတ်​ ၂၈၇ ၊ တိမ်​ပြာတန်းရပ်​ က လျှပ်​စစ်​ပစ္စည်း​တွေသို​လှောင်​တဲ့ ဂို​ဒေါင်​အတွင်းမှာ သွယ်​တန်းထားတဲ့ လျှုပ်​စစ်​ပလပ်​ခုံအပူလွန်​ကဲပြီး အနီးရှိခြင်​​ဆေး​ခွေ ဂျပ်​ဖာများ​ပေါ်ကို မီးပွားလွင့်​စင်​ရာမှ မီး​လောင်​ကျွမ်းခဲ့ရခြင်း ဖြစ်​တယ်​လို့ မန္တ​လေးခရိုင်​မီးသတ်​ဦးစီးဌာန က သိရပါတယ်​။

မီး​လောင်​မှု​ကြောင့်​ လျှပ်စစ်​ပစ္စည်း​တွေသို​လှောင်​ထားတဲ့ ဂို​ဒေါင်​တစ်​လုံး နဲ့ ပရ​ဆေး ၊ ဓာ​တ်​​မြေသြဇာအိတ်​ နဲ့ ​ရေချိုးခန်းသုံးပစ္စည်း​တွေ သို​လှောင်​ထားတဲ့ ဂို​ဒေါင်​တစ်​လြံး မီး​လောင်းဆုံးရှုံးခဲ့ပြီး တန်​ဖိုး​ငွေကျပ်​ သိန်းတစ်​​ထောင့်​ခုနှစ်​ရာငါးသိန်း​ခြောက်​​သောင်းနှစ်​​ထောင်​ ဆုံးရှုံးခဲ့ပြီး အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ သုံးဦး ဒဏ်​ရာရ(မစိုးရိမ်​ရ) ခဲ့ပါတယ်​။

မီး​လောင်​မှု​ကြောင့်​ ဂို​ဒေါင်​တာဝန်​ခံ အား နယ်​​မြေခံအမှတ်​(၆)ရဲစခန်းက ( ပ-၆၈၄\၂၀၁၈ ) ပုဒ်​မ ၂၈၅ ( မီးနှင့်​သို့တည်းမဟုတ်​ မီး​လောင်​လွယ်​​သောအရာဝတ္ထု နှင့်​ စပ်​လျဉ်း၍ ​ပေါ့ဆခြင်း)ဖြင့်​ အမှုဖွင့်​အ​ရေးယူပါတယ်​။

#voiceofmyanmar#မန္တ​လေး#မီး​လောင်​ဆုံးရှုံးမှု#

 

Related posts

Leave a Comment

VOM News

FREE
VIEW