ပျားရည်အိုင် ဇာတ်ကားမှာ ကုတင်ပေါ်က ဇာတ်ဝင်ခန်းတွနဲ့ ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ မေမီကိုကို

ရန်ကုန် ဒီဇင်ဘာ -၂၉
သင်းသဒ္ဒါ(VOM)

ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ အများစုက ကုတင်ပေါ်က ဆင်းန်ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သရုပ်ဆောင် မေမီကိုကိုက ဖြေရှင်းပြောဆိုလိုက်ပါတယ်။

တကယ့်ကို ပညာပေးကားလေးပါ။ တချို့ဒါပညာပေးဇာတ်လမ်းတွဲ မဟုတ်ဘူး။ကုတင်ဆင်းန်းတွေပါဆို ပြီး ကောမန့်တွေမန့်ကြတယ်။ ကုတင်ဆင်းန်းတွေလို့ မမြင်စေချင်ပါဘူး။ ဒီဇာတ်လမ်းတွဲကို မိသားစုနဲ့ အတူတူ ကြည့်ကြမယ်။မောင်နှမတွေ အတူတူ ကြည့်ကြမယ်ဆိုရင် ကိုယ့် သမီး ကိုယ့်နှမလေးတွေကို မြိုင့်လို မဖြစ်စေနဲ့ မြညို ဘယ်လိုခံစားနေရလဲ ဆိုတာအသိပေးလို့ ရပါတယ်။ မေမီကိုယ်တိုင်လည်း အပြင်မှာ မြိုင့် လို မဖြစ်အောင်အမြဲ နေထိုင်ပါတယ်။

တကယ်ဆို မေမီလည်း မြိုင့်ကို မကြိုက်ပါဘူး။ မြိုင် ထက်မြက်တာ၊ စိတ်ထားကောင်းတာတွေကို သဘောကျ အားကျပေမဲ့ ယောက်ကျားတွေနဲ့ ပတ်သက်ရင် သူ့ရဲ့စိတ်ဓာတ်ကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့် မယ်ဆိုရင် ဒါဟာသူ့ရဲ့ကံ ပဲ။ ဒီလိုကံမျိုး သူ့မှာ ပါလာနေတာ လေ။မိဘတွေရဲ့ ဆိုဆုံးမမှု မခံရဘဲ ငယ်ငယ်ကတည်းက အလိုလိုက်ခံ ထားရတော့ စိတ်မထားတတ်တာတွေလည်း ပါတာပေါ့နော်။တရားသဘော နဲ့ ကြည့်မယ်ဆိုရင် အရမ်းသနားဖို့ ကောင်းတဲ့ မိန်းမတစ်ယောက်လို့ ပြောလို့ ရပါတယ်။ မြညိုဆိုရင်လည်း အရမ်း သနားစရာကောင်းတာတွေ လာဦးမှာ။ မြိုင့်ကိုလည်း အရမ်းကို မုန်းစရာကောင်းတဲ့ အနေအထား နဲ့ တွေ့ရဦးမှာ။ မြိုင့် ကို မလွဲမသွေ မုန်းကြဦးမှာပါ။ နောက်ပိုင်း မြိုင်တို့ အသက်တွေကြီးလာမယ့် အခန်းတွေမှာဆို နောက်ထပ် talentတွေ ပါလာ ဦးမှာပါ။ ဒါကြောင့် မြိုင့်ကို မုန်းတယ် ဆိုရင်တောင် တခြား သရုပ်ဆောင် တွေ ကြိုးစားထားကြတာတွေကို အားပေးပြီး ကြည့်စေချင်ပါတယ်”လို့ဆိုပါတယ်။

သူမကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ ‘The Sign Of Love ‘နဲ့ ‘ပန်းနုသွေး’ မှာလည်း အန်တီခင်သန်း ကြွယ်ရဲ့ငယ်ဘဝမှာပါတယ်။ပရိသတ် သတိထားမိသူ ရှိသလို မသိသေးတဲ့ သူတွေလည်း ရှိပါတယ်။ နောက်ပိုင်း’ မေတ္တာသဲမွှာ’ ‘ကံ ကံ ၏ အကျိုး’ ‘ကိုလူပျို ‘ ‘မာန်’ တော်တော် များများဇာတ်လမ်းတွဲတွေ ရိုက်ထားပါတယ်။

” ဒီဇာတ်လမ်းမှာ မြိုင်က အဓိက ဇာတ်ဆောင်ဆိုပေမဲ့ မြညိုကို သနားစရာ ဖြစ်အောင်ပို့ပေးရတာပေါ့။ သူပေးချင်တဲ့မက်ဆေ့ခ်ျကိုက မြိုင့်လို မဖြစ်ဖို့ဘဲ။ဒီကားအတွက် ပြောချင်တာက ရှေ့မှာ တချို့ ရှိပါတယ်။ ဒီကားက ပြီးတောင် မပြီးသေးဘူး။ ဒါကို ပညာပေးကားမဟုတ်ပါဘူး ဆိုပြီး သူတို့ထင်ကြေးနဲ့ ဝေဖန်နေကြ တာတွေ ရှိပါတယ်။ တကယ်တော့ ယူတတ်ရင်ပညာပါ။ ဒီကားလေးကို ဆုံးအောင် ကြည့်စေချင်ပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#​မေမီကိုကို#
ဓာတ်ပုံ- မေမီကိုကို facebook

Related posts

Leave a Comment

VOM News

FREE
VIEW