နုပျိုနေတဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောလာတဲ့ ခိုင်သင်းကြည်

ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈

သင်းသဒ္ဒါ(VOM)

သမီးဖြစ်သူနဲ့ အပြိုင်လှနေတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ နုပျိုနေတဲ့လျှို့ဝှက်ချက်ကို  ဖွင့်ပြောလာပါတယ်။

ခုချိန်ထိနုပျိုနေတဲ့ လျှို့ဝှက်ချင်ကရော “မခိုင်လေးက အဓိကဘ၀မှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတဲ့အတွက်ပဲထင်ပါတယ်၊ဘာဆေးမှလည်း မစားဘူး၊ဘာဆေးမှလည်း မထိုးပါဘူး၊ဘာမှလည်း မသောက်ပါဘူး၊အသားဖြူဆေးတို့၊ ဘာနုဆေးတို့ပေါ့၊ ဘာလို့လဲဆိုတော့ ကြောက်လို့လေ၊ကိုယ့်က အသက်အရွယ်လည်း ကြီးလာပြီးလေ၊ဆေးတွေက အိုဗာများသွားရင်ရောဂါဖြစ်မှာကြောက်တယ်၊ လူတစ်ယောက်က ကျန်းမာရေး ကအဓိကပဲလေ၊ ကင်ဆာရောဂါတွေလည်း ကြောက်တယ်၊ခန္ဓာကိုယ်မှာ မလိုအပ်တာတွေ ထည့်ရမှာလည်း ကြောက်တယ်၊ အဓိကပျော်ပျော်နေတတ်အရာလေးပါ”လို့ဆိုပါတယ်။

လက်ရှိမှာတော့ စိန်ဂေါ်လီမ ယောက်ျားဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးနဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဆုအိမ့်စံ၊ သူရိယ စတဲ့အနုပညာအတူ ဟာသပုံစံလေး ရိုက်ကူးနေထားတယ်လို့ သိရပါတယ်။   ဒီ”စိန်ဂေါ်လီမ ယောက်ျား” ရုပ်ရှင်မှာတော့ ရိုးသားတဲ့ တောသူ၊ မိန်းမ နောက်ပိုးပုံစံနဲ့ ပါဝင် သရုပ်ဆောင်ဖို့ ရှိပါတယ်။ လင်တရူးတဲ့ ဇာတ်ရုပ်မျိုး မဟုတ်ပါဘူး” လို့သိရပါတယ်။

”ပရိသတ်တွေကလည်း ကိုယ့်ကို ပျော်အောင်ထားပြီးတော့ ချစ်ကြတယ်၊နောက် ကိုယ့်နဲ့အလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ပျော်အောင်ထားပါတယ်၊အိမ်က ကိုယ့်ယောက်ျားကလည်း ပျော်အောင်ထားတယ်၊သမီးလေးနဲ့ မိသားစုကလည်း ပျော်အောင်ထားလို့ စိတ်ပျို ကိုယ့်နုဖြစ်နေတာပါ”လို့ဆိုပါတယ်။

#voiceofmyanmar#သရုပ်ဆောင်ခိုင်သင်းကြည်#

ဓါတ်ပုံ-ခိုင်သင်းကြည်ဖေ့စ်ဘွတ်ခ်

Related posts

Leave a Comment

VOM News

FREE
VIEW